ပုသိမ်မြို့မှာ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ရင်ပြင် တည်ဆောက်မယ်

ပုသိမ်၊ ဇန်နဝါရီ ၃၀-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံအပါအဝင် ဒီမိုကရေစီအရေး ပါဝင်လူပ်ရှားခဲ့ကြသူတွေကိုရည်ရွယ်ပြီး ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ရင်ပြင်ကို တည်ဆောက်သွားမယ်လို့ ကျောက်တိုင်နဲ့ရင်ပြင်ဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။

ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမပေါ်၊ ကန်သုံးဆင့်အနီး၊ ဟစ်တိုင်ကွင်းနေရာက မြေနေရာကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က တည်ဆောက်ဖို့သတ်မှတ်ပေးခဲ့ပြီး ဒီကနေ့မနက်ပိုင်းက ပန္နက်တင်အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ရဲ့ဒုတိယလက်ရာပါ၊ ပထမဆုံးကတော့ ရှစ်ဆယ့်ရှစ်အရေးအခင်းကိုစတင်ခဲ့တဲ့ စက်မူကျောင်းသား ကိုဖုန်းမော်ရဲ့အုတ်ဂူကို တည်ဆောက်ပေးခဲ့ရတာပါ၊ ခုဒီဇိုင်းဟာ အားလုံးနဲ့သက်ဆိုင်တာဖြစ်တာကြောင့် အနက်ရောင်ကျောက်သားနံရံကြီးအလယ်မှာ ကြယ်နီတစ်လုံးက ကြနေတဲ့ပုံ၊ အပေါ်ကကြည့်ရင် ဂဏန်းရှစ်ပုံစံမျိုး တည်ဆောက်သွားမှာပါ” လို့ ကျောက်တိုင်နဲ့ရင်ပြင်ဒီဇိုင်းကို တာဝန်ယူတည်ဆောက်သွားမယ့် နိင်ငံရေးအကျဉ်းသားဟောင်း ဗိသုကာပညာရှင်ဦးညိုဝင်းကပြောပါတယ်။

အခုလိုရင်ပြင်တည်ဆောက်ဖို့အတွက် ဧရာဝတီတိုင်းအတွင်းက နိင်ငံရေးတက်ကြွလူပ်ရှားသူတွေ၊ နိင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အများပြည်သူလှုဒါန်းငွေ သိန်း၅၀၀ခန့်နဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အခုထဲကစပြီးဆောက်တော့ပါမယ်၊ နောင်နစ် ရှစ်လေးလုံးနေ့မှာ ဖွင့်လှစ်သွားမှာပါ”လို့ ၈၈ကျောင်းသားဟောင်း ကျောက်တိုင်နဲ့ရင်ပြင်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဝေဠုကပြောပါတယ်။

အဲ့ဒီကျောက်တိုင်နဲ့ရင်ပြင်တည်ဆောက်ပြီးပါက အများပြည်သူအပန်းဖြေရာနေရာအဖြစ် သတ်မှတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုလို ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်နဲ့ရင်ပြင်ကို ပထမအကြိမ်တည်ဆောက်တာဖြစ်ပြီး တောင်ကြီးမြို့၊ ပဲခူးမြို့နဲ့ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမှာ အဲ့ဒီလိုရင်ပြင်တွေရှိတယ်လို့လည်း ဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ဒီမိုကရေစီအထိမ်းအမှတ် #ကျောက်တိုင်နဲ့ရင်ပြင်တည်ဆောက်မယ်

Zawgyi

ပုသိမ္ၿမိဳ႕မွာ ဒီမိုကေရစီအထိမ္းအမွတ္ ေက်ာက္တိုင္နဲ႔ရင္ျပင္ တည္ေဆာက္မယ္

ပုသိမ္၊ ဇန္နဝါရီ ၃၀-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ပုသိမ္ျမိဳ႕မွာ ရွစ္ေလးလံုးအေရးေတာ္ပံုအပါအဝင္ ဒီမိုကေရစီအေရး ပါဝင္လူပ္ရွားခဲ့ၾကသူေတြကိုရည္ရြယ္ၿပီး ဒီမိုကေရစီအထိမ္းအမွတ္ ေက်ာက္တိုင္နဲ႔ရင္ျပင္ကို တည္ေဆာက္သြားမယ္လို႔ ေက်ာက္တုိင္နဲ႔ရင္ျပင္ျဖစ္ေျမာက္ေရးေကာ္မတီကေန သိရပါတယ္။

ပုသိမ္ျမိဳ႕၊ မဟာဗႏၶဳလလမ္းမေပၚ၊ ကန္သံုးဆင့္အနီး၊ ဟစ္တိုင္ကြင္းေနရာက ေျမေနရာကို ဧရာဝတီတိုင္း အစိုးရအဖြဲ႕က တည္ေဆာက္ဖို႔သတ္မွတ္ေပးခဲ့ၿပီး ဒီကေန႔မနက္ပိုင္းက ပႏၷက္တင္အခမ္းအနားကို က်င္းပခဲ့တာျဖစ္ပါတယ္။

“ကြ်န္ေတာ္ရဲ႕ဒုတိယလက္ရာပါ၊ ပထမဆံုးကေတာ့ ရွစ္ဆယ့္ရွစ္အေရးအခင္းကိုစတင္ခဲ့တဲ့ စက္မူေက်ာင္းသား ကိုဖုန္းေမာ္ရဲ႕အုတ္ဂူကို တည္ေဆာက္ေပးခဲ့ရတာပါ၊ ခုဒီဇိုင္းဟာ အားလံုးနဲ႔သက္ဆိုင္တာျဖစ္တာေၾကာင့္ အနက္ေရာင္ေက်ာက္သားနံရံႀကီးအလယ္မွာ ၾကယ္နီတစ္လံုးက ၾကေနတဲ့ပံု၊ အေပၚကၾကည့္ရင္ ဂဏန္းရွစ္ပံုစံမ်ိဳး တည္ေဆာက္သြားမွာပါ” လို႕ ေက်ာက္တိုင္နဲ႕ရင္ျပင္ဒီဇိုင္းကို တာဝန္ယူတည္ေဆာက္သြားမယ့္ နိင္ငံေရးအက်ဥ္းသားေဟာင္း ဗိသုကာပညာရွင္ဦးညိဳဝင္းကေျပာပါတယ္။

အခုလိုရင္ျပင္တည္ေဆာက္ဖို႔အတြက္ ဧရာဝတီတိုင္းအတြင္းက နိင္ငံေရးတက္ၾကြလူပ္ရွားသူေတြ၊ နိင္ငံေရးအက်ဥ္းသားေဟာင္းေတြနဲ႕ေကာ္မတီတစ္ရပ္ဖြဲ႕စည္းထားၿပီး အမ်ားျပည္သူလႈဒါန္းေငြ သိန္း၅၀၀ခန္႔နဲ႔ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

“အခုထဲကစၿပီးေဆာက္ေတာ့ပါမယ္၊ ေနာင္နစ္ ရွစ္ေလးလံုးေန႕မွာ ဖြင့္လွစ္သြားမွာပါ”လို႔ ၈၈ေက်ာင္းသားေဟာင္း ေက်ာက္တုိင္နဲ႔ရင္ျပင္ျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌ ဦးေဝဠဳကေျပာပါတယ္။

အဲ့ဒီေက်ာက္တိုင္နဲ႕ရင္ျပင္တည္ေဆာက္ၿပီးပါက အမ်ားျပည္သူအပန္းေျဖရာေနရာအျဖစ္ သတ္မွတ္ထားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းမွာ အခုလုိ ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္နဲ႕ရင္ျပင္ကို ပထမအႀကိမ္တည္ေဆာက္တာျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕၊ ပဲခူးၿမိဳ႕နဲ႔ ရန္ကုန္ၿမိဳ႕ရိွ ေျမာက္ဥကၠလာပမွာ အဲ့ဒီလိုရင္ျပင္ေတြရွိတယ္လို႔လည္း ျဖစ္ေျမာက္ေရးေကာ္မတီကေန သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ဒီမိုကေရစီအထိမ္းအမွတ္ #ေက်ာက္တိုင္နဲ႔ရင္ျပင္တည္ေဆာက္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW