ICJက (၆)လတစ်ကြိမ်အစီရင်ခံစာ တရားရုံးတင်သွင်းဖို့ပျက်ကွက်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်နိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄-၂၀၂၀
သူရိန်(VOM)

အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ တရားစွဲဆိုခံထားရတာနဲ့ပက်သက်ပြီး မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ဖို့အမိန့်ချမှတ်မှုမှာ (၆)လတစ်ကြိမ်တိုင်း အစီရင်ခံစာ တရားရုံးကို တင်သွင်းဖို့ပျက်ကွက်ရင် မြန်မာ့စီးပွားရေးပျက်သွားနိုင်တယ်လို့ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။

“တချို့ကရှုံးလို့ရှုံးမှန်း ၊ နိုင်လိုနိုင်မှန်း မသိတဲ့သူတွေအများကြီး ။ ဥပဒေပညာရှင်ဆိုလို့ ကိုယ့်ကိုကိုယ်သောက်ကြီးသောက်ကျယ် ပြောပြီး ရှုံးလို့ရှုံးမှန်းနိုင်လို့နိုင်မှန်းမသိဘူး။ ဒါပမာဏရှုံးတာ။အဲ လောက်တော့သိသင့်တယ်လေဗျာ။ အမှုကြီးတခုလုံးရှုံးသွားတာမ ဟုတ်ဘူး။ ဂမ်ဘီယာကတောင်းဆိုချက်တွေကို လိုက်လျောရမယ်။ အရေးကြီးတဲ့ဟာတွေ။ နောက်တခု ၄လတစ်ကြိမ် အစီရင်ခံစာဆိုတာ အမိန့်ထပ်ချစရာလိုလား။ အဲတာပါပြီးသား ပြီးသွားပြီ။ ရှိသမျှဟာတွေအကုန်လုံး ၄ ချက်မဟုတ်ဘူး။ အကုန်ရှုံးတာ။ အမှန်တော့ဒီအမှုကြီးကို လက်မခံသင့်ဘူး၊ မချသင့်ဘူးလို့ ဒို့ကနှစ်ချက်ဘဲတောင်းတာ။ အဲနှစ်ချက်ကိုပယ်လိုက်တယ်ကွာ ။ အဲတာ ဒို့ရှုံးတာပေါ့။ ဒါကိုဈေးဆစ်နေသေးတယ်။ လေးချက်ရှုံးတယ်။ နှစ်ချက်ရှုံးတယ်။ ဒါကဂျီနိုဆိုက်လဲမမြောက်ပါဘူး။ ဒါကသေချာတယ်။ ဘယ်နှစ်နှစ်ကြာမယ်မသိဘူး။ ၆ လတစ်ကြိမ်အစီရင်ခံနေရမယ်။ အခုချထားတဲ့ ပမာဏကြားဖြတ်အမိန့်ကို ၆ လတစ်ကြိမ်တိုးတက်မှု အစီရင်ခံနေရမယ်။ ၄လမှာပြန်အစီရင်ခံ ၊ အမှုမပြီးမချင်း ၉ နှစ် ၊ ၁၀ နှစ်ကြာကြာ ။ ၆ လတစ်ကြိမ်အစီရင်ခံနေရမှာ ။မလိုက်နာရင် စီးပွားရေးပိတ်ဆို့မှုတွေလာမယ်။ ကုလသမဂ္ဂကကြီးမှူးပြီး ပိတ်ဆို့မယ်ဆိုရင် မူဆလင်နိုင်ငံတွေက ပိတ်ဆို့လာနိုင်တယ်။ အဲတာဆိုစီးပွားရေးပျက်ပြီပေါ့ကွ။ UN၊ EU ကလည်း ပိတ်မယ်လေ။ ဒီဟာက ဘာအကျိုးသက်ရောက်လဲဆိုရင် ဒါကိုမလိုက်နာရင်တော့ စီးပွားရေးပျက်မှာ၊ ရင်းနှီးမြုပ်နှံမှုတွေလဲ ပျက်မှာဘဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဒီစစ်တပ်ကို ဘယ်ရိုသေတော့မှာလဲ။ ငြိမ်းချမ်းရေးတွေ ပမာမခန့်ဖြစ်လာနိုင် တယ်။ AA လိုမျိုးတိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်”လို့ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က လူမျိုးတုံးသတ်ဖြတ်တယ်ဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာနဲ့ပက်သက်ပြီး မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ဖို့ ICJတရားရုံးက ဇန်နဝါရီ ၂၃ ရက်မှာအမိန့်ချထားတာဖြစ်ပါတယ်။

အဲ့ဒီအချက် ၄ ချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်တဲ့ အရာအားလုံးကို မြန်မာ အစိုးရကရပ်တန့်အောင် ဆောင်ရွက်ဖို့၊ မြန်မာစစ်တပ်၊ပြည်သူ့စစ်နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်ဖို့ မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားဖို့ ၊ဂျီနိုဆိုက်သက်သေ‌တွေကို ဖျက်ဆီးမှုမရှိစေဖို့ မြန်မာအစိုးရကဆောင်ရွက်ဖို့၊အခု အမိန့်ချမှတ်တဲ့နေ့ကစလို့ ၄ လအတွင်း ဆောင်ရွက်မှုအားလုံးကို အစီရင်ခံစာတင်ပြဖို့နဲ့ နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးကို တင်သွင်းဖို့ စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်နဲ့ပက်သက်လို့ နှစ်ဖက်အပြန်အလှန်လျှောက်လဲခွင့်ပေးဖို့အတွက် ICJက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှာထုတ်ပြန်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံနဲ့ စွဲချက်တင်ဖို့စီစဉ်တဲ့ ဂမ်ဘီယာနိုင်ငံတို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လျှောက်လဲချက်တွေပေးခဲ့တဲ့အပြီးမှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ သတ်ဖြတ်မှုတွေက လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက်ကိုတော့ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ICJ #မြန်မာနိုင်ငံစီးပွားရေး #ထိခိုက်နိုင်

Zawgyi

ICJက (၆)လတစ္ႀကိမ္အစီရင္ခံစာ တရား႐ုံးတင္သြင္းဖို႔ပ်က္ကြက္ရင္ ျမန္မာႏိုင္ငံရဲ႔ စီးပြားေရးထိခိုက္ႏိုင္

ရန္ကုန္ ၊ ဇန္နဝါရီ ၂၄-၂၀၂၀
သူရိန္(VOM)

အျပည္ျပည္ဆိုင္ရာတရားရံုး ICJမွာ တရားစြဲဆိုခံထားရတာနဲ႔ပက္သက္ၿပီး ျမန္မာဘက္က အခ်က္ ၄ ခ်က္ လုပ္ေဆာင္ဖို႔အမိန္႔ခ်မွတ္မႈမွာ (၆)လတစ္ႀကိမ္တိုင္း အစီရင္ခံစာ တရား႐ုံးကို တင္သြင္းဖို႔ပ်က္ကြက္ရင္ ျမန္မာ့စီးပြားေရးပ်က္သြားႏိုင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ ေနဦးႀကီးျမင့္က သံုးသပ္ေျပာဆိုပါတယ္။

“တခ်ိဳ႕ကရႈံးလို႔ရႈံးမွန္း ၊ ႏိုင္လိုႏိုင္မွန္း မသိတဲ့သူေတြအမ်ားႀကီး ။ ဥပေဒပညာရွင္ဆိုလို႔ ကိုယ့္ကိုကိုယ္ေသာက္ႀကီးေသာက္က်ယ္ ေျပာၿပီး ရႈံးလို႔ရႈံးမွန္းႏိုင္လို႔ႏိုင္မွန္းမသိဘူး။ ဒါပမာဏရႈံးတာ။အဲ ေလာက္ေတာ့သိသင့္တယ္ေလဗ်ာ။ အမႈႀကီးတခုလုံးရႈံးသြားတာမ ဟုတ္ဘူး။ ဂမ္ဘီယာကေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာရမယ္။ အေရးႀကီးတဲ့ဟာေတြ။ ေနာက္တခု ၄လတစ္ႀကိမ္ အစီရင္ခံစာဆိုတာ အမိန႔္ထပ္ခ်စရာလိုလား။ အဲတာပါၿပီးသား ၿပီးသြားၿပီ။ ရွိသမွ်ဟာေတြအကုန္လုံး ၄ ခ်က္မဟုတ္ဘူး။ အကုန္ရႈံးတာ။ အမွန္ေတာ့ဒီအမႈႀကီးကို လက္မခံသင့္ဘူး၊ မခ်သင့္ဘူးလို႔ ဒို႔ကႏွစ္ခ်က္ဘဲေတာင္းတာ။ အဲႏွစ္ခ်က္ကိုပယ္လိုက္တယ္ကြာ ။ အဲတာ ဒို႔ရႈံးတာေပါ့။ ဒါကိုေဈးဆစ္ေနေသးတယ္။ ေလးခ်က္ရႈံးတယ္။ ႏွစ္ခ်က္ရႈံးတယ္။ ဒါကဂ်ီႏိုဆိုက္လဲမေျမာက္ပါဘူး။ ဒါကေသခ်ာတယ္။ ဘယ္ႏွစ္ႏွစ္ၾကာမယ္မသိဘူး။ ၆ လတစ္ႀကိမ္အစီရင္ခံေနရမယ္။ အခုခ်ထားတဲ့ ပမာဏၾကားျဖတ္အမိန႔္ကို ၆ လတစ္ႀကိမ္တိုးတက္မႈ အစီရင္ခံေနရမယ္။ ၄လမွာျပန္အစီရင္ခံ ၊ အမႈမၿပီးမခ်င္း ၉ ႏွစ္ ၊ ၁၀ ႏွစ္ၾကာၾကာ ။ ၆ လတစ္ႀကိမ္အစီရင္ခံေနရမွာ ။မလိုက္နာရင္ စီးပြားေရးပိတ္ဆို႔မႈေတြလာမယ္။ ကုလသမဂၢကႀကီးမႉးၿပီး ပိတ္ဆို႔မယ္ဆိုရင္ မူဆလင္ႏိုင္ငံေတြက ပိတ္ဆို႔လာႏိုင္တယ္။ အဲတာဆိုစီးပြားေရးပ်က္ၿပီေပါ့ကြ။ UN၊ EU ကလည္း ပိတ္မယ္ေလ။ ဒီဟာက ဘာအက်ိဳးသက္ေရာက္လဲဆိုရင္ ဒါကိုမလိုက္နာရင္ေတာ့ စီးပြားေရးပ်က္မွာ၊ ရင္းႏွီးျမဳပ္ႏွံမႈေတြလဲ ပ်က္မွာဘဲ။ လက္နက္ကိုင္တပ္ဖြဲ႕ေတြကလည္း ဒီစစ္တပ္ကို ဘယ္႐ိုေသေတာ့မွာလဲ။ ၿငိမ္းခ်မ္းေရးေတြ ပမာမခန႔္ျဖစ္လာႏိုင္ တယ္။ AA လိုမ်ိဳးတိုက္ပြဲေတြ ျပင္းထန္လာႏိုင္တယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ ေနဦးႀကီးျမင့္ကေျပာပါတယ္။

အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ)က လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆိုကာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲထားတာနဲ႔ပက္သက္ၿပီး ျမန္မာဘက္က အခ်က္ ၄ ခ်က္ လုပ္ေဆာင္ဖို႔ ICJတရား႐ုံးက ဇန္နဝါရီ ၂၃ ရက္မွာအမိန္႔ခ်ထားတာျဖစ္ပါတယ္။

အဲ့ဒီအခ်က္ ၄ ခ်က္မွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈတားဆီးေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီခ်က္ အပိုဒ္(၂)အရ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ ျဖစ္ေစႏိုင္တဲ့ အရာအားလုံးကို ျမန္မာ အစိုးရကရပ္တန္႔ေအာင္ ေဆာင္႐ြက္ဖို႔၊ ျမန္မာစစ္တပ္၊ျပည္သူ႔စစ္နဲ႔ တျခားလက္နက္ကိုင္တပ္ဖြဲ႕ေတြက ဂ်ီႏိုဆိုက္ ထပ္မက်ဳးလြန္ႏိုင္ဖို႔ ျမန္မာအစိုးရက ထိေရာက္စြာ ဟန္႔တားဖို႔ ၊ဂ်ီႏိုဆိုက္သက္ေသ‌ေတြကို ဖ်က္ဆီးမႈမရွိေစဖို႔ ျမန္မာအစိုးရကေဆာင္႐ြက္ဖို႔၊အခု အမိန္႔ခ်မွတ္တဲ့ေန႔ကစလို႔ ၄ လအတြင္း ေဆာင္႐ြက္မႈအားလုံးကို အစီရင္ခံစာတင္ျပဖို႔နဲ႔ ေနာက္ဆုံးအမိန္႔မခ်မွတ္မီ ၆ လတိုင္း အစီရင္ခံစာ တရား႐ုံးကို တင္သြင္းဖို႔ စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

ဂမ္ဘီယာႏိုင္ငံက စြပ္စြဲခ်က္နဲ႔ပက္သက္လို႔ ႏွစ္ဖက္အျပန္အလွန္ေလွ်ာက္လဲခြင့္ေပးဖို႔အတြက္ ICJက ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ ၁၈ ရက္မွာထုတ္ျပန္ခဲ့ၿပီး ၂၀၁၉ ဒီဇင္ဘာလမွာ ျမန္မာႏိုင္ငံနဲ႔ စြဲခ်က္တင္ဖို႔စီစဥ္တဲ့ ဂမ္ဘီယာႏိုင္ငံတို႔ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ေလွ်ာက္လဲခ်က္ေတြေပးခဲ့တဲ့အၿပီးမွာ အခုလိုဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ပြားတဲ့ သတ္ျဖတ္မႈေတြက လူမ်ိဳးတုံးသတ္ျဖတ္မႈ ေျမာက္၊ မေျမာက္ကိုေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ICJ တရား႐ုံးမွာ ဆက္လက္ တရားရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ICJ #ျမန္မာနိုင္ငံစီးပြားေရး #ထိခိုက္ႏိုင္

Related posts

Leave a Comment

VOM News

FREE
VIEW