ရန်ကုန်တိုင်းအစိုးရမှာ မြေကွက်လျှောက်ထားသူ ၁၀၀၀၀ ကျော်ရှိခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူ ၁၉ သာရှိ ၊သိန်းပေါင်း ၂၁၀၀၀ တန်ဖိုးရှိမြေကွက်ပါဝင်

ရန်ကုန် ဇန်နဝါရီလ ၁၆-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းအစိုးရမှာ မြေကွက်လျှောက်ထားသူ ၁၀၀၀၀ ကျော်ရှိခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူ ၁၉ သာရှိတယ်လို့ ဒီကနေ့ညနေပိုင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြေယာလျှောက်ထားခဲ့တာက ဒဂုံဆိပ်ကမ်း ၊ဒဂုံအရှေ့ မှာ ၂ ခု၊ ရွှေပြည်သာမှာ ၂ နေရာ ၊ လိူင်သာယာမှာ ၅ နေရာ ၊ ဒဂုံတောင်မှာ ၃ နေရာ ၊ဒဂုံမြောက်မှာ ၃ နေရာ ၊ဒဂုံဆိပ်ကမ်းမှာ ၃ နေရာဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်နဲ့ကိုက်ညီသူ ၁၃၂ ဦးရှိခဲ့ပြီး တင်ဒါအောင်မြင်သူကတော့ ၁၉ ဦးသာရှိခဲ့တာဖြစ်ပါတယ်။

မြေကွက်ဈေးနူန်းတွေက အနိမ့်ဆုံး သိန်း ၁၀၀၀ ကျပ်ကစပြီး သိန်းပေါင်း ၂၁၀၀၀ တန်ဖိုးရှိတဲ့မြေကွက်လည်းပါဝင်တာကိုလည်း တွေ့ရပါတယ်။

” ဒုတိယအသုတ်နဲ့ တတိယအသုတ် ရောင်းချပေးမယ့် မြေကွက်က များပါတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့ ကျတော်တို့က တော်တော်များများ ရောင်းပေးနိုင်မယ့်အနေအထားရှိပါတယ်။ ဘာကြောင့်ဆို ဒုတိယ တတိယအသုတ်က ဧက ၉၀၀၀ ကျော်လောက်ရှိနေတဲ့အတွက် ဒီထဲကနေရောင်းပေးလို့ရတယ်။ လုပ်ငန်းရှင်ကို ဦးစားပေးမဟုတ်ပါဘူး လိုအပ်တဲ့သူတွေ ဘယ်သူကတကယ်လိုအပ်နေလဲ သေချာစိစစ် ချပေးမှာပါ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောဆိုပါတယ်။

မြေဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကစ ပြီး ၂ လအတွင်း YCDC ကို ဆက်သွယ်ကာ ငွေပေးသွင်း ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့လျှောက်ခဲ့တယ်။ ဈေးနူန်းတွေခုမှသိရတာ။ အနည်းဆုံး သိန်း ၁၀၀၀ ဖြစ်နေတယ်။ ကျွန်တော်တို့ အခြေခံလူတန်းစားတွေ ဘယ်လိုဝယ်နိုင်မှာလဲ။ လျှောက်လွှာဖိုးဆုံးတာပဲအဖတ်တင်တယ်။” လို့ မြေကွက်လျှောက်ထားခဲ့သူ ကိုဇော်မင်း ကပြောပါတယ်။

ရန်ကုန်အစိုးရက ပထမအသုတ်အနေနဲ့ မြေကွက် ၅၃၀ ကို ရောင်းချပေးမယ်လို့ကြေငြာထားတာ ဖြစ်ပါတယ်။

မြေကွက်ဝယ်ယူဖို့ လျှောက်လွှာလျှောက်ထားမှု စောင်ရေ ၁၂,၁၇၅ ရှိခဲ့ပြီး လျှောက်ရောင်းရငွေက သန်း ၁၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – ဟိန်းစည်(အိမ်ခြံမြေ)
#VOM #voiceofmyanmar #ရန်ကုန် #မြေကွက် #ဝယ်ယူခွင့်၁၉ဦးသာရှိ

Zawgyi

ရန္ကုန္တိုင္းအစိုးရမွာ ေျမကြက္ေလ်ွာက္ထားသူ ၁၀၀၀၀ ေက်ာ္႐ွိခဲ့ေပမယ့္ ဝယ္ယူခြင့္ရရွိသူ ၁၉ သာ႐ွိ ၊သိန္းေပါင္း ၂၁၀၀၀ တန္ဖိုး႐ွိေျမကြက္ပါဝင္

ရန္ကုန္ ဇန္နဝါရီလ ၁၆-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းအစိုးရမွာ ေျမကြက္ေလ်ွာက္ထားသူ ၁၀၀၀၀ ေက်ာ္႐ွိခဲ့ေပမယ့္ ဝယ္ယူခြင့္ရရွိသူ ၁၉ သာ႐ွိတယ္လို႔ ဒီကေန႔ညေနပိုင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ေျမစီမံခန႔္ခြဲမွုေကာ္မတီကေန ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ေျမယာေလ်ွာက္ထားခဲ့တာက ဒဂုံဆိပ္ကမ္း ၊ဒဂုံအေ႐ွ႕ မွာ ၂ ခု၊ ေ႐ႊျပည္သာမွာ ၂ ေနရာ ၊ လိူင္သာယာမွာ ၅ ေနရာ ၊ ဒဂုံေတာင္မွာ ၃ ေနရာ ၊ဒဂုံေျမာက္မွာ ၃ ေနရာ ၊ဒဂုံဆိပ္ကမ္းမွာ ၃ ေနရာျဖစ္ပါတယ္။

စည္းကမ္းသတ္မွတ္ခ်က္နဲ႔ကိုက္ညီသူ ၁၃၂ ဦး႐ွိခဲ့ၿပီး တင္ဒါေအာင္ျမင္သူကေတာ့ ၁၉ ဦးသာ႐ွိခဲ့တာျဖစ္ပါတယ္။

ေျမကြက္ေစ်းႏူန္းေတြက အနိမ့္ဆုံး သိန္း ၁၀၀၀ က်ပ္ကစၿပီး သိန္းေပါင္း ၂၁၀၀၀ တန္ဖိုးရွိတဲ့ေျမကြက္လည္းပါဝင္တာကိုလည္း ေတြ႔ရပါတယ္။

” ဒုတိယအသုတ္နဲ႔ တတိယအသုတ္ ေရာင္းခ်ေပးမယ့္ ေျမကြက္က မ်ားပါတယ္၊ ဒါေႀကာင့္ စိတ္မပူပါနဲ႕ က်ေတာ္တို႔က ေတာ္ေတာ္မ်ားမ်ား ေရာင္းေပးနိုင္မယ့္အေနအထားရွိပါတယ္။ ဘာေၾကာင့္ဆို ဒုတိယ တတိယအသုတ္က ဧက ၉၀၀၀ ေက်ာ္ေလာက္ရွိေနတဲ့အတြက္ ဒီထဲကေနေရာင္းေပးလို႔ရတယ္။ လုပ္ငန္းရွင္ကို ဦးစားေပးမဟုတ္ပါဘူး လိုအပ္တဲ့သူေတြ ဘယ္သူကတကယ္လိုအပ္ေနလဲ ေသခ်ာစိစစ္ ခ်ေပးမွာပါ” လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွူး ဦးသန္းက ေျပာဆိုပါတယ္။

ေျမဝယ္ယူခြင့္ရ႐ွိသူေတြအေနနဲ႕ ဇန္နဝါရီ ၁၇ ရက္ေန႔ကစ ၿပီး ၂ လအတြင္း YCDC ကို ဆက္သြယ္ကာ ေငြေပးသြင္း ဝယ္ယူနိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

” ကၽြန္ေတာ္တို႔ေလ်ွာက္ခဲ့တယ္။ ေစ်းႏူန္းေတြခုမွသိရတာ။ အနည္းဆုံး သိန္း ၁၀၀၀ ျဖစ္ေနတယ္။ ကၽြန္ေတာ္တို႔ အေျခခံလူတန္းစားေတြ ဘယ္လိုဝယ္ႏိုင္မွာလဲ။ ေလ်ွာက္လႊာဖိုးဆုံးတာပဲအဖတ္တင္တယ္။” လို႔ ေျမကြက္ေလ်ွာက္ထားခဲ့သူ ကိုေဇာ္မင္း ကေျပာပါတယ္။

ရန္ကုန္အစိုးရက ပထမအသုတ္အေနနဲ႔ ေျမကြက္ ၅၃၀ ကို ေရာင္းခ်ေပးမယ္လို႔ေၾကျငာထားတာ ျဖစ္ပါတယ္။

ေျမကြက္ဝယ္ယူဖို႔ ေလၽွာက္လႊာေလ်ွာက္ထားမႈ ေစာင္ေရ ၁၂,၁၇၅ ႐ွိခဲ့ၿပီး ေလ်ွာက္ေရာင္းရေငြက သန္း ၁၀၀ ေက်ာ္ရ႐ွိခဲ့တယ္လုိ႔ သိရပါတယ္။

Photo – ဟိန္းစည္(အိမ္ျခံေျမ)
#VOM #voiceofmyanmar #ရန္ကုန္ #ေျမကြက္ #ဝယ္ယူခြင့္၁၉ဦးသာရိွ

Related posts

Leave a Comment

VOM News

FREE
VIEW