ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းတဲ့အတွက် မကျေနပ်မှုတချို့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၀-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဆိပ်ကမ်းမြို့နယ်ကိုဖျက်သိမ်းမှာကို မကျေနပ်သူတချို့ရှိနေတယ်လို့ သိရပါတယ်။

လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လမ်းမတော်မြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်အတွင်း ထည့်သွင်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်စာနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာမသိသေးဘူး၊ ညွှန်ကြားစာလည်း လက်ခံမရရှိသေးဘူးလို့လို့ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ဆီကနေ သိရပါတယ်။

” ဆိပ်ကမ်းမြို့နယ်ဟာ လက်ရှိအစိုးရ မဲရှုံးခဲ့တဲ့မြို့နယ်ဖြစ်သလို၊ နောက်ရွေးကောက်ပွဲမှာလည်း နိုင်မှာမဟုတ်တာကြောင့် ဖျက်သိမ်းမယ်ဆိုတာ ပြည်သူတွေကပါသိနေပြီးဖြစ်တယ်။ ဖျက်ကိုဖျက်မှာဆိုတာတော့ သိပြီးသား။ ဒီအစိုးရကဖျက်မှာပဲ။ သူကတော့ သူလုပ်ပိုင်ခွင်နဲ့လုပ်မှာပဲ။ ဒီမြို့နယ်က သူတို့ဘယ်လိုမှအဆင်မပြေလို့ ဖျက်တဲ့သဘောပဲ၊ သတ်မှတ်တယ်။ မဲရှုံးလို့အဓိကဖျက်တာပေါ့၊ နောက်ရွေးကောက်ပွဲလည်းနိုင်မှာမဟုတ်လို့ ဒါကိုလုပ်တယ်ဆိုတာ အားလုံးကယူဆတယ်။ ဒီစာထွက်လာတာကတော့ သွေးတိုးစမ်းတာဖြစ်နိုင်တယ်၊ ဘာဖြစ်လာနိုင်သလဲဆိုတာပေါ့။ ဖျက်သိမ်းမှာကို အန်ကယ်တို့ကစိတ်မကောင်းဘူး။ ပြည်သူ့ဆန္ဒလည်းမခံယူဘူး။ ဖြစ်လာတာတွေကိုကြည့်လိုက် ဒီမိုကရေစီအစိုးရပြောပြီး လုပ်ချင်တာလုပ်နေတယ်၊ အာဏာရှင်ဆန်နေတယ်၊ပြောတုန်းကတမျိုး လုပ်တောတမျိုးဖြစ်နေတယ်”လို့ ဆိပ်ကမ်းမြို့နယ် ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ကပြောပါတယ်။

မြို့နယ်တစ်မြို့နယ်ဖျက်တာ၊ တိုးချဲ့ဖွဲ့စည်းတာ ၊ပေါင်းစပ်တာတွေလုပ်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးဖြတ်အတည်ပြုချက်ရယူဆောင်ရွက်ရတာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ရင် ဖွဲ့စည်းပုံအခြေခံပါဥပဒေပုဒ်မ (၅၄)အရ ပြည်သု့သဘောထားခံယူဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ ဦးစံကျော်ကပြောပါတယ်။

တကယ်လို့ ပြည်သူ့ဆန္ဒကို ပစ်ပယ်ပြီး အာဏာရှင်ဆန်ဆန် လုပ်ခဲ့မယ်ဆိုရင်တော့အစိုးရဟာ ဒီမိုကရေစီမကျကြောင်းနဲ့ အပြောတစ်မျိုးအလုပ်တမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။

” အင်တာနက်မှာတော့ ထုတ်ပြန်စာတွေ့မိတယ်။ အတုလား အစစ်လားတော့မသိဘူး။ မြို့ဖျက်ရင် အိမ်ထောင်စုဇယားတွေ၊ မှတ်ပုံတင်တွေကအစ ပြောင်းရမှာ။ သူတို့ဘယ်လိုကြောင့် ဒီလိုစီစဉ်လဲ စဉ်းစားမရဘူး။ ကျန်တာတော့ မှတ်ချက်မပေးချင်ဘူး၊”လို့ ဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဆိပ်ကမ်းမြို့နယ်ဟာ ဖျက်သိမ်းသင့်တဲ့မြို့မဟုတ်တဲ့အပြင် ရန်ကုန်တိုင်းရဲ့ ပင်လယ်ထွက်ပေါက်ဖြစ်သလို စီးပွားရေးအရဖြစ်စေ လုံခြုံရေးအရပါ အရေးကြီးတဲ့မြို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ(၂၇) ရက်ရက်စွဲနဲ့ လူမှုကွန်ယက်မှာပျံနှံ့နေတဲ့ အမိန့်ကြော်ငြာစာမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အနောက်ပိုင်း)ခရိုင်၊ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ မော်တင်ယာယီဈေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမိသားစုရိပ်သာရပ်ကွက်၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက်(၁၀၄)စတုရန်းမိုင်ကိုရန်ကုန်(အရှေ့ပိုင်းခရိုင်) ဗိုလ်တတောင်မြို့နယ် အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ကြောင်းဖော်ပြပါရှိထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ဆိပ်ကမ်းမြို့နယ်ဖျက်သိမ်း #မကျေနပ်မှုတချို့ရှိ

Zawgyi

ဆိပ္ကမ္းၿမိဳ႕နယ္ကုိ ဖ်က္သိမ္းတဲ့အတြက္ မေက်နပ္မွဳတခ်ိဳ႕ရိွ

ရန္ကုန္၊ ဇန္နဝါရီ ၃၀-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တုိင္း၊ ရန္ကုန္အေနာက္ပိုင္းခရိုင္၊ ဆိပ္ကမ္းၿမိဳ႕နယ္ကိုဖ်က္သိမ္းမွာကို မေက်နပ္သူတခ်ိဳ႕ရိွေနတယ္လို႔ သိရပါတယ္။

လတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ေနတဲ့ဆိပ္ကမ္းၿမိဳ႕နယ္ကို ဖ်က္သိမ္းၿပီး လမ္းမေတာ္ၿမိဳ႕နယ္နဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္း ထည့္သြင္းထားၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနက အမိန္႔ေၾကာ္ျငာစာ ထုတ္ျပန္စာနဲ႔ပတ္သက္လို႔ေတာ့ တစ္စုံတစ္ရာမသိေသးဘူး၊ ၫႊန္ၾကားစာလည္း လက္ခံမရရွိေသးဘူးလို႔လုိ႔ ဆိပ္ကမ္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္ဆီကေန သိရပါတယ္။

” ဆိပ္ကမ္းၿမိဳ႕နယ္ဟာ လက္ရွိအစိုးရ မဲရႈံးခဲ့တဲ့ၿမိဳ႕နယ္ျဖစ္သလို၊ ေနာက္ေ႐ြးေကာက္ပြဲမွာလည္း ႏိုင္မွာမဟုတ္တာေၾကာင့္ ဖ်က္သိမ္းမယ္ဆိုတာ ျပည္သူေတြကပါသိေနၿပီးျဖစ္တယ္။ ဖ်က္ကိုဖ်က္မွာဆိုတာေတာ့ သိၿပီးသား။ ဒီအစိုးရကဖ်က္မွာပဲ။ သူကေတာ့ သူလုပ္ပိုင္ခြင္နဲ႔လုပ္မွာပဲ။ ဒီၿမိဳ႕နယ္က သူတို႔ဘယ္လိုမွအဆင္မေျပလို႔ ဖ်က္တဲ့သေဘာပဲ၊ သတ္မွတ္တယ္။ မဲရႈံးလို႔အဓိကဖ်က္တာေပါ့၊ ေနာက္ေ႐ြးေကာက္ပြဲလည္းႏိုင္မွာမဟုတ္လို႔ ဒါကိုလုပ္တယ္ဆိုတာ အားလုံးကယူဆတယ္။ ဒီစာထြက္လာတာကေတာ့ ေသြးတိုးစမ္းတာျဖစ္ႏိုင္တယ္၊ ဘာျဖစ္လာႏိုင္သလဲဆိုတာေပါ့။ ဖ်က္သိမ္းမွာကို အန္ကယ္တို႔ကစိတ္မေကာင္းဘူး။ ျပည္သူ႔ဆႏၵလည္းမခံယူဘူး။ ျဖစ္လာတာေတြကိုၾကည့္လိုက္ ဒီမိုကေရစီအစိုးရေျပာၿပီး လုပ္ခ်င္တာလုပ္ေနတယ္၊ အာဏာရွင္ဆန္ေနတယ္၊ေျပာတုန္းကတမ်ိဳး လုပ္ေတာတမ်ိဳးျဖစ္ေနတယ္”လို႔ ဆိပ္ကမ္းၿမိဳ႕နယ္ ဆိပ္ကမ္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္ကေျပာပါတယ္။

ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ဖ်က္တာ၊ တိုးခ်ဲ႕ဖြဲ႕စည္းတာ ၊ေပါင္းစပ္တာေတြလုပ္မယ္ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕အဆုံးျဖတ္အတည္ျပဳခ်က္ရယူေဆာင္႐ြက္ရတာျဖစ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္ရင္ ဖြဲ႕စည္းပုံအေျခခံပါဥပေဒပုဒ္မ (၅၄)အရ ျပည္သု႔သေဘာထားခံယူဆုံးျဖတ္ဖို႔ လိုအပ္တယ္လို႔ ဦးစံေက်ာ္ကေျပာပါတယ္။

တကယ္လို႔ ျပည္သူ႔ဆႏၵကို ပစ္ပယ္ၿပီး အာဏာရွင္ဆန္ဆန္ လုပ္ခဲ့မယ္ဆိုရင္ေတာ့အစိုးရဟာ ဒီမိုကေရစီမက်ေၾကာင္းနဲ႔ အေျပာတစ္မ်ိဳးအလုပ္တမ်ိဳးျဖစ္ေနတယ္လို႔ ေျပာပါတယ္။

” အင္တာနက္မွာေတာ့ ထုတ္ျပန္စာေတြ႔မိတယ္။ အတုလား အစစ္လားေတာ့မသိဘူး။ ျမိဳ႕ဖ်က္ရင္ အိမ္ေထာင္စုဇယားေတြ၊ မွတ္ပုံတင္ေတြကအစ ေျပာင္းရမွာ။ သူတို႔ဘယ္လိုေၾကာင့္ ဒီလိုစီစဥ္လဲ စဥ္းစားမရဘူး။ က်န္တာေတာ့ မွတ္ခ်က္မေပးခ်င္ဘူး၊”လို႔ ဆိပ္ကမ္းၿမိဳ႕နယ္မွာ ေနထိုင္သူတစ္ဦးကေျပာပါတယ္။

ဆိပ္ကမ္းၿမိဳ႕နယ္ဟာ ဖ်က္သိမ္းသင့္တဲ့ၿမိဳ႕မဟုတ္တဲ့အျပင္ ရန္ကုန္တိုင္းရဲ႕ ပင္လယ္ထြက္ေပါက္ျဖစ္သလို စီးပြားေရးအရျဖစ္ေစ လုံၿခဳံေရးအရပါ အေရးႀကီးတဲ့ၿမိဳ႕ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဇန္နဝါရီ(၂၇) ရက္ရက္စြဲနဲ႔ လူမႈကြန္ယက္မွာပ်ံႏွံ႔ေနတဲ့ အမိန္႔ေၾကာ္ျငာစာမွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္(အေနာက္ပိုင္း)ခ႐ိုင္၊ ဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ ေမာ္တင္ယာယီေစ်းရပ္ကြက္ကို လမ္းမေတာ္ၿမိဳ႕နယ္အတြင္း ထည့္သြင္းဖြဲ႕စည္းၿပီး ဆိပ္ကမ္းမိသားစုရိပ္သာရပ္ကြက္၊ ရဲရိပ္သာရပ္ကြက္ႏွင့္ ေရပိုင္နက္(၁၀၄)စတုရန္းမိုင္ကိုရန္ကုန္(အေရွ႕ပိုင္းခ႐ိုင္) ဗိုလ္တေတာင္ၿမိဳ႕နယ္ အတြင္းသို႔ ထည့္သြင္းဖြဲ႕စည္းၿပီး ဆိပ္ကမ္းၿမိဳ႕နယ္ကို ပယ္ဖ်က္ေၾကာင္းေဖာ္ျပပါရွိထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ဆိပ္ကမ္းၿမိဳ႕နယ္ဖ်က္သိမ္း #မေက်နပ္မွဳတခ်ိဳ႕ရိွ

Related posts

Leave a Comment

VOM News

FREE
VIEW