ဗ.က.သ များအဖွဲ့ချုပ်က ၂၀၀၈ခြေ/ဥဖျက်သိမ်းရေး တိုက်ပွဲဝင်မယ်လို့သိရ

နတ္တလင်း၊ ဇန်နဝါရီ ၂၅-၂၀၂၀
မိုးယံ(VOM)

ဗ.က.သ များအဖွဲ့ချုပ်က ၂၀၀၈ခြေ/ဥ ဖျက်သိမ်းရေးကို ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ် မြို့နယ်ခန်းမမှာ ဒီနေ့မနက်ပိုင်းကပြုလုပ်တဲ့ မြို့နယ်လုံးဆိုင်ရာ လူထုအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

‟ကျွန်တော်တို့ ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသားအရေး သီးသန့်လုပ်တာမဟုတ်ပါဘူး၊ ကျွန်တောတို့မူဝါဒမှာ အဖိနှိပ်ခံလူတန်းစားတွေဖက်က ရပ်တည်တာ၊ အလုပ်သမား လယ်သမားတွေဖက်က ရပ်တည်တာတွေပါတယ်ခင်ဗျ၊ အလုပ်သမား၊လယ်သမားတွေရဲ့ သားသမီးတွေမှာ ကျောင်းသား/သူတွေရှိကြတယ်၊ ဟိုးအခြေခံကစပြီး တက္ကသိုလ်အထိ ကျောင်းသား/သူတွေရှိကြတယ်။ လယ်သမားတွေမြေသိမ်းခံနေရတာတွေရှိတယ်။ အလုပ်သမားတွေ လုပ်ခလစာအပြည့်အဝမရတာတွေရှိတယ်၊ ဒီအခက်အခဲတွေ အကုန်လုံးက သားသမီးတွေရဲ့ပညာရေးကိုထိခိုက်ပါတယ်။ဒါကြောင့် ဒီအခြေခံလူတန်းစားတွေရဲ့ပြသနာဟာ ကျွန်တော်တို့ကျောင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ လူထုခံစားနေရတာတွေဟာ လက်ရှိအစိုးရ တက်လာချိန်မှာ ပြည်သူ့ဒီမိုကရေစီ တကယ်ရောရပြီလား လို့ကျနော်တို့က မေးခွန်းထုတ်ချင်ပါတယ်၊ အခုချိန်ထိ ၂၀၀၈ခြေ/ဥက တည်မြဲနေတယ်၊ နိုင်ငံရဲ့အခြေခံလူတန်းစားတစ်ရပ်လုံးရဲ့ထွက်ရပ်က ၂၀၀၈ခြေ/ဥ ဖျက်သိမ်းရေးပဲဖြစ်တယ်။ ဒီတော့ ဖိနှိပ်ခံ လူတန်းစားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမယ်”လို့ ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးတာဝန်ခံ ကိုပိုင်မင်းခန့်ကပြောပါတယ်။

အဲ့ဒီလူထုအစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့ လယ်သမားအရေးလှုပ်ရှားသူ ကိုသန့်စင်ထက်ကလည်း ‟အမြဲတမ်း လယ်သမား၊ အလုပ်သမား အခြေခံလူတန်းစားတွေဘဝဟာ နင်းပြားဘဝဖြစ်နေပါတယ်၊ ဒီအခြေခံလူတန်းစားတွေဘဝ လွတ်မြောက်ဖို့အတွက် ရဲရဲဝံ့ဝံ့ဆက်လက် တိုက်ပွဲဝင်ဖို့ပဏာမအနေနဲ့ ဒီနေ့လူထုအစည်းအဝေးပွဲကို ကျင်းပခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။

အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ တောင်သူလယ်သမားများ၊ ဒေသခံပြည်သူ(၅၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #နတ္တလင်း #လူထုအစည်းအဝေး #ဗ.က.သ #ခြေ/ဥပြင်ဆင်ရေး #တိုက်ပွဲဝင်မယ်

Zawgyi

ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္က ၂၀၀၈ေျခ/ဥဖ်က္သိမ္းေရး တုိက္ပြဲဝင္မယ္လုိ႔သိရ

နတၱလင္း၊ ဇန္နဝါရီ ၂၅-၂၀၂၀
မိုးယံ(VOM)

ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္က ၂၀၀၈ေျခ/ဥ ဖ်က္သိမ္းေရးကို ပူးေပါင္းတုိက္ပြဲဝင္မယ္လို႔ ပဲခူးတိုင္း၊ နတၱလင္းၿမိဳ႕နယ္ ၿမိဳ႕နယ္ခန္းမမွာ ဒီေန႔မနက္ပိုင္းကျပဳလုပ္တဲ့ ၿမိဳ႕နယ္လုံးဆိုင္ရာ လူထုအစည္းအေဝးမွာ ေျပာခဲ့တာျဖစ္ပါတယ္။

‟ကၽြန္ေတာ္တို႔ ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသားအေရး သီးသန႔္လုပ္တာမဟုတ္ပါဘူး၊ ကၽြန္ေတာတို႔မူဝါဒမွာ အဖိႏွိပ္ခံလူတန္းစားေတြဖက္က ရပ္တည္တာ၊ အလုပ္သမား လယ္သမားေတြဖက္က ရပ္တည္တာေတြပါတယ္ခင္ဗ်၊ အလုပ္သမား၊လယ္သမားေတြရဲ႕ သားသမီးေတြမွာ ေက်ာင္းသား/သူေတြရွိၾကတယ္၊ ဟိုးအေျခခံကစၿပီး တကၠသိုလ္အထိ ေက်ာင္းသား/သူေတြရွိၾကတယ္။ လယ္သမားေတြေျမသိမ္းခံေနရတာေတြရွိတယ္။ အလုပ္သမားေတြ လုပ္ခလစာအျပည့္အဝမရတာေတြရွိတယ္၊ ဒီအခက္အခဲေတြ အကုန္လုံးက သားသမီးေတြရဲ႕ပညာေရးကိုထိခိုက္ပါတယ္။ဒါေၾကာင့္ ဒီအေျခခံလူတန္းစားေတြရဲ႕ျပသနာဟာ ကၽြန္ေတာ္တို႔ေက်ာင္းသားေတြနဲ႔ တိုက္႐ိုက္သက္ဆိုင္ပါတယ္။ လူထုခံစားေနရတာေတြဟာ လက္ရွိအစိုးရ တက္လာခ်ိန္မွာ ျပည္သူ႔ဒီမိုကေရစီ တကယ္ေရာရၿပီလား လို႔က်ေနာ္တို႔က ေမးခြန္းထုတ္ခ်င္ပါတယ္၊ အခုခ်ိန္ထိ ၂၀၀၈ေျခ/ဥက တည္ၿမဲေနတယ္၊ ႏိုင္ငံရဲ႕အေျခခံလူတန္းစားတစ္ရပ္လုံးရဲ႕ထြက္ရပ္က ၂၀၀၈ေျခ/ဥ ဖ်က္သိမ္းေရးပဲျဖစ္တယ္။ ဒီေတာ့ ဖိႏွိပ္ခံ လူတန္းစားေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔လည္း ပူးေပါင္းတိုက္ပြဲဝင္သြားမယ္”လို႔ ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသားထုအခြင့္အေရးကာကြယ္ေရးတာဝန္ခံ ကိုပိုင္မင္းခန႔္ကေျပာပါတယ္။

အဲ့ဒီလူထုအစည္းအေဝးကို ဦးေဆာင္က်င္းပတဲ့ လယ္သမားအေရးလႈပ္ရွားသူ ကိုသန႔္စင္ထက္ကလည္း ‟အၿမဲတမ္း လယ္သမား၊ အလုပ္သမား အေျခခံလူတန္းစားေတြဘဝဟာ နင္းျပားဘဝျဖစ္ေနပါတယ္၊ ဒီအေျခခံလူတန္းစားေတြဘဝ လြတ္ေျမာက္ဖို႔အတြက္ ရဲရဲဝံ့ဝံ့ဆက္လက္ တိုက္ပြဲဝင္ဖို႔ပဏာမအေနနဲ႔ ဒီေန႔လူထုအစည္းအေဝးပြဲကို က်င္းပခဲ့တာျဖစ္တယ္”လုိ႔ ေျပာပါတယ္။

အခမ္းအနားမွာ အမ်ိဳးသားဒီမိုကေရစီပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ဖြံၿဖိဳးေရးပါတီ၊ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢ၊ အရပ္ဖက္လူမႈအဖြဲ႕အစည္း၊ ေတာင္သူလယ္သမားမ်ား၊ ေဒသခံျပည္သူ(၅၀၀)ဝန္းက်င္ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #နတၱလင္း #လူထုအစည္းအေဝး #ဗ.က.သ #ေျခ/ဥျပင္ဆင္ေရး #တုိက္ပြဲဝင္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW