ဂျပန်ဘီလျံနာသူဌေး လကမ္ဘာခရီးစဉ်အတူသွားဖို့ ကြင်ဖော်ရှာတဲ့အစီအစဉ် ဖျက်သိမ်း

တိုကျို၊ ဇန်နဝါရီ ၃၀-၂၀၂၀
မျိုးဆက် (VOM)

Space X ကုမ္ပဏီရဲ့ အာကာယာဉ်နဲ့ လကမ္ဘာကိုသွားရောက်ဖို့အတွက် ကြင်ဖော်ရှာဖွေနေတဲ့ ဂျပန်ဘီလျံနာသူဌေးဟာ သူ့ရဲ့ရှာဖွေမှုအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဖက်ရှင်လုပ်ငန်းရှင်ဖြစ်သူ ဂျပန်နိုင်ငံသား ယူဆာကူမာဇာဝါဟာ သူ့ရဲ့လကမ္ဘာခရီးစဉ်မှာ ကြင်ဖော်အဖြစ် အသက် ၂၀ ကျော်လူလွတ်အမျိုးသမီးတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။

သူ့ရဲ့အစီအစဉ်မှာ အမျိုးသမီး ၂၈၀၀၀ နီးပါး လာရောက်လျှောက်ထားခဲ့ကြပေမယ့် ရောထွေးတဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်နေတဲ့အတွက် ကြင်ဖော်ရှာတဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ယူဆာကူမာဇာဝါကပြောပါတယ်။

ဒီအစဉ်အစဉ်ဖျက်သိမ်းလိုက်ပေမယ့် လက်တွဲဖော်မပါဘဲ ၂၀၂၃ ခုနှစ်မှာ အာကာသခရီးထွက်ဖို့ သူကစီစဉ်နေဆဲဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ယူဆာကူမာဇာဝါဟာ သူရဲ့အာကာသခရီးစဉ်မှာ အဖော်လိုက်ပါမယ့် အမျိုးသမီးတစ်ဦးကို ရှာဖွေဖို့အတွက် အွန်လိုင်းပေါ်မှာ ဇန်နဝါရီလအတွင်းက ကြော်ငြာခဲ့တာဖြစ်ပါတယ်။

သူဟာ အသက် ၂၇ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး အရာမီဂိုရီကီနဲ့ မကြာသေးမီအချိန်အတွင်းကမှ လမ်းခွဲခဲ့သူဖြစ်ပါတယ်။

Ref : BBC Photo: Reuters

#VOM #voiceofmyanmar #တိုကျို #ဂျပန်ဘီလီယံနာသူဌေး #လကမ္ဘာသွားမယ့်အစီအစဉ်ဖျက်သိမ်း

Zawgyi

ဂ်ပန္ဘီလ်ံနာသူေဌး လကမၻာခရီးစဥ္အတူသြားဖို႔ ၾကင္ေဖာ္ရွာတဲ႔အစီအစဥ္ ဖ်က္သိမ္း

တိုကိ်ဳ၊ ဇန္န၀ါရီ ၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

Space X ကုမၸဏီရဲ႕ အာကာယာဥ္နဲ႔ လကမၻာကိုသြားေရာက္ဖို႔အတြက္ ၾကင္ေဖာ္ရွာေဖြေနတဲ႔ ဂ်ပန္ဘီလ်ံနာသူေဌးဟာ သူ႔ရဲ႕ရွာေဖြမႈအစီအစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။

ဖက္ရွင္လုပ္ငန္းရွင္ျဖစ္သူ ဂ်ပန္နို္င္ငံသား ယူဆာကူမာဇာ၀ါဟာ သူ႔ရဲ႕လကမၻာခရီးစဥ္မွာ ၾကင္ေဖာ္အျဖစ္ အသက္ ၂၀ ေက်ာ္လူလြတ္အမ်ိဳးသမီးတစ္ဦးကို ရွာေဖြေနတာျဖစ္ပါတယ္။

သူ႔ရဲ႕အစီအစဥ္မွာ အမ်ိဳးသမီး ၂၈၀၀၀ နီးပါး လာေရာက္ေလွ်ာက္ထားခဲ႔ၾကေပမယ္႔ ေရာေထြးတ႔ဲစိတ္ခံစားမႈေတြျဖစ္ေပၚေနတဲ့အတြက္ ၾကင္ေဖာ္ရွာတဲ႔အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ ဇန္န၀ါရီ ၃၀ ရက္မွာ ယူဆာကူမာဇာ၀ါကေျပာပါတယ္။

ဒီအစဥ္အစဥ္ဖ်က္သိမ္းလိုက္ေပမယ္႔ လက္တြဲေဖာ္မပါဘဲ ၂၀၂၃ ခုနွစ္မွာ အာကာသခရီးထြက္ဖို႔ သူကစီစဥ္ေနဆဲျဖစ္ပါတယ္။

အသက္ ၄၄ နွစ္အရြယ္ ယူဆာကူမာဇာ၀ါဟာ သူရဲ႕အာကာသခရီးစဥ္မွာ အေဖာ္လိုက္ပါမယ္႔ အမ်ိဳးသမီးတစ္ဦးကို ရွာေဖြဖို႔အတြက္ အြန္လိုင္းေပၚမွာ ဇန္န၀ါရီလအတြင္းက ေၾကာ္ျငာခဲ႔တာျဖစ္ပါတယ္။

သူဟာ အသက္ ၂၇ နွစ္အရြယ္ သရုပ္ေဆာင္မင္းသမီး အရာမီဂိုရီကီနဲ႔ မၾကာေသးမီအခ်ိန္အတြင္းကမွ လမ္းခြဲခဲ႔သူျဖစ္ပါတယ္။

Ref : BBC Photo: Reuters

#VOM #voiceofmyanmar #တိုက်ိဳ #ဂ်ပန္ဘီလီယံနာသူေဌး #လကမာၻသြားမယ့္အစီအစဥ္ဖ်က္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW