တာလီဘန်ထိန်းချုပ်ရာဒေသမှာ အမေရိကန်စစ်လေယာဉ်တစ်စင်း ပျက်ကျ

ဘဂ္ဂဒက်၊ ဇန်နဝါရီ -၂၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်စစ်ဘက်လေယာဉ်တစ်စင်းဟာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ပျက်ကျသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုလိုက်ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ရန်သူရဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်ပျက်ကျရတယ်ဆိုတဲ့ လက္ခဏာမျိုးမရှိဘူးလို့ အမေရိကန်စစ်ဘက်က ဗိုလ်မှူးကြီးဆန်နီလက်ဂတ်က ပြောပါတယ်။

အဲဒီလေယာဉ်ဟာ ဂါဇိုင်ပြည်နယ်၊ ဒေယာ့ခ်ခရိုင်အတွင်း တာလီဘန်တို့ကြီးစိုးရာဒေသမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူဘယ်နှစ်ယောက် လိုက်ပါသွားတယ်ဆိုတာ မသိရသေးပါဘူး။

နောက်ထပ်လေယာဉ်ပျက်ကျသွားတယ်လို့ တာလီဘန်တို့ဖက်က အခိုင်အမာပြောဆိုမှုကို ဗိုလ်မှူးကြီး လက်ဂတ်က ငြင်းဆိုထားပါတယ်။

သူတို့ရဲ့ လူမှုကွန်ရက်မှာတော့ အမေရိကန်လေတပ်အမှတ်အသားပါဝင်တဲ့ မီးလောင်နေတဲ့ လေယာဉ်ကိုဖော်ပြထားပါတယ်။

ရုပ်သံမှတ်တမ်းမှာ အာဖဂန်နစ္စတန်မှာ အီလက်ထရောနစ် ထောက်လှမ်းရေးအတွက် အမေရိကန်လေတပ်က အသုံးပြုတဲ့ Bombardier E-11A အမျိုးအစားလေယာဉ်တစ်စင်းကို တာလီဘန်တို့က ပြသထားတာဖြစ်ပါတယ်။

Ref : BBC Photo: AP
#VOM #voiceofmyanmar #ဘဂ္ဂဒက် #အမေရိကန်လေယာဉ်ပျက်ကျ

Zawgyi

တာလီဘန္ထိန္းခ်ဳပ္ရာေဒသမွာ အေမရိကန္စစ္ေလယာဥ္တစ္စင္း ပ်က္က်

ဘဂၢဒက္၊ ဇန္န၀ါရီ -၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္စစ္ဘက္ေလယာဥ္တစ္စင္းဟာ အာဖဂန္နစၥတန္ႏုိင္ငံအေရွ႕ပိုင္းမွာ ဇန္န၀ါရီ ၂၇ ရက္ေန႔က ပ်က္က်သြားခဲ့တယ္လို႔ အေမရိကန္စစ္တပ္က အတည္ျပဳလိုက္ပါတယ္။

ေလယာဥ္ပ်က္က်ရတဲ႔ အေၾကာင္းအရင္းကုိ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနဆဲျဖစ္ျပီး ရန္သူရဲ႕ ပစ္ခတ္မႈေၾကာင့္ ေလယာဥ္ပ်က္က်ရတယ္ဆုိတဲ႔ လကၡဏာမ်ိဳးမရွိဘူးလို႔ အေမရိကန္စစ္ဘက္က ဗုိလ္မွဴးၾကီးဆန္နီလက္ဂတ္က ေျပာပါတယ္။

အဲဒီေလယာဥ္ဟာ ဂါဇုိင္ျပည္နယ္၊ ေဒယာ့ခ္ခရို္င္အတြင္း တာလီဘန္တုိ႔ၾကီးစိုးရာေဒသမွာ ေလယာဥ္ပ်က္က်ခဲ႔တာျဖစ္ျပီး ေလယာဥ္ေပၚမွာ လူဘယ္နွစ္ေယာက္ လိုက္ပါသြားတယ္္ဆိုတာ မသိရေသးပါဘူး။

ေနာက္ထပ္ေလယာဥ္ပ်က္က်သြားတယ္လို႔ တာလီဘန္တုိ႔ဖက္က အခိုင္အမာေျပာဆုိမႈကုိ ဗုိလ္မွဴးၾကီး လက္ဂတ္က ျငင္းဆုိထားပါတယ္။

သူတို႔ရဲ႕ လူမႈကြန္ရက္မွာေတာ႔ အေမရိကန္ေလတပ္အမွတ္အသားပါ၀င္တဲ႔ မီးေလာင္ေနတဲ႔ ေလယာဥ္ကိုေဖာ္ျပထားပါတယ္။

ရုပ္သံမွတ္တမ္းမွာ အာဖဂန္နစၥတန္မွာ အီလက္ထေရာနစ္ ေထာက္လွမ္းေရးအတြက္ အေမရိကန္ေလတပ္က အသံုးျပဳတဲ႔ Bombardier E-11A အမ်ိဳးအစားေလယာဥ္တစ္စင္းကို တာလီဘန္တို႔က ျပသထားတာျဖစ္ပါတယ္။

Ref : BBC Photo: AP
#VOM #voiceofmyanmar #ဘဂၢဒက္ #အေမရိကန္ေလယာဥ္ပ်က္က်

Related posts

Leave a Comment

VOM News

FREE
VIEW