မင်းပြားမှာ အရပ်သား(၄) ဦးသေဆုံးမှု တပ်မတော်က သတ်ဖြတ်တာလို့ အေအေ ထုတ်ပြန်

မင်းပြားမှာ အရပ်သား(၄) ဦးသေဆုံးမှု တပ်မတော်က သတ်ဖြတ်တာလို့ အေအေ ထုတ်ပြန်

မင်းပြား၊ဇန်နဝါရီ ၁၉ – ၂၀၂၀
ခိုင်လင်းစံ (VOM)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၇) ရက်မှာ သေဆုံးလျှက်တွေ့ရှိတဲ့ (ကမ်းနီ၊ အထက်ငှက်ပျောချောင်း၊ စညှင်း) စတဲ့ ကျေးရွာ (၃) ရွာက ရွာသား(၄) ဦးရဲ့အလောင်းကို မင်းပြားမြို့နယ်၊ ဖားပြို(ချင်း)ရွာအနီးတွေ့ရှိရပြီး အဲ့ဒီသဆုံးလျှက်တွေ့ရှိရတဲ့ရွာသား ၄ ဦးမှာ တပ်မတော်က ရက်စက်စွာသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးရမှုဖြစ်ကာ တပ်မတော်ဟာ စစ်ရာဇဝတ်မှုကိုထပ်မံကျူ းလွန်တာဖြစ်တယ်လို့ အေအေက စွပ်စွဲထုတ်ပြန်ပါတယ်။

ယခု သေဆုံးလျှက်တွေ့ရှိရတဲ့ နေရာအနီးမှာ မြန်မာ့တပ်မတော်ရဲ့ အင်အား(၁၆၀) ခန့်ရှိတဲ့ စစ်ကြောင်းတစ်ခုစခန်းချပြီးလှုပ်ရှားနေတဲ့ နေရာဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

” ကမ်းနီရွာက ဆိုင်ကယ်နဲ့ ထွက်သွားတဲ့ လူငယ်(၁) ဦးရဲ့ ဆိုင်ကယ်ကိုသာတွေ့ရှိရပြီး ဆိုင်ကယ်ပိုင်ရှင်မှာလည်းပျောက်ဆုံးလျှက်ရှိနေသေးကြောင်းသိရှိရပါတယ်။” လို့ အေအေကထုတ်ပြန်ပါတယ်။

တပ်မတော်ဟာ စစ်မြေပြင်မှာ တစ်ရက်ထက်တစ်ရက်အထိနာလျှက်ရှိနေဆဲဖြစ်တာကြောင့် လူမျိုးရေးအမုန်းတရားတွေနဲ့ ရခိုင်ပြည်သူလူထုတွေကို သတ်ဖြတ်တာ၊ ရခိုင်ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဦးတည်တိုက်ခိုက်မှုတွေကို ထပ်မံလုပ်ဆောင်လျှက်ရှိတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်သူလူထုတွေကို အခုလိုသတ်ဖြတ်နေတဲ့ တပ်မတော်ရဲ့ တပ်ရင်းတွေကို သေဆုံးသူကာယကံရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်များအတွက်လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အေအေက ခြိမ်းခြောက်ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲတွေဟာ နေမြေပိုကျယ်လာပြီး နှစ်ဖက်တိုက်ပွဲတွေပိုမိုပြင်းထန်လာကာ တိုက်ပွဲတွေအကြား အရပ်သားပြည်သူလူထု ထိခိုက်ဒဏ်ရာရသေဆုံးမှုမှာလည်း တိုးလို့လာနေကာ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းကျော်နေပြီဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စားရင်းတွေအရ သိရပါတယ်။

ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးက မြန်မာနိုင်ငံတော်ငြိမ်းချမ်းရေးကို လိုလားနေကြပြီး ယခုလက်ရှိအချိန်မာ တပ်မတော်နဲ့ အေအေတို့ရဲ့ တင်းမာမှုတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေခရီးလမ်းကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား သေဆုံးမှုတွေကြုံလာတိုင်း တပ်မတော်ကလည်း အေအေကြောင့်လိုလက်ညိုးထိုးတတ်သလို အေအေကလည်း ပြန်လည်စွပ်စွဲတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူတွေ သောင်းချီရှိနေပြီဖြစ်ပါတယ်။

Photo – AA website
#voiceofmyanmar #VOM #အေအေ #တပ်မတော်ကသတ်ဖြတ် #မင်းပြား

Zawgyi

မင္းျပားမွာ အရပ္သား(၄) ဦးေသဆံုးမႈ တပ္မေတာ္က သတ္ျဖတ္တာလို႔ ေအေအ ထုတ္ျပန္

မင္းျပား၊ဇန္နဝါရီ ၁၉ – ၂၀၂၀
ခိုင္လင္းစံ (VOM)

၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ(၁၇) ရက္မွာ ေသဆံုးလွ်က္ေတြ႕ရွိတဲ့ (ကမ္းနီ၊ အထက္ငွက္ေပ်ာေခ်ာင္း၊ စညႇင္း) စတဲ႔ ေက်းရြာ (၃) ရြာက ရြာသား(၄) ဦးရဲ့အေလာင္းကို မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳ(ခ်င္း)ရြာအနီးေတြြ႔႐ွိရၿပီး အဲ့ဒီသဆံုးလွ်က္ေတြ႕ရွိရတဲ႔ရြာသား ၄ ဦးမွာ တပ္မေတာ္က ရက္စက္စြာသတ္ျဖတ္ခဲ့တာေၾကာင္႔ ေသဆံုးရမႈျဖစ္ကာ တပ္မေတာ္ဟာ စစ္ရာဇဝတ္မႈကိုထပ္မံက်ဴ းလြန္တာျဖစ္တယ္လို႔ ေအေအက စြပ္စြဲထုတ္ျပန္ပါတယ္။

ယခု ေသဆံုးလွ်က္ေတြ႕ရွိရတဲ့ ေနရာအနီးမွာ ျမန္မာ့တပ္မေတာ္ရဲ႕ အင္အား(၁၆၀) ခန္႔႐ွိတဲ့ စစ္ေၾကာင္းတစ္ခုစခန္းခ်ၿပီးလႈပ္ရွားေနတဲ႔ ေနရာျဖစ္တယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ထည့္သြင္းထားတာျဖစ္ပါတယ္။

” ကမ္းနီရြာက ဆိုင္ကယ္နဲ႔ ထြက္သြားတဲ့ လူငယ္(၁) ဦးရဲ႕ ဆိုင္ကယ္ကိုသာေတြ႕ရွိရၿပီး ဆိုင္ကယ္ပိုင္ရွင္မွာလည္းေပ်ာက္ဆံုးလွ်က္ရွိေနေသးေၾကာင္းသိရွိရပါတယ္။” လို႔ ေအေအကထုတ္ျပန္ပါတယ္။

တပ္မေတာ္ဟာ စစ္ေျမျပင္မွာ တစ္ရက္ထက္တစ္ရက္အထိနာလွ်က္ရွိေနဆဲျဖစ္တာေၾကာင့္ လူမိ်ဳးေရးအမုန္းတရားေတြနဲ႔ ရခိုင္ျပည္သူလူထုေတြကို သတ္ျဖတ္တာ၊ ရခိုင္ေက်းရြာေတြကို လက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ဦးတည္တိုက္ခိုက္မွုေတြကို ထပ္မံလုပ္ေဆာင္လွ်က္ရွိတယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရခိုင္ျပည္သူလူထုေတြကို အခုလိုသတ္ျဖတ္ေနတဲ႔ တပ္မေတာ္ရဲ႕ တပ္ရင္းေတြကို ေသဆံုးသူကာယကံရွင္ေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္မ်ားအတြက္လက္တံု႔ျပန္တိုက္ခိုက္သြားမယ္လို႔ ေအေအက ၿခိမ္းေျခာက္ထုတ္ျပန္ပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ အေနာက္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ေျပာေရးဆိုခြင့္႐ွိသူဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားတာမ႐ွိပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲေတြဟာ ေနေျမပိုက်ယ္လာၿပီး ႏွစ္ဖက္တိုက္ပြဲေတြပိုမိုျပင္းထန္လာကာ တိုက္ပြဲေတြအၾကား အရပ္သားျပည္သူလူထု ထိခိုက္ဒဏ္ရာရေသဆံုးမႈမွာလည္း တိုးလို႔လာေနကာ စစ္ေဘးေ႐ွာင္အေရအတြက္ဟာ တစ္သိန္းေက်ာ္ေနၿပီျဖစ္တယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ စားရင္းေတြအရ သိရပါတယ္။

ဒါေၾကာင့္ ျပည္သူလူထုတစ္ရပ္လံုးက ျမန္မာႏိုင္ငံေတာ္ျငိမ္းခ်မ္းေရးကို လိုလားေနၾကျပီး ယခုလက္႐ွိအခ်ိန္မာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တင္းမာမႈေတြေၾကာင့္ ျမန္မာ့ၿငိမ္းခ်မ္းေရခရီးလမ္းကို စိုးရိမ္ေနသူေတြလည္း ႐ွိပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြၾကား ေသဆံုးမွဳေတြၾကံဳလာတိုင္း တပ္မေတာ္ကလည္း ေအေအေၾကာင့္လိုလက္ညိဳးထိုးတတ္သလို ေအေအကလည္း ျပန္လည္စြပ္စြဲတဲ႕ သာဓကေတြ ရွိခဲ႕ပါတယ္။ လတ္တေလာမွာ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ေနရသူေတြ ေသာင္းခ်ီရွိေနျပီျဖစ္ပါတယ္။

Photo – AA website
#voiceofmyanmar #VOM #ေအေအ #တပ္မေတာ္ကသတ္ျဖတ္ #မင္းျပား

Related posts

Leave a Comment

VOM News

FREE
VIEW