ဒဂုံတက္ကသိုလ်ကားလိုင်း ဖြစ်ပေါ်လာရေးကို ငါးရက်အတွင်း တိကျသေချာတဲ့အဖြေမရရင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကိုဆက်လုပ်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈-၂၀၂၀
စွဲ့ဝတီ(VOM)

တောင်ဒဂုံ-ဒဂုံတက္ကသိုလ်ကားလိုင်း ဖြစ်ပေါ်လာရေးကို ငါးရက်အတွင်း တိကျသေချာတဲ့အဖြေမရဘူးဆိုရင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်‌တော့မှာဖြစ်တယ်လို့
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

အဲ့ဒီယာဉ်လိုင်းဖြစ်ပေါ်လာဖို့အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ ၂၀၁၇ခု နှစ် ဒီဇင်ဘာ ကစတင်ပြီးတော့ အစိုရးကတာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် အခု ၂နှစ်ကျော် ကြာတဲ့အထိ ဆောင်ရွက်မပေးခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့်ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသူ ကျောင်းသားတွေ သွားလာရေး အခက်အခဲဖြစ်နေတဲ့အတွက် တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို တိုက်ရိုက်ပြေးဆွဲမယ့် ယာဉ်လိုင်းတစ်ခု အမြန်ဆုံးရရှိရေးကို တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့က အစိုးရကို၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီးတော့ ကျောင်းသားကျောင်းသူတွေ သွားလာရေးမှာ အခက်အခဲတွေရှိလို့ တင်ပြခဲ့တာဖြစ်တယ်။ တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို တိုက်ရိုက်လိုင်း ဒါမှမဟုတ် ဒဂုံတက္ကသိုလ်ကိုဝင်ပြီးတော့ အခြားနေရာကိုသွားတဲ့ ယာဉ်လိုင်းတစ်ခု ပြေးဆွဲပေးဖို့တောင်းဆိုခဲ့တာဖြစ်တယ်။ အစိုးရအနေနဲ့လည်း ဒီကိစ္စကိုလုပ်ပေးမယ်လို့ ပြောခဲ့တာ နှစ်နှစ်ကျော်ပြီ။ ဒီ(၂)နှစ်အတောအတွင်းမှာ တာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ တောင်းဆိုခဲ့တယ်။ ဒီနေ့အထိ ထူးလာတာမရှိဘူး။ အခုထိသေချာတဲ့ အဖြေတစ်ခုမပေးသေးဘူး။ ဖြစ်လာရမယ်လို့ ကတိတွေပေးပြီးတော့ အဲ့ကတိတွေက တကယ်တမ်းမဖြစ်လာဘူး။ “လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုသန်းဇော်ဦးကပြောပါတယ်။

ဒီတောင်းဆိုချက်အပြင် ဒဂုံတက္ကသိုလ် ကျောင်းတွင်းမှာရှိတဲ့ ‌တော်ဝင်လမ်းနှင့် ဗထူးလမ်း လမ်းခင်းကျင်းမှုမှာ အရေအသွေး စံချိန်စံညွန်းများနဲ့အညီ ဆောင်ရွက်ခဲ့တာမရှိတဲ့ လုပ်ရက်အပေါ် စစ်ဆေးပေးဖို့နဲ့ တက္ကသိုလ်တွင်း ဆောက်လုပ်ရေးနှင့်ပတ်သက်တဲ့ တင်ဒါကိစ္စရပ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ သိရပါတယ်။

“တော်ဝင်လမ်းနဲ့ ဗထူးလမ်းကို ပြင်တာက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က တာဝန်ယူပြီးပြင်တယ်။ အဲ့တုန်းက စည်ပင်ကို ကျွန်တော်တို့က အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး အာမခံစာချုပ် ချုပ်ချင်တယ်ပြောတော့ စာချုပ်ချုပ်စရာမလိုဘူးလို့ပြောခဲ့တယ်။ ဗထူးလမ်းဆိုရင် ခြောက်လကျော်လောက်ပဲရှိသေးတယ်။ တော်ဝင်လမ်းဆိုရင်လည်း တစ်နှစ်ခွဲလောက်ပဲ ရှိသေးတယ်။ အခု အက်ကွဲတာတွေ၊ ချိုင့်ဝင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီအပေါ်မှာ တာဝန်ယူမူ၊ တာဝန်ခံမူ ရှိဖို့တောင်းဆိုတာဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်နဲ့ပတ်သက်ပြီး တိုင်းအစိုးရကခေါ်တဲ့ တင်ဒါကိစ္စတွေမှာ ကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂကို ပါဝင်ခွင့်ပေးဖို့လည်း တောင်းဆိုလိုက်တာဖြစ်ပါတယ်”လို့ ကိုသန်းဇော်ဦးက ထပ်ပြီးပြောပါတယ်။

တောင်းဆိုချက်တွေကို ဇန်နဝါရီ ၂၁ရက် နောက်ဆုံးထားကာ တိကျသေချာတဲ့အဖြေကို ပြန်ကြားပေးဖို့ တောင်းဆိုလိုက်ပြီး၊ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ တိကျသေချာတဲ့အဖြေကို ပြန်ကြားခြင်းမရှိဘူးဆိုရင် ပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖော်ဆောင်ပြီးတော့ တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ဒဂုံတက္ကသိုလ်ကားလိုင်း #ဖြစ်ပေါ်လာရေး

Zawgyi

ဒဂုံတကၠသိုလ္ကားလိုင္း ျဖစ္ေပၚလာေရးကို ငါးရက္အတြင္း တိက်ေသခ်ာတဲ့အေျဖမရရင္ ျပင္းထန္တဲ့ လႈပ္ရွားမႈေတြကိုဆက္လုပ္မယ္

ရန္ကုန္၊ ဇန္နဝါရီ ၁၈-၂၀၂၀
စြဲ႕ဝတီ(VOM)

ေတာင္ဒဂုံ-ဒဂုံတကၠသိုလ္ကားလိုင္း ျဖစ္ေပၚလာေရးကို ငါးရက္အတြင္း တိက်ေသခ်ာတဲ့အေျဖမရဘူးဆိုရင္ ျပင္းထန္တဲ့ လႈပ္ရွားမႈေတြကို ေဆာင္႐ြက္‌ေတာ့မွာျဖစ္တယ္လို႔
ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

အဲ့ဒီယာဥ္လိုင္းျဖစ္ေပၚလာဖို႔အတြက္ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအေနနဲ႔ ၂၀၁၇ခု ႏွစ္ ဒီဇင္ဘာ ကစတင္ၿပီးေတာ့ အစိုရးကတာဝန္ရွိသူေတြနဲ႔ အႀကိမ္ႀကိမ္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေပမယ့္ အခု ၂ႏွစ္ေက်ာ္ ၾကာတဲ့အထိ ေဆာင္႐ြက္မေပးခဲ့ဘူးလို႔ သိရပါတယ္။

ဒါ့ေၾကာင့္ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေက်ာင္းသူ ေက်ာင္းသားေတြ သြားလာေရး အခက္အခဲျဖစ္ေနတဲ့အတြက္ ေတာင္ဒဂုံကေန ဒဂုံတကၠသိုလ္ကို တိုက္႐ိုက္ေျပးဆြဲမယ့္ ယာဥ္လိုင္းတစ္ခု အျမန္ဆုံးရရွိေရးကို ေတာင္းဆိုေနတာျဖစ္တယ္လို႔ သိရပါတယ္။

” ကြၽန္ေတာ္တို႔က အစိုးရကို၂၀၁၇ခုႏွစ္ ႏွစ္ကုန္ပိုင္းကေနစၿပီးေတာ့ ေက်ာင္းသားေက်ာင္းသူေတြ သြားလာေရးမွာ အခက္အခဲေတြရွိလို႔ တင္ျပခဲ့တာျဖစ္တယ္။ ေတာင္ဒဂုံကေန ဒဂုံတကၠသိုလ္ကို တိုက္႐ိုက္လိုင္း ဒါမွမဟုတ္ ဒဂုံတကၠသိုလ္ကိုဝင္ၿပီးေတာ့ အျခားေနရာကိုသြားတဲ့ ယာဥ္လိုင္းတစ္ခု ေျပးဆြဲေပးဖို႔ေတာင္းဆိုခဲ့တာျဖစ္တယ္။ အစိုးရအေနနဲ႔လည္း ဒီကိစၥကိုလုပ္ေပးမယ္လို႔ ေျပာခဲ့တာ ႏွစ္ႏွစ္ေက်ာ္ၿပီ။ ဒီ(၂)ႏွစ္အေတာအတြင္းမွာ တာဝန္ရွိသူေတြနဲ႔ေတြ႕ၿပီးေတာ့ ေတာင္းဆိုခဲ့တယ္။ ဒီေန႔အထိ ထူးလာတာမရွိဘူး။ အခုထိေသခ်ာတဲ့ အေျဖတစ္ခုမေပးေသးဘူး။ ျဖစ္လာရမယ္လို႔ ကတိေတြေပးၿပီးေတာ့ အဲ့ကတိေတြက တကယ္တမ္းမျဖစ္လာဘူး။ “လို႔ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဒုတိယဥကၠဌ ကိုသန္းေဇာ္ဦးကေျပာပါတယ္။

ဒီေတာင္းဆိုခ်က္အျပင္ ဒဂုံတကၠသိုလ္ ေက်ာင္းတြင္းမွာရွိတဲ့ ‌ေတာ္ဝင္လမ္းႏွင့္ ဗထူးလမ္း လမ္းခင္းက်င္းမႈမွာ အေရအေသြး စံခ်ိန္စံၫြန္းမ်ားနဲ႔အညီ ေဆာင္႐ြက္ခဲ့တာမရွိတဲ့ လုပ္ရက္အေပၚ စစ္ေဆးေပးဖို႔နဲ႔ တကၠသိုလ္တြင္း ေဆာက္လုပ္ေရးႏွင့္ပတ္သက္တဲ့ တင္ဒါကိစၥရပ္ေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုတာျဖစ္တယ္လို႔ သိရပါတယ္။

“ေတာ္ဝင္လမ္းနဲ႔ ဗထူးလမ္းကို ျပင္တာက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က တာဝန္ယူၿပီးျပင္တယ္။ အဲ့တုန္းက စည္ပင္ကို ကြၽန္ေတာ္တို႔က အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး အာမခံစာခ်ဳပ္ ခ်ဳပ္ခ်င္တယ္ေျပာေတာ့ စာခ်ဳပ္ခ်ဳပ္စရာမလိုဘူးလို႔ေျပာခဲ့တယ္။ ဗထူးလမ္းဆိုရင္ ေျခာက္လေက်ာ္ေလာက္ပဲရွိေသးတယ္။ ေတာ္ဝင္လမ္းဆိုရင္လည္း တစ္ႏွစ္ခြဲေလာက္ပဲ ရွိေသးတယ္။ အခု အက္ကြဲတာေတြ၊ ခ်ိဳင့္ဝင္တာေတြ ျဖစ္ကုန္တယ္။ အဲဒီအေပၚမွာ တာဝန္ယူမူ၊ တာဝန္ခံမူ ရွိဖို႔ေတာင္းဆိုတာျဖစ္ပါတယ္။ ဒဂုံတကၠသိုလ္နဲ႔ပတ္သက္ၿပီး တိုင္းအစိုးရကေခၚတဲ့ တင္ဒါကိစၥေတြမွာ ေက်ာင္းသားသမဂၢ၊ဆရာသမဂၢကို ပါဝင္ခြင့္ေပးဖို႔လည္း ေတာင္းဆိုလိုက္တာျဖစ္ပါတယ္”လို႔ ကိုသန္းေဇာ္ဦးက ထပ္ၿပီးေျပာပါတယ္။

ေတာင္းဆိုခ်က္ေတြကို ဇန္နဝါရီ ၂၁ရက္ ေနာက္ဆုံးထားကာ တိက်ေသခ်ာတဲ့အေျဖကို ျပန္ၾကားေပးဖို႔ ေတာင္းဆိုလိုက္ၿပီး၊ သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာ တိက်ေသခ်ာတဲ့အေျဖကို ျပန္ၾကားျခင္းမရွိဘူးဆိုရင္ ျပင္းထန္တဲ့လႈပ္ရွားမႈေတြ ေဖာ္ေဆာင္ၿပီးေတာ့ ေတာင္းဆိုတိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ဒဂုံတကၠသိုလ္ကားလိုင္း #ျဖစ္ေပၚလာေရး

Related posts

Leave a Comment

VOM News

FREE
VIEW