ရှေ့နေဦကိုနီရဲ့စကားကို နားမထောင်ခဲ့ကြလို့ ICJ မှာရင်ဆိုင်ရတာလို့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်း သုံးသပ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀-၂၀၂၀
အောင်ထူးနိုင်(VOM)

တရားလွှတ်တော်ရှေ့နေဦးကိုနီရဲ့စကားကို နားမထောင်ခဲ့ကြလို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICJ) မှာ ရင်ဆိုင်ရတာဖြစ်တယ်လို့ ဟိန္ဒူဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ VEN.HINDU BAHARMA ACARIA KUMAR BRAMAES (ခ) ဦးဆန်းမင်းနိုင်က မနေ့ကပြုလုပ်တဲ့ ဦးကိုနီကွယ်လွန်ခြင်း (၃)နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ တက္ကစီယာဉ်မောင်းဦးနေဝင်း ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့မှာ မနေ့ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူ‌တွေအပြင် နိုင်ငံတကာသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောဆိုပေးခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဦးကိုနီ #ကိုနေဝင်း #အောက်မေ့ဖွယ်အခမ်းအနား

Zawgyi


အောင်ထူးနိုင်(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW