သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရ

ငပုတော၊ ဇန်နဝါရီ ၂၅-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် တွင်းကဆင်မသစ်တောကြိုးဝိုင်း အတွင်းမှာ ဇန်နဝါရီ၂၄ရက်နေ့မနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေပါဝင်တဲ့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ကင်းလှည့်ဆောင်ရွက်ချိန် ဆင်မသစ်တောကြိုးဝိုင်းအတွင်း၊ အကွက်အမှတ် (၇၄)မှာ တောဆင်ရိုင်းအမတစ်ကောင် အသတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

“ဆင်ကတော့ အရေခွံခွာပီး အသတ်ခံထားရတာပါ၊
လတ်လတ်ဆတ်ဆတ်ရှိနေသေးတဲ့အတွက် သစ်တောဝင်ပေါက်ထွက်ပေါက်တွေ အကုန်ပိတ်ဆို့ရှာဖွေနေပါတယ်”လို့ တောဆင်ရိုင်းစောင့်ရှောက်ရေးအဖွဲ့မှာပါတဲ့ ငရုတ်ကောင်းတောင် အုပ်ချုပ်ရေးမူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းအကောင်ရေ (၁၅၀၀) ခန့်၊ အစိုးရနဲ့ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်အကောင်ရေ (၆၀၀၀) ခန့်ထိရှိနေပြီး

ဧရာဝတီတိုင်းမှာ တောဆင်ရိုင်းအကောင်ရေ(၄၅၀)ကျော်ရှိနေကာ မြန်မာနိင်ငံမှာ တောဆင်ရိုင်းအကောင်ရေ အများဆုံးဖြစ်တဲ့နေရာလို့လည်း သစ်တောဦးစီးဌာနရဲ့ မှတ်တမ်းတွေအရသိရပြီး အခုလို တောဆင်ရိုင်းအသတ်ခံရမူဟာ ၂၀၂၀ နှစ်အစပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Photo -ကျော်မြင့်ထွန်း
#VOM #voiceofmyanmar #ငပုတော #တောဆင်ရိုင်း #အသတ်ခံရ

Zzwgyi

သစ္ေတာႀကိဳးဝိုင္းအတြင္း ေတာဆင္ရိုင္းတစ္ေကာင္ သတ္ျဖတ္ခံရ

ငပုေတာ၊ ဇန္နဝါရီ ၂၅-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း ေဒသႀကီး ပုသိမ္ခရိုင္ ငပုေတာျမိဳ႕နယ္ တြင္းကဆင္မသစ္ေတာႀကိဳး၀ိုင္း အတြင္းမွာ ဇန္နဝါရီ၂၄ရက္ေန႔မနက္ပိုင္းက ေတာဆင္ရိုင္းတစ္ေကာင္ သတ္ျဖတ္ခံခဲ့ရတယ္လို႔ ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕ကေန သိရပါတယ္။

ရဲတပ္ဖြဲ႔နဲ႕ သစ္ေတာဦးစီးဌာန တာ၀န္ရွိသူေတြပါ၀င္တဲ့ ေတာဆင္ရိုင္းထိန္းသိမ္းကာကြယ္ေရးအဖြဲ႔က ကင္းလွည့္ေဆာင္ရြက္ခ်ိန္ ဆင္မသစ္ေတာႀကိဳးဝိုင္းအတြင္း၊ အကြက္အမွတ္ (၇၄)မွာ ေတာဆင္ရုိင္းအမတစ္ေကာင္ အသတ္ခံထားရတာကို ေတြ႕ရွိခဲ့တယ္လို႔သိရပါတယ္။

“ဆင္ကေတာ့ အေရခြံခြာပီး အသတ္ခံထားရတာပါ၊
လတ္လတ္ဆတ္ဆတ္ရွိေနေသးတဲ့အတြက္ သစ္ေတာဝင္ေပါက္ထြက္ေပါက္ေတြ အကုန္ပိတ္ဆို႕ရွာေဖြေနပါတယ္”လို႔ ေတာဆင္ရုိင္းေစာင့္ေရွာက္ေရးအဖြဲ႕မွာပါတဲ့ ငရုတ္ေကာင္းေတာင္ အုပ္ခ်ဳပ္ေရးမူး ဦးေက်ာ္ျမင့္ထြန္းကေျပာပါတယ္။

လက္ရိွ ျမန္မာႏိုင္ငံအတြင္း သဘာ၀သစ္ေတာနယ္ေျမေတြမွာ ေတာင္ဆင္ရိုင္း ခန္႔မွန္းအေကာင္ေရ (၁၅၀၀) ခန္႔၊ အစိုးရနဲ႔ပုဂၢလိကပိုင္ မွတ္ပံုတင္ထားတဲ့ ဆင္အေကာင္ေရ (၆၀၀၀) ခန္႔ထိရိွေနၿပီး

ဧရာဝတီတိုင္းမွာ ေတာဆင္ရိုင္းအေကာင္ေရ(၄၅၀)ေက်ာ္ရွိေနကာ ျမန္မာနိင္ငံမွာ ေတာဆင္ရိုင္းအေကာင္ေရ အမ်ားဆံုးျဖစ္တဲ့ေနရာလုိ႔လည္း သစ္ေတာဦးစီးဌာနရဲ႕ မွတ္တမ္းေတြအရသိရၿပီး အခုလို ေတာဆင္ရိုင္းအသတ္ခံရမူဟာ ၂၀၂၀ ႏွစ္အစပိုင္းမွာ ပထမဆံုးအႀကိမ္ျဖစ္တယ္လို႔ သိရပါတယ္။

Photo -ေက်ာ္ျမင့္ထြန္း
#VOM #voiceofmyanmar #ငပုေတာ #ေတာဆင္ရိုင္း #အသတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW