တရုတ်နိုင်ငံနဲ့ လေယာဉ်ပြေးဆွဲပျံသန်းမှု အဓိကလေကြောင်းကုမ္ပဏီတွေ ရပ်ဆိုင်း

လန်ဒန်၊ ဇန်နဝါရီ-၃၀-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြီးထွားလာချိန်မှာ တရုတ်နိုင်ငံနဲ့ အသွားအပြန် လေကြောင်းပြေးဆွဲပျံသန်းမှု တွေကို အဓိကလေကြောင်းကုမ္ပဏီတွေက ပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။

ဗြိတိန်လေကြောင်းလိုင်းဟာ ရောဂါဖြစ်ပွားမှုအခြေအနေကို အကဲဖြတ်နေချိန်မှာ ဇန်နဝါရီ ၃၁ ရက်တိုင်အောင် ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေဆီကို ပျံသန်းမှုတွေကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။

ဂျာမနီရဲ့ လူဖန်ဆာလေကြောင်းလိုင်း၊ သြစတြီးယားလေကြောင်းလိုင်းနဲ့ ဆွစ်ဇာလန်လေကြောင်းလိုင်းတို့ဟာလည်း ဖေဖော်ဝါရီ ၉ ရက်တိုင်အောင် တရုတ်ပြည်မကြီးထိ လေယာဉ်ပြေးဆွဲပျံသန်းမှုတွေကို ဆိုင်းငံ့ထားတယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အမေရိကန်လေကြောင်းလိုင်းတွေကတော့ စီးနှင်သူဦးရေ သိသိသာသာနည်းပါးလာတဲ့အတွက် ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ မတ် ၂၇ ရက်အထိ လော့အိန်ဂျလိစ်နဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်းမြို့တွေအကြား ပျံသန်းမှုတွေကို ဆိုင်းငံ့ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ယူနိုက်တက်လေကြောင်းလိုင်းဟာလည်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်အထိ အမေရိကန်မြို့ကြီးတွေနဲ့ ပေကျင်း၊ ဟောင်ကောင် ၊ ရှန်ဟိုင်းတို့အကြား ပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားတယ်လို့ အစောပိုင်းကတည်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအသစ်ကြောင့် သေဆုံးသူဦးရေဟာ ၁၇၀ ထိရှိလာပြီး ရောဂါကူးစက်ခံရသူ ရှစ်ထောင်နီးပါးအထိ တိုးမြင့်လာနေတယ်လို့ သိရပါတယ်။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #လန်ဒန် #အဓိကလေကြောင်းကုမ္ပဏီတွေရပ်ဆိုင်း

Zawgyi

တရုတ္နိုင္ငံနဲ႔ ေလယာဥ္ေျပးဆြဲပ်ံသန္းမႈ အဓိကေလေၾကာင္းကုမၸဏီေတြ ရပ္ဆိုင္း

လန္ဒန္၊ ဇန္န၀ါရီ-၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္သစ္ ကူးစက္မႈၾကီးထြားလာခ်ိန္မွာ တရုတ္နုိင္ငံနဲ႔ အသြားအျပန္ ေလေၾကာင္းေျပးဆြဲပ်ံသန္းမႈ ေတြကို အဓိကေလေၾကာင္းကုမၸဏီေတြက ေျပးဆြဲမႈေတြ ရပ္ဆိုင္းလိုက္ပါတယ္။

ျဗိတိန္ေလေၾကာင္းလိုင္းဟာ ေရာဂါျဖစ္ပြားမႈအေျခအေနကို အကဲျဖတ္ေနခ်ိန္မွာ ဇန္န၀ါရီ ၃၁ ရက္တိုင္ေအာင္ ေပက်င္းနဲ႔ ရွန္ဟိုင္းျမိဳ႕ေတြဆီကို ပ်ံသန္းမႈေတြကို ဖ်က္သိမ္းထားတယ္လို႔ သိရပါတယ္။

ဂ်ာမနီရဲ႕ လူဖန္ဆာေလေၾကာင္းလိုင္း၊ ၾသစၾတီးယားေလေၾကာင္းလိုင္းနဲ႔ ဆြစ္ဇာလန္ေလေၾကာင္းလိုင္းတို႔ဟာလည္း ေဖေဖာ္၀ါရီ ၉ ရက္တိုင္ေအာင္ တရုတ္ျပည္မၾကီးထိ ေလယာဥ္ေျပးဆြဲပ်ံသန္းမႈေတြကို ဆိုင္းငံ့ထားတယ္လုိ႔ ဇန္န၀ါရီ ၂၉ ရက္မွာ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အေမရိကန္ေလေၾကာင္းလိုင္းေတြကေတာ႔ စီးနွင္သူဦးေရ သိသိသာသာနည္းပါးလာတဲ့အတြက္ ေဖေဖာ္၀ါရီ ၉ ရက္ေန႔ကေန မတ္ ၂၇ ရက္အထိ ေလာ႔အိန္ဂ်လိစ္နဲ႔ တရုတ္နုိင္ငံ ေပက်င္း၊ ရွန္ဟိုင္းျမိဳ႕ေတြအၾကား ပ်ံသန္းမႈေတြကို ဆိုင္းငံ့ဖို႔ဆံုးျဖတ္လိုက္တာျဖစ္ပါတယ္။

ယူနိုက္တက္ေလေၾကာင္းလိုင္းဟာလည္း ေဖေဖာ္၀ါရီ ၁ ရက္ကေန ၈ ရက္အထိ အေမရိကန္ျမိဳ႕ၾကီးေတြနဲ႔႔ ေပက်င္း၊ ေဟာင္ေကာင္ ၊ ရွန္ဟိုင္းတို႔အၾကား ေျပးဆြဲမွဳေတြကို ရပ္ဆိုင္းထားတယ္လုိ႔ အေစာပိုင္းကတည္းက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

တရုတ္နိုင္ငံမွာျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါအသစ္ေၾကာင္႔ ေသဆံုးသူဦးေရဟာ ၁၇၀ ထိရိွလာျပီး ေရာဂါကူးစက္ခံရသူ ရွစ္ေထာင္နီးပါးအထိ တိုးျမင္႔လာေနတယ္လုိ႔ သိရပါတယ္။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #လန္ဒန္ #အဓိကေလေၾကာင္းကုမၸဏီေတြရပ္ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW