တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်းကျဆုံးခြင်း သုံးနှစ်ပြည့်အခမ်းအနား ပြုလုပ်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈-၂၀၂၀
အောင်ထူးနိုင်(VOM)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်း ကျဆုံးခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်(မနက်ဖြန်)မှာ ပြုလုပ်သွားမယ်လို့ ကျင်းပရေးကော်မတီကနေ သိရပါတယ်။

“တရားမျှတမှုအတွက် အမှန်တရားကို ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်တယ်”လို့ ကျင်းပရေးကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကပြောပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့မှာဖြစ်ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်းတို့ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က သေနတ်သမား(ဦး)ကြည်လင်းရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဦးကိုနီ #ဦးနေဝင်း #အောက်မေ့ဖွယ်အခမ်းအနား

Zawgyi

တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီနဲ႔ တကၠစီယာဥ္ေမာင္းဦးေနဝင္းက်ဆုံးျခင္း သုံးႏွစ္ျပည့္အခမ္းအနား ျပဳလုပ္မယ္

ရန္ကုန္၊ ဇန္နဝါရီ ၂၈-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီနဲ႔ တကၠစီယာဥ္ေမာင္းဦးေနဝင္း က်ဆုံးျခင္း သုံးႏွစ္ျပည့္ ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ အခမ္းအနားကို ဇန္နဝါရီ ၂၉ ရက္(မနက္ျဖန္)မွာ ျပဳလုပ္သြားမယ္လို႔ က်င္းပေရးေကာ္မတီကေန သိရပါတယ္။

“တရားမွ်တမႈအတြက္ အမွန္တရားကို ေဖာ္ေဆာင္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဒီအခမ္းအနားကို က်င္းပသြားမွာ ျဖစ္တယ္”လို႔ က်င္းပေရးေကာ္မတီမွ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ကေျပာပါတယ္။

ဒီအခမ္းအနားကို ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သဝဏ္လႊာေပးပို႔မွာျဖစ္ၿပီး အစိုးရအဖြဲ႕ဝန္ႀကီးေတြအျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြကို ဖိတ္ၾကားထားတယ္လို႔ ဦးထြန္းၾကည္က ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီနဲ႔ တကၠစီယာဥ္ေမာင္းဦးေနဝင္းတို႔ဟာ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီ ၂၉ ရက္ေန႔က ေသနတ္သမား(ဦး)ၾကည္လင္းရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဦးကိုနီ #ဦးေနဝင္း #ေအာက္ေမ့ဖြယ္အခမ္းအနား

Related posts

Leave a Comment

VOM News

FREE
VIEW