ဘူးသီးတောင်မှာ လက်နက်ကြီးပစ်လို့ အရပ်သားနှစ်ဦးသေပြီး၊ ၇ ဦးဒဏ်ရာရ

ဘူးသီးတောင်၊ ဇန်နဝါရီ ၂၅-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဇန်နဝါရီ(၂၄)ရက်နေ့ နေလယ်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ကျေးရွာဟာ ဘူးသီးတာင်မြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့ ကင်းတောင်ကျေးရွာဖြစ်ပြီး နေအိမ်တွေအကြားမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ်တစ်ဦးနဲ့ ၂၅ နှစ်အရွယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

“မနေ့က ၁ နာရီလောက်မှာ လက်နက်ကြီးသုံးလုံးပစ်တယ်။ တစ်လုံးက ရွာထဲကိုကျတယ်။ အိမ်နားမှာကွဲတာပါ။ ကျွန်တော်ညီမလေးဆုံးသွားတယ်။ နောက်ထပ်တစ်အိမ်ကလည်း မိန်းကလေးတစ်ယောက်ဆုံးသွားတယ်။ ကျန်တဲ့လူတွေကိုတော့ ဆေးရုံပို့ထားပါတယ်။”လို့ ကိုရှာဘော်ဒိန်က ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးတွေဟာ တပ်မတော်တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ ၅၅၁စခန်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်ဘက်ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တဲ့အတွက် တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေဘက်ကတော့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်ဖက်ကသာ ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ကျွန်တော်တို့သိရတာက စိုင်းဒင်တံတားနားမှာရှိတဲ့ ခမရ ၅၅၁ကနေပစ်တာလို့သိရတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ မြန်မာ့တပ်မတော်က ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်တယ်”လို့ ခိုင်သုခက ပြောပါတယ်။

အခုလအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ လက်နက်ကြီးတွေပစ်ခတ်နေတဲ့အတွက် ကျေးရွာတွေကိုကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း မကြာခဏဆိုသလို ဖြစ်ပွာနေတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #လက်နက်ကြီးပစ်ခတ် #၂ဦးသေဆုံး

Zawgyi

ဘူးသီးေတာင္မွာ လက္နက္ႀကီးပစ္လို႔ အရပ္သားႏွစ္ဦးေသၿပီး၊ ၇ ဦးဒဏ္ရာရ

ဘူးသီးေတာင္၊ ဇန္နဝါရီ ၂၅-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ ဇန္နဝါရီ(၂၄)ရက္ေန႔ ေနလယ္ပိုင္းက လက္နက္ႀကီးပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး ေက်းရြာအတြင္းကို က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အမ်ိဳးသမီးႏွစ္ဦးေသဆံုးၿပီး၊ ၇ ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့တဲဲ့ ေက်းရြာဟာ ဘူးသီးတာင္ၿမိဳ႕နယ္အတြင္းက မြတ္ဆလင္ေတြေနထိုင္တဲ့ ကင္းေတာင္ေက်းရြာျဖစ္ၿပီး ေနအိမ္ေတြအၾကားမွာ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အသက္ ၁၈ ႏွစ္္အရြယ္တစ္ဦးနဲ႔ ၂၅ ႏွစ္အရြယ္တစ္ဦး ေသဆံုးသြားခဲ့ပါတယ္။

“မေန႔က ၁ နာရီေလာက္မွာ လက္နက္ႀကီးသံုးလံုးပစ္တယ္။ တစ္လံုးက ရြာထဲကိုက်တယ္။ အိမ္နားမွာကြဲတာပါ။ ကၽြန္ေတာ္ညီမေလးဆံုးသြားတယ္။ ေနာက္ထပ္တစ္အိမ္ကလည္း မိန္းကေလးတစ္ေယာက္ဆံုးသြားတယ္။ က်န္တဲ့လူေတြကိုေတာ့ ေဆးရံုပို႔ထားပါတယ္။”လို႔ ကိုရွာေဘာ္ဒိန္က ေျပာပါတယ္။

အဲ့ဒီလက္နက္ႀကီးေတြဟာ တပ္မေတာ္တပ္စခန္းတစ္ခုျဖစ္တဲ့ ခမရ ၅၅၁စခန္းကေန ပစ္ခတ္ခဲ့တာျဖစ္ၿပီး အဲ့ဒီအနီးဝန္းက်င္မွာ တုိက္ပြဲျဖစ္ပြားခဲ့တာလည္းမရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

တပ္မေတာ္ဘက္ကုိဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တဲ့အတြက္ တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေအေအဘက္ကေတာ့ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ တပ္မေတာ္ဖက္ကသာ ပစ္ခတ္တာျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

“ကၽြန္ေတာ္တုိ႔သိရတာက စိုင္းဒင္တံတားနားမွာရွိတ့ဲ ခမရ ၅၅၁ကေနပစ္တာလို႔သိရတယ္။ တိုက္ပြဲျဖစ္တာမရွိဘူး။ ျမန္မာ့တပ္မေတာ္က ေက်းရြာေတြကို အဓိကပစ္မွတ္ထားၿပီး တိုက္ခိုက္ေနတာျဖစ္တယ္”လို႔ ခိုင္သုခက ေျပာပါတယ္။

အခုလအတြင္း ၿပီးခဲ့တဲ့ရက္ပိုင္းေတြကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ လက္နက္ႀကီးေတြပစ္ခတ္ေနတဲ့အတြက္ ေက်းရြာေတြကိုက်ေရာက္ေပါက္ကြဲၿပီး အရပ္သားေတြ ထိခိုက္ေသဆံုးတာေတြလည္း မၾကာခဏဆိုသလို ျဖစ္ပြာေနတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #လက္နက္ႀကီးပစ္ခတ္ #၂ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW