ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲဆိုတဲ့ မိန်းကလေးနှစ်ဦး ပုဒ်မသုံးခုနဲ့အမှုဖွင့်ခံရ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲဆိုတဲ့ မိန်းကလေးနှစ်ဦး ပုဒ်မသုံးခုနဲ့အမှုဖွင့်ခံရ

ရန်ကုန် ၊ ဇန်နဝါရီ ၂၆-၂၀၂၀
သူရိန်(VOM)

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမအလယ်မှာ နိုင်ငံ့ဝန်ထမ်းယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကိုညစ်ညမ်းစွာဆဲဆိုခဲ့တဲ့မိန်းကလေးနှစ်ဦးကို စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။

“မိန်းကလေးနှစ်ယောက်လုံးကိုတော့ ဖမ်းမိပြီ။ သူတို့ကလိုင်စင်မရှိဘဲတက်မောင်းတယ်။ ပြီးတော့ လမ်းအလယ်မှာကားကိုရပ်ထားပြီးတော့ အိပ်နေတယ်။ အရက်သောက်ထားလား မသောက်ထားလားဆိုတာ ဆက်ပြီးစစ်ဆေးနေတယ်။ အမှတ်(၄၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ စမ်းချောင်း၊ YRTA ပူးပေါင်းအဖွဲ့က ယာဉ်လမ်းရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ကကားကိုလမ်းအလယ်မှာရပ်ထားတော့ အခြားယာဉ်တွေက သွားလို့မရတော့ဘူး။ ဒါကို ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားနှိုးတော့ ယာဉ်မောင်းအမျိုးသမီးက ဆဲဆိုတယ်။ နောက်တစ်ယောက်က ယာဖက်လက်ကို ဆွဲကုတ်တယ်။ ဒဏ်ရာရသွားတယ်”လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီကျော် ဗားကရားလမ်းမအလယ် ဂမုန်းပွင့်ကုန်တိုက်အနီးမှာ Super Custom အမျိုးအစားယာဉ်ကို စည်းကမ်းချိုးဖေါက်ရပ်ထားတဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒုရဲအုပ်က ကားတံခါးဖွင့်ပြီး သွားရောက်နှိုးခဲ့တာကို ယာဉ်မောင်းဖြစ်သူ မစုမွန်အောင်က ညစ်ညမ်းဆဲဆိုခဲ့တဲ့အပြင် ယာဉ်ရဲ့နောက်ခန်းမှာပါလာတဲ့အမျိုးသမီးတစ်ဦးက ဒုရဲအုပ်မဇင်လတ်အောင်ရဲ့ ယာဖက်လက်ဖမိုးကိုဆွဲကုတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ တာဝန်ဝတ္တရားထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းကို ဆက်လက်တာဝန်မထမ်းဆောင်နိုင်လောက်အောင် ကိုယ်ထိလက်ရောက်ကျူးလွန်ဒဏ်ရာရရှိစေခဲ့တဲ့အပြင် တပ်ဖွဲ့ဝင်တွေကို ညစ်ညမ်းစွာဆဲဆိုခဲ့တာကြောင့် ဒုရဲအုပ်မဇင်လတ်အောင်ကတရားလိုပြုလုပ်ပြီး စမ်းချောင်းမြို့မရဲစခန်းမှာ (ပ) ၆၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၃၂/၁၁၄ တို့နဲ့အမှုဖွင့်အရေးယူထားပါတယ်။

#voiceofmyanmar #VOM #ယာဉ်ထိမ်းရဲကိုဆဲဆိုသူမှုဖွင့်ခံရ #စမ်းချောင်း #ရန်ကုန်

 

Zawgyi

ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြကို ဆဲဆိုတဲ့ မိန္းကေလးႏွစ္ဦး ပုဒ္မသုံးခုနဲ႔အမႈဖြင့္ခံရ

ရန္ကုန္ ၊ ဇန္နဝါရီ ၂၆-၂၀၂၀
သူရိန္(VOM)

စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္းမအလယ္မွာ ႏိုင္ငံ့ဝန္ထမ္းယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြကိုညစ္ညမ္းစြာဆဲဆိုခဲ့တဲ့မိန္းကေလးႏွစ္ဦးကို စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးက သိရပါတယ္။

“မိန္းကေလးႏွစ္ေယာက္လုံးကိုေတာ့ ဖမ္းမိၿပီ။ သူတို႔ကလိုင္စင္မရွိဘဲတက္ေမာင္းတယ္။ ၿပီးေတာ့ လမ္းအလယ္မွာကားကိုရပ္ထားၿပီးေတာ့ အိပ္ေနတယ္။ အရက္ေသာက္ထားလား မေသာက္ထားလားဆိုတာ ဆက္ၿပီးစစ္ေဆးေနတယ္။ အမွတ္(၄၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ စမ္းေခ်ာင္း၊ YRTA ပူးေပါင္းအဖြဲ႕က ယာဥ္လမ္းရွင္းလင္းေရးေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သူတို႔ကကားကိုလမ္းအလယ္မွာရပ္ထားေတာ့ အျခားယာဥ္ေတြက သြားလို႔မရေတာ့ဘူး။ ဒါကို ယာဥ္ထိန္းရဲတပ္ဖြဲ႕က သြားႏႈိးေတာ့ ယာဥ္ေမာင္းအမ်ိဳးသမီးက ဆဲဆိုတယ္။ ေနာက္တစ္ေယာက္က ယာဖက္လက္ကို ဆြဲကုတ္တယ္။ ဒဏ္ရာရသြားတယ္”လို႔ အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးကတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္မွာဇန္နဝါရီ ၂၅ ရက္ ညေန ၄ နာရီေက်ာ္ ဗားကရားလမ္းမအလယ္ ဂမုန္းပြင့္ကုန္တိုက္အနီးမွာ Super Custom အမ်ိဳးအစားယာဥ္ကို စည္းကမ္းခ်ိဳးေဖါက္ရပ္ထားတဲ႕အတြက္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဒုရဲအုပ္က ကားတံခါးဖြင့္ၿပီး သြားေရာက္ႏႈိးခဲ့တာကို ယာဥ္ေမာင္းျဖစ္သူ မစုမြန္ေအာင္က ညစ္ညမ္းဆဲဆိုခဲ့တဲ့အျပင္ ယာဥ္ရဲ႕ေနာက္ခန္းမွာပါလာတဲ့အမ်ိဳးသမီးတစ္ဦးက ဒုရဲအုပ္မဇင္လတ္ေအာင္ရဲ႕ ယာဖက္လက္ဖမိုးကိုဆြဲကုတ္ခဲ့ၿပီး ဒဏ္ရာရရွိခဲ့တဲ့အတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ျပင္ပလူနာဌာနမွာ ေဆးကုသမႈခံယူခဲ့ရပါတယ္။

အဲဒီျဖစ္စဥ္မွာ တာဝန္ဝတၱရားထမ္းေဆာင္ေနတဲ့ ႏိုင္ငံ့ဝန္ထမ္းကို ဆက္လက္တာဝန္မထမ္းေဆာင္ႏိုင္ေလာက္ေအာင္ ကိုယ္ထိလက္ေရာက္က်ဴးလြန္ဒဏ္ရာရရွိေစခဲ့တဲ့အျပင္ တပ္ဖြဲ႕ဝင္ေတြကို ညစ္ညမ္းစြာဆဲဆိုခဲ႕တာေၾကာင့္ ဒုရဲအုပ္မဇင္လတ္ေအာင္ကတရားလိုျပဳလုပ္ၿပီး စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွာ (ပ) ၆၉/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၃၂/၁၁၄ တို႔နဲ႔အမႈဖြင့္အေရးယူထားပါတယ္။

#voiceofmyanmar #VOM #ယာဥ္ထိမ္းရဲကိုဆဲဆိုသူမွဳဖြင့္ခံရ #စမ္းေခ်ာင္း #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW