ရန်ကုန်မြို့က တရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ကြီးချုပ်ပြောရန်ကုန်မြို့က တရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ကြီးချုပ်ပြော

ရန်ကုန် ဇန်နဝါရီလ ၂၅-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့လယ်က တရုတ်တန်းကို ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကြိုးစားရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

” တရုတ်တန်းကို ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်၊ ဒီအမွေအနှစ်တွေကို ထိနိးသိမ်းစောင့်ရှောက်ဖို့ ကြိုးစားကြရမယ်၊ တခြားနိုင်ငံတွေမှာဆိုလည်း ဒီလိုတရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ဆိုတာလည်း မြို့ပြရဲ့သင်္ကေတဖြစ်တယ်။”လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပခြင်းက ခရီးသွားလုပ်ငန်းအတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေပြီး နောက်နှစ်သစ်တိုင်းမှာလည်း ခုလိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်ကိုရန်ကုန်မြို့၊လသာမြို့နယ်၊ တရုတ်တန်းမှာ ဇန်နဝါရီလ ၂၅ ၊၂၆ နှစ်ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။

#VOM #voiceofmyanar #ရန်ကုန် #တရုတ်တန်း #ထိန်းသိမ်းဖို့ #ဝန်ကြီးချုပ်ပြော

Zawgyi

ရန္ကုန္ၿမိဳ႕က တ႐ုတ္တန္းကို ထိန္းသိမ္းေစာင့္ေ႐ွာက္ဖို႔ ဝန္ႀကီးခ်ဳပ္ေျပာ

ရန္ကုန္ ဇန္နဝါရီလ ၂၅-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႕လယ္က တ႐ုတ္တန္းကို ေ႐ွးမူမပ်က္ ထိန္းသိမ္းေစာင့္ေ႐ွာက္ၾကဖို႔ ႀကိဳးစားရမယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဒီကေန႔မနက္ပိုင္းကျပဳလုပ္တဲ့ တ႐ုတ္ရိုးရာနွစ္သစ္ကူးပြဲေတာ္ ဖြင့္ပြဲအခမ္းအနားမွာ ေျပာခဲ့တာျဖစ္ပါတယ္။

” တ႐ုတ္တန္းကို ေ႐ွးမူမပ်က္ထိန္းသိမ္းေစာင့္ေ႐ွာက္ဖို႔လိုတယ္၊ ဒီအေမြအႏွစ္ေတြကို ထိနိးသိမ္းေစာင့္ေ႐ွာက္ဖို႔ ႀကိဳးစားၾကရမယ္၊ တျခားႏိုင္ငံေတြမွာဆိုလည္း ဒီလိုတ႐ုတ္တန္းကို ထိန္းသိမ္းေစာင့္ေ႐ွာက္ထားၾကတယ္။ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ဆိုတာလည္း ၿမိဳ႕ျပရဲ့သေကၤတျဖစ္တယ္။”လို႔ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

တ႐ုတ္ႏွစ္သစ္ကူး ပြဲေတာ္က်င္းပျခင္းက ခရီးသြားလုပ္ငန္းအတြက္ အမွန္တကယ္ အေထာက္အပ့ံျဖစ္ေစၿပီး ေနာက္ႏွစ္သစ္တိုင္းမွာလည္း ခုလိုပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ႏွစ္သစ္ကူး ပြဲေတာ္ကိုရန္ကုန္ၿမိဳ႕၊လသာၿမိဳ႕နယ္၊ တ႐ုတ္တန္းမွာ ဇန္နဝါရီလ ၂၅ ၊၂၆ ႏွစ္ရက္တာ က်င္းပသြားမွာျဖစ္ပါတယ္။

#VOM #voiceofmyanar #ရန္ကုန္ #တရုတ္တန္း #ထိန္းသိမ္းဖို႔ #ဝန္ႀကီးခ်ဳပ္ေျပာ

Related posts

Leave a Comment

VOM News

FREE
VIEW