ပညာရေးကောလိပ်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေချိန် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၈-၂၀၂၀
ကိုထွန်း(VOM)

ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC-2ခန်းမမှာ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကျင်းပချိန် ဒေါ်အောင်ဆန်စုကြည်က အမှစကားပြောကြားနေစဉ် ပညာရေးကောလိပ်ကျောင်းသားတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ခန်းမအတွင်းမှာပြုလုပ်ခဲ့ကြပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံပြီး ညှိနိုင်းမှုပြုလုပ်ခဲ့ပေမယ့်လည်း ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်(၁၀)မိနစ်ခန့် တွေ့ဆုံဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မတ်လအကုန်ထိ စာသင်ကာလတိုးမြငှင့်တာနဲ့ပက်သက်ပြီး ယခုလို ခန်းမအတွင်းကန့်ကွက်မှုပြုလုပ်ရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံလိုတာဟာလည်း အဲ့ဒီအကြောင်းအရာကို ဆွေးနွေးလိုတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့တောင်းဆိုတဲ့ကျောင်းသားတွေဟာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ မုံရွာပညာရေးကောလိပ်က ကျောင်းသားတွေလို့ သိရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ပညာရေး #ဒေါ်အောင်ဆန်းစုကြည် #ကန့်ကွက်မှုပြုလုပ်

Zawgyi

ပညာေရးေကာလိပ္ေက်ာင္းသားမ်ား ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာေနခ်ိန္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈျပဳလုပ္

ေနျပည္ေတာ္၊ ဇန္နဝါရီ ၂၈-၂၀၂၀
ကိုထြန္း(VOM)

ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ MICC-2ခန္းမမွာ ပညာေရးဝန္ႀကီးဌာန၊ ပညာေရးဖြံၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲက်င္းပခ်ိန္ ေဒၚေအာင္ဆန္စုၾကည္က အမွစကားေျပာၾကားေနစဥ္ ပညာေရးေကာလိပ္ေက်ာင္းသားေတြက ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ခန္းမအတြင္းမွာျပဳလုပ္ခဲ့ၾကပါတယ္။

သက္ဆိုင္ရာ၀န္ႀကီးဌာနကလည္း ေက်ာင္းသားေတြကို ေခၚယူေတြ႕ဆုံၿပီး ညႇိႏိုင္းမႈျပဳလုပ္ခဲ့ေပမယ့္လည္း ေက်ာင္းသားေတြဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အခ်ိန္(၁၀)မိနစ္ခန႔္ ေတြ႕ဆုံဖို႔ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

မတ္လအကုန္ထိ စာသင္ကာလတိုးျမငွင့္တာနဲ႔ပက္သက္ၿပီး ယခုလို ခန္းမအတြင္းကန႔္ကြက္မႈျပဳလုပ္ရျခင္းျဖစ္ကာ ေဒၚေအာင္ဆန္းစုၾကည့္နဲ႔ ေတြ႕ဆုံလိုတာဟာလည္း အဲ့ဒီအေၾကာင္းအရာကို ေဆြးေႏြးလိုတာျဖစ္တယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ေတာင္းဆိုတဲ့ေက်ာင္းသားေတြဟာ ရန္ကုန္ပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္နဲ႔ မုံ႐ြာပညာေရးေကာလိပ္က ေက်ာင္းသားေတြလို႔ သိရၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ ေတြ႕ဆုံခြင့္မရခဲ့ဘူးလို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ပညာေရး #ေဒၚေအာင္ဆန္းစုၾကည္ #ကန႔္ကြက္မႈျပဳလုပ္

Related posts

Leave a Comment

VOM News

FREE
VIEW