အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး

Unicode

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး ပထမအဆင့်သဘောတူညီချက်ကို ဝါရှင်တန်မှာ ဒေါ်နယ်ထရန့်နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် လျှူဟီတို့ နှစ်ဘက်လက်မှတ်ရေးထိုးလိုက်ပါတယ်။

သဘောတူညီချက်အရ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြားပစ္စည်းတွေကို ယခုနှစ်နဲ့ လာမယ့်နှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံအထိတိုးမြင့်ဝယ်ယူရမှာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးချတာတွေမလုပ်ဖို့ ပါဝင်လာပါတယ်။

အမေရိကန်အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ ဒေါ်လာ ၁၂၀ တန်ဖိုးရှိတရုတ်သွင်းကုန်တွေအပေါ် ထပ်ဆောင်းအခွန်ကောက်ခံတာကို တစ်ဝက်လျှော့ချပေးရမှာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ တရုတ်နိုင်ငံနဲ့ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားတွေနဲ့ လယ်သမားတွေအတွက် စီးပွားရေးတရားမျှတမှု ရရှိစေမယ့်နည်းလမ်းဖြစ်တယ်လို့ သူကဆိုပါတယ်။

နှစ်နိုင်ငံအကြား ကွဲပြားခြားနာမှုများကို ကျယ်ပြန့်တဲ့ရှုထောင့်ကနေ ဖြေရှင်းသင့်ပြီး ပထမအဆင့်သဘောတူညီချက်ဟာ တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာကြီးကောင်းကျိုးအတွက်ဖြစ်ကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် လျှူဟီကပြောပါတယ်။

Ref : NHK
Photo: Getty Images

#voiceofmyanmar #VOM #အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ

Zawgyi

အေမရိကန္-တရုတ္ ကုန္သြယ္ေရးစစ္ပြဲ ပထမအဆင္႔သေဘာတူညီခ်က္ လက္မွတ္ထိုး

၀ါရွင္တန္၊ ဇန္န၀ါရီ-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔တရုတ္နုိင္ငံတို႔အၾကား ကုန္သြယ္ေရးစစ္ပြဲနဲ႔ပတ္သက္ျပီး ပထမအဆင္႔သေဘာတူညီခ်က္ကို ၀ါရွင္တန္မွာ ေဒၚနယ္ထရန္႔နဲ႔ တရုတ္ဒုတိယ၀န္ၾကီးခ်ဳပ္ လွ်ဴဟီတို႔ နွစ္ဘက္လက္မွတ္ေရးထိုးလိုက္ပါတယ္။

သေဘာတူညီခ်က္အရ အေမရိကန္ရဲ႕ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြနဲ႔ အျခားပစၥည္းေတြကို ယခုနွစ္နဲ႔ လာမယ္႔နွစ္မွာ ေဒၚလာ ၂၀၀ ဘီလီယံအထိတိုးျမင္႔၀ယ္ယူရမွာျဖစ္ပါတယ္။

ဒါ႔အျပင္ တရုတ္နုိင္ငံအေနနဲ႔ ဥာဏဆိုင္ရာ မူပိုင္ခြင္႔ျပသနာေတြကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ ေငြေၾကးလဲလွယ္မႈနႈန္းကို အသံုးခ်တာေတြမလုပ္ဖို႔ ပါ၀င္လာပါတယ္။

အေမရိကန္အေနနဲ႔လည္း ျပီးခဲ႔တဲ႔နွစ္စက္တင္ဘာမွာ ေဒၚလာ ၁၂၀ တန္ဖိုးရိွတရုတ္သြင္းကုန္ေတြအေပၚ ထပ္ေဆာင္းအခြန္ေကာက္ခံတာကို တစ္၀က္ေလွ်ာ႔ခ်ေပးရမွာျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္ဟာ တရုတ္နုိင္ငံနဲ႔ ဘယ္တုန္းကမွမလုပ္ခဲ႔ဖူးတဲ႔ ၾကီးမားတဲ႔ေျခလွမ္းတစ္ရပ္ျဖစ္တယ္လို႔ ေဒၚနယ္ထရန္႔ကေျပာပါတယ္။ ဒါဟာ အေမရိကန္အလုပ္သမားေတြနဲ႔ လယ္သမားေတြအတြက္ စီးပြားေရးတရားမွ်တမႈ ရရိွေစမယ္႔နည္းလမ္းျဖစ္တယ္လို႔ သူကဆိုပါတယ္။

နွစ္နုိင္ငံအၾကား ကြဲျပားျခားနာမႈမ်ားကို က်ယ္ျပန္႔တဲ႔ရႈေထာင္႔ကေန ေျဖရွင္းသင္႔ျပီး ပထမအဆင္႔သေဘာတူညီခ်က္ဟာ တရုတ္၊ အေမရိကန္နဲ႔ ကမၻာၾကီးေကာင္းက်ိဳးအတြက္ျဖစ္ေၾကာင္း တရုတ္ဒုတိယ၀န္ၾကီးခ်ဳပ္ လွ်ဴဟီကေျပာပါတယ္။

Ref : NHK
Photo: Getty Images

#voiceofmyanmar #VOM #အေမရိကန္-တရုုတ္ကုုန္သြယ္ေရးစစ္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW