သိမ်ကြီးဈေး ဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုတော့မယ်

သိမ်ကြီးဈေး ဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုတော့မယ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ -၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန် မြို့လယ်က သိမ်ကြီးဈေး ဈေးဆိုင်ခန်းငှါးရမ်းခ တိုးမြှင့်ကောက်ခံပြီး ခေတ်နဲ့ညီတဲ့စီးပွားလုပ်ငန်းတွေသာ ခွင့်ပြုသွားတော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုလိုက်ပါတယ်။

ကနဦးအနေနဲ့ သိမ်ကြီးဈေး (ဃ) ရုံကို ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး Market Operator စနစ် အဆင့်မြှင့်တင်မှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်မှုနဲ့အတူ ဆိုင်ခန်း ငှားရမ်းခတွေကို တိုးမြင့်ကောက်ခံမှာဖြစ်ပြီး နူန်းထားအတိကျကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

လက်ရှိသိမ်ကြီးဈေး (ဃ) ရုံမှာတော့ လူသုံးကုန်ပစ္စည်းတွေအပြင် စားသောက်ဆိုင်၊ KTV တွေ ၊ ရုပ်ရှင်ရုံတွေလည်း ဖွင့်လှစ်ထားပါတယ်။

“မြို့နယ်တစ်မြို့နယ်က ဆောင်ရွက်မယ့်စာရင်းမှာ သိမ်ကြီးဈေး (ဃ)ရုံ ပမာဏရွေးချယ်ထားတယ်၊ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သူက ခေတ်မီဈေးအဖြစ် အဆင့်မြင့် တင်မှာဖြစ်တယ် ဈေးနဲ့လျော်ညီတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မယ်၊ ခေတ်နှင့်လျော်ညီတဲ့ ဆိုင်ခန်း ငှားရမ်းခတိုးမြင့်ကောက်ခံခြင်း ဆောင်ရွက်မှာဖြစ်တယ်”လို့ မြို့တော်ဝန်က ဆိုပါတယ်။

လက်ရှိ သိမ်ကြီးဈေး (ဃ )ရုံရဲ့ဆိုင်ခန်းဈေးနူန်းက ၆ ပေပတ်လည် အခန်းကို ငှါးရမ်းခက ၁ သိန်းအထက်ရှိတယ်လို့ ဈေးဆိုင်ငှါးရမ်းသူတွေဆီက သိရပါတယ်။ ဈေးကြီးဟာသက်တမ်းကြာမြင့်နေတာကြောင့် သန့်ရှင်းမှု အပိုင်းသာမက ဆိုင်ခန်းကြံ့ခိုင်မှု သန့်စင်ခန်း စသဖြင့် အားလုံးက ပြုပြင်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။

” ဈေးကပြုပြင်ဖို့လိုနေပြီ၊ ပြင်ဆင်ပြီးလို့ အခန်းကတိုးကောက်ရင် သင့်တင့်မျှတရင်ကောင်းပါတယ်။ ခုကတော့ ဈေးဝယ်သူလည်း အဆင်မပြေ၊ရောင်းသူတွေလဲအဆင်မပြေပါဘူး၊ ဈေးကရောင်းမကောင်း အခန်းငှါးခ မီတာခ တက်တယ်။ ဒါကြောင့် နောက်နှစ်တော့ ဆိုင်ခန်းငှါးဖို့မသေချာဘူး။ ဈေးကဟောင်းနေတော့ တော်တော်အဆင်မပြေပါဘူး”လို့ သိမ်ကြီးဈေး ဃရုံမှာ တက်တူးနှင့် တခြားအသုံးအဆောင်ပစ္စည်းတွေရောင်းချနေတဲ့ ငွေလမင်း tattoo & supply ဆိုင်ပိုင်ရှင် မစံက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်ရှိတဲ့ ဈေးတွေကို ခေတ်မီအဆင့်မြင့်ဈေးအဖြစ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး Market Operator စနစ်လုပ်ဆောင်ဖို့စီစဉ်နေပါတယ်။

ဈေးတွေအဆင့်မြှင်တင်တဲ့အခါ ဈေးမှာရောင်းချတဲ့ ဆိုင်ခန်းငှါးရမ်းသူတွေ ရဲ့အသံကိုနားထောင်ဖို့လိုအပ်တဲ့အပြင် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ညှိနိူင်းလုပ်ဖို့လို့ဆိုကြပါတယ်။

သိမ်ကြီးဈေးမှာ (က) အေရုံ၊ (ခ)ဘီရုံ၊ (ဂ)စီရုံနှင့် (ဃ)ဒီရုံ ဈေးရုံ လေးရုံရှိပြီး မြန်မာနိုင်ငံမှာ အကြီးဆုံးဈေးကြီး ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သိမ်ကြီးဈေး

သိမ္ႀကီးေစ်း ဆိုင္ခန္းငွါးရမ္းခ တိုးျမႇင့္ေကာက္ခံၿပီး ေခတ္နဲ႔ညီတဲ႔စီးပြားလုပ္ငန္းေတြသာ ခြင္႔ျပဳေတာ့မယ္

ရန္ကုန္ ၊ ဇန္နဝါရီ ၁၆ -၂၀၂၀
သိဂႌ (VOM)

ရန္ကုုန္ ၿမိဳ႕လယ္က သိမ္ႀကီးေစ်း ေစ်းဆိုင္ခန္းငွါးရမ္းခ တိုးျမႇင့္ေကာက္ခံၿပီး ေခတ္နဲ႔ညီတဲ႔စီးပြားလုပ္ငန္းေတြသာ ခြင္႔ျပဳသြားေတာ႔မွာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာဆိုလိုက္ပါတယ္။

ကနဦးအေနနဲ႔ သိမ္ႀကီးေစ်း (ဃ) ႐ုံကို ပုဂၢလိကနဲ႔ပူးေပါင္းၿပီး Market Operator စနစ္ အဆင့္ျမႇင့္တင္မွာျဖစ္ပါတယ္။ အဆင့္ျမႇင့္တင္မႈနဲ႔အတူ ဆိုင္ခန္း ငွားရမ္းခေတြကို တိုးျမင့္ေကာက္ခံမွာျဖစ္ျပီး ႏူန္းထားအတိက်ကိုေတာ့ ေျပာဆိုျခင္းမ႐ွိပါဘူး။

လက္ရွိသိမ္ႀကီးေစ်း (ဃ) ႐ုံမွာေတာ့ လူသုံးကုန္ပစၥည္းေတြအျပင္ စားေသာက္ဆိုင္၊ KTV ေတြ ၊ ႐ုပ္႐ွင္႐ုံေတြလည္း ဖြင့္လွစ္ထားပါတယ္။

“ၿမိဳ့နယ္တစ္ၿမိဳ့နယ္က ေဆာင္ရြက္မယ့္စာရင္းမွာ သိမ္ႀကီးေဈး (ဃ)႐ုံ ပမာဏေရြးခ်ယ္ထားတယ္၊ပုဂၢလိကပူးေပါင္းေဆာင္ရြက္သူက ေခတ္မီေဈးအျဖစ္ အဆင့္ျမင့္ တင္မွာျဖစ္တယ္ ေဈးနဲ႕ေလ်ာ္ညီတဲ့ စီးပြားေရးလုပ္ငန္း ေဆာင္ရြက္မယ္၊ ေခတ္ႏွင့္ေလ်ာ္ညီတဲ့ ဆိုင္ခန္း ငွားရမ္းခတိုးျမင့္ေကာက္ခံျခင္း ေဆာင္ရြက္မွာျဖစ္တယ္”လို႔ ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

လက္႐ွိ သိမ္ႀကီးေစ်း (ဃ )႐ုံရဲ႕ဆိုင္ခန္းေစ်းႏူန္းက ၆ ေပပတ္လည္ အခန္းကို ငွါးရမ္းခက ၁ သိန္းအထက္႐ွိတယ္လို႔ ေစ်းဆိုင္ငွါးရမ္းသူေတြဆီက သိရပါတယ္။ ေစ်းႀကီးဟာသက္တမ္းၾကာျမင့္ေနတာေၾကာင့္ သန္႔႐ွင္းမႈ အပိုင္းသာမက ဆိုင္ခန္းၾက့့ံခိုင္မႈ သန္႔စင္ခန္း စသျဖင့္ အားလုံးက ျပဳျပင္ဖို႔လိုအပ္ေနတယ္လို႔သိရပါတယ္။

” ေစ်းကျပဳျပင္ဖို႔လိုေနၿပီ၊ ျပင္ဆင္ၿပီးလို႔ အခန္းကတိုးေကာက္ရင္ သင့္တင့္မ်ွတရင္ေကာင္းပါတယ္။ ခုကေတာ့ ေစ်းဝယ္သူလည္း အဆင္မေျပ၊ေရာင္းသူေတြလဲအဆင္မေျပပါဘူး၊ ေစ်းကေရာင္းမေကာင္း အခန္းငွါးခ မီတာခ တက္တယ္။ ဒါေၾကာင့္ ေနာက္ႏွစ္ေတာ့ ဆိုင္ခန္းငွါးဖို႔မေသခ်ာဘူး။ ေစ်းကေဟာင္းေနေတာ့ ေတာ္ေတာ္အဆင္မေျပပါဘူး”လို႔ သိမ္ႀကီးေစ်း ဃ႐ုံမွာ တက္တူးႏွင့္ တျခားအသုံးအေဆာင္ပစၥည္းေတြေရာင္းခ်ေနတဲ့ ေငြလမင္း tattoo & supply ဆိုင္ပိုင္ရွင္ မစံက ေျပာပါတယ္။

လက္႐ွိမွာ ရန္ကုန္ၿမိဳ့ေတာ္ စည္ပင္သာယာေရးေကာ္မတီ ကြပ္ကဲမွုေအာက္႐ွိတဲ့ ေဈးေတြကို ေခတ္မီအဆင့္ျမင့္ေဈးအျဖစ္ ပုဂၢလိကလုပ္ငန္းရွင္ေတြနဲ့ ပူးေပါင္းၿပီး Market Operator စနစ္လုပ္ေဆာင္ဖို႔စီစဥ္ေနပါတယ္။

ေစ်းေတြအဆင့္ျမႇင္တင္တဲ့အခါ ေစ်းမွာေရာင္းခ်တဲ့ ဆိုင္ခန္းငွါးရမ္းသူေတြ ရဲ႕အသံကိုနားေထာင္ဖို႔လိုအပ္တဲ့အျပင္ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပေအာင္ညႇိႏိူင္းလုပ္ဖို႔လို႔ဆိုၾကပါတယ္။

သိမ္ႀကီးေစ်းမွာ (က) ေအ႐ုံ၊ (ခ)ဘီ႐ုံ၊ (ဂ)စီ႐ုံႏွင့္ (ဃ)ဒီ႐ုံ ေစ်း႐ုံ ေလး႐ုံရွိၿပီး ျမန္မာႏိုင္ငံမွာ အႀကီးဆုံးေစ်းႀကီး ျဖစ္ပါတယ္။

#voiceofmyanmar #VOM #သိမ္ၾကီးေစ်း

Related posts

Leave a Comment

VOM News

FREE
VIEW