မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်တဲ့လက်မှတ်ရေးထိုးမှု ပဲခူးမြို့မှာပြုလုပ်

ပဲခူး၊ ဇန်နဝါရီ ၂၄-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပဲခူးရွှေမော်ဓောဘုရားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်မှာ ဇန်နဝါရီ၂၃ရက်ညနေပိုင်းက မတ်လကုန်ထိ စာမေးပွဲစစ်ဆေးတာကို ကန့်ကွက်တဲ့အနေနဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အခြေခံပညာ ဆရာ/ဆရာမတစ်ချို့က ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား မိဘများ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

‟စမ်းသပ်နေတာမဟုတ်ဖူးလည်း ပြောသေးတယ်၊ တကယ့်တကယ့်ကြတော့ ဒီနေ့အဆင်ပြေရင်ပြေ၊ မပြေရင် နောက်နေ့ထုတ်လိုက်မယ်ဆိုတဲ့စကားက ဒါ စမ်းသပ်နေတာ မဟုတ်ဖူးလားလို့မေးချင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ မိဘ၊ဆရာ၊ကျောင်းသား၊ ပညာရေးအသိုင်းအဝန်း သဘောထားမခံယူဘဲ အမိန့်တွေ၊ ညွှန်ကြားစာတွေထုတ်ပြန်နေမယ်ဆိုရင် နောက်နောင် ဒီလိုဘဲ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ မိဘ၊ဆရာ၊ကျောင်းသားတွေရဲ့ဆုံးဖြတ်ချက်ကိုယူပြီး ပညာရေးအရွေ့ကိုသွားသင့်တယ်ဆိုတာ သိစေချင်တာပါ၊ အခုကဗဟိုချုပ်ကိုင်မှုနဲ့သွားနေပါတယ်၊
ငါတို့အမိန့်ထုတ်လိုက်မယ်၊ အဲဒီအတိုင်းလုပ်ဆိုတာ အခုထိရှိနေပါသေးတယ်။ နိုင်ငံတော်ကပေးထားတဲ့ တာဝန်တွေကတော့ နိုင်ငံ့ဝန်ထမ်းတွေဆိုတော့ ထမ်းဆောင်ကြရမှာပါ၊ ဝန်ထမ်းတိုင်းမှာ အလုပ်သမားအခွင့်အရေးဆိုတာရှိပါတယ် ။ အဲဒီအလုပ်သမားအခွင့်အရေးတွေကို ဝန်ကြီးဌာနကိုယ်တိုင် ချိုးဖောက်မိနေတယ်ဆိုတာ မဖြစ်စေချင်ဘူး”လို့ လက်မှတ်ရေးထိုးတာကို ဦးဆောင်ပြုလုပ်တဲ့ ကျွန်သုံးပင် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးလှိုင်မျိုးဝင်းကပြောပါတယ်။

လက်မှတ်ရေးထိုးတဲ့နေရာကို လာရောက်တဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဆိုသူကလည်း ‟သုံးလပိုင်းအကုန်ထိဖွင့်မယ်ဆိုတော့ အရမ်းပူတယ်၊ ကလေးတွေ အပူဒဏ်ခံစားရမယ်ထင်ပါတယ်၊ ဆရာ ဆရာမတွေလည်း သင်တန်းသွားရမှာတွေရှိပါတယ်၊ အဓိက ကလေးတွေအတွက် ပြောချင်တာပါ”လို့ ပြောပါတယ်။

မတ်လကုန်ထိ စာမေးပွဲစစ်ဆေးတာကိုကန့်ကွက်တဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကိုဇန်နဝါရီ၂၃ရက်နေ့ကနေ ၂၄ရက်ထိ နှစ်ရက်တာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #မတ်လကုန်စာမေးပွဲစစ် #ကန့်ကွက်လက်မှတ်

Zawgyi

မတ္လကုန္အထိ စာေမးပြဲစစ္ေဆးျခင္းကို ကန႔္ကြက္တဲ့လက္မွတ္ေရးထိုးမႈ ပဲခူးၿမိဳ႕မွာျပဳလုပ္

ပဲခူး၊ ဇန္နဝါရီ ၂၄-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ပဲခူးေ႐ႊေမာ္ေဓာဘုရားလမ္း၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္မွာ ဇန္နဝါရီ၂၃ရက္ညေနပိုင္းက မတ္လကုန္ထိ စာေမးပြဲစစ္ေဆးတာကို ကန႔္ကြက္တဲ့အေနနဲ႔ လက္မွတ္ေရးထိုးလႈပ္ရွားမႈျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ လက္မွတ္ေရးထိုးလႈပ္ရွားမႈကို အေျခခံပညာ ဆရာ/ဆရာမတစ္ခ်ိဳ႕က ဦးေဆာင္ျပဳလုပ္ခဲ့ၾကၿပီး ေက်ာင္းသူ/သား မိဘမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။

‟စမ္းသပ္ေနတာမဟုတ္ဖူးလည္း ေျပာေသးတယ္၊ တကယ့္တကယ့္ၾကေတာ့ ဒီေန႔အဆင္ေျပရင္ေျပ၊ မေျပရင္ ေနာက္ေန႔ထုတ္လိုက္မယ္ဆိုတဲ့စကားက ဒါ စမ္းသပ္ေနတာ မဟုတ္ဖူးလားလို႔ေမးခ်င္ပါတယ္။ ပြင့္လင္းျမင္သာတဲ့ ဒီမိုကေရစီအစိုးရေခတ္မွာ မိဘ၊ဆရာ၊ေက်ာင္းသား၊ ပညာေရးအသိုင္းအဝန္း သေဘာထားမခံယူဘဲ အမိန႔္ေတြ၊ ၫႊန္ၾကားစာေတြထုတ္ျပန္ေနမယ္ဆိုရင္ ေနာက္ေနာင္ ဒီလိုဘဲ ကန႔္ကြက္မႈေတြ ျဖစ္ေပၚလာႏိုင္ပါေသးတယ္။ မိဘ၊ဆရာ၊ေက်ာင္းသားေတြရဲ႕ဆုံးျဖတ္ခ်က္ကိုယူၿပီး ပညာေရးအေ႐ြ႕ကိုသြားသင့္တယ္ဆိုတာ သိေစခ်င္တာပါ၊ အခုကဗဟိုခ်ဳပ္ကိုင္မႈနဲ႔သြားေနပါတယ္၊
ငါတို႔အမိန႔္ထုတ္လိုက္မယ္၊ အဲဒီအတိုင္းလုပ္ဆိုတာ အခုထိရွိေနပါေသးတယ္။ ႏိုင္ငံေတာ္ကေပးထားတဲ့ တာဝန္ေတြကေတာ့ ႏိုင္ငံ့ဝန္ထမ္းေတြဆိုေတာ့ ထမ္းေဆာင္ၾကရမွာပါ၊ ဝန္ထမ္းတိုင္းမွာ အလုပ္သမားအခြင့္အေရးဆိုတာရွိပါတယ္ ။ အဲဒီအလုပ္သမားအခြင့္အေရးေတြကို ဝန္ႀကီးဌာနကိုယ္တိုင္ ခ်ိဳးေဖာက္မိေနတယ္ဆိုတာ မျဖစ္ေစခ်င္ဘူး”လို႔ လက္မွတ္ေရးထိုးတာကို ဦးေဆာင္ျပဳလုပ္တဲ့ ကြၽန္သုံးပင္ မူလတန္းေက်ာင္းအုပ္ဆရာႀကီး ဦးလႈိင္မ်ိဳးဝင္းကေျပာပါတယ္။

လက္မွတ္ေရးထိုးတဲ့ေနရာကို လာေရာက္တဲ့ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ဦးထြန္းထြန္းဆိုသူကလည္း ‟သုံးလပိုင္းအကုန္ထိဖြင့္မယ္ဆိုေတာ့ အရမ္းပူတယ္၊ ကေလးေတြ အပူဒဏ္ခံစားရမယ္ထင္ပါတယ္၊ ဆရာ ဆရာမေတြလည္း သင္တန္းသြားရမွာေတြရွိပါတယ္၊ အဓိက ကေလးေတြအတြက္ ေျပာခ်င္တာပါ”လို႔ ေျပာပါတယ္။

မတ္လကုန္ထိ စာေမးပြဲစစ္ေဆးတာကိုကန႔္ကြက္တဲ့ လက္မွတ္ေရးထိုးလႈပ္ရွားမႈကိုဇန္နဝါရီ၂၃ရက္ေန႔ကေန ၂၄ရက္ထိ ႏွစ္ရက္တာျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #မတ္လကုန္စာေမးပြဲစစ္ #ကန္႔ကြက္လက္မွတ္

Related posts

Leave a Comment

VOM News

FREE
VIEW