မန်စီမြို့မှာ အလုပ်လုပ်နေတဲ့ ကလေးငယ် ၆ ဦးအပါအဝင် အလုပ်သမား ၁၁၆ ဦး မြန်မာနိုင်ငံကိုပြန်ရောက်

မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀
ပြည့်စုံ( VOM)

တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ မန်စီမြို့နယ်၊ ဖန့်ဖာ၊ နာဆိုင်း၊ သစ်ခွလုံး စက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့ က‌လေးငယ် ၆ ဦးအပါအဝင်၊အလုပ်သမား ၁၁၆ ဦးဟာ ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက မူဆယ်မြို့၊ နန်းတော် ပြည်ဝင်ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်ကနေ ပြန်လည်ဝင်ရောက်လာတယ်လို့ လူဝန်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မူဆယ်)ကနေ သိရပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ အကူအညီတောင်းခံတဲ့အတွက် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဟာ သစ်ခွလုံးစက်ရုံမှာအလုပ်လုပ်ဖို့ ကျင်ဆန်းကျော့ဂိတ် နှင့် ကြူကုတ်(ပန်ဆိုင်း) ဂိတ်တို့ကနေတဆင့်၊ စာအုပ်နီ Border Pass ဖြင့်တရားဝင်သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့ထဲမှာ တချို့က ၃ လလောက်အထိ အလုပ်လုပ်ပြီးတဲ့သူရှိသလို၊ တချို့က ၁၅ ရက်လောက်ဘဲ အလုပ်လုပ်ရသေးတဲ့သူတွေပါတယ်။ ကျွန်တော်တို့က တရုတ်နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ကူးဆက်မြန် ကိုရိုနာ ဗိုင်းရပ်စ်ပိုးပြန့်နေတာကြောင့် အားလုံးကြောက်လန့်ပြီးပြန်ခဲ့တာပါ၊ ဒီလိုပြန်တဲ့အချိန် သူဌေးကပြန်ခွင့်မပြုတာကြောင့် နီးစပ်ရာ မြန်မာနိုင်ငံအဖွဲ့အစည်းတွေကနေတဆင့် အကူအညီတောင်းခံခဲ့ရာကနေ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီမှု့နှင့်ပြန်လာတာဖြစ်ပါတယ်”လို့ သစ်ခွလုံးစက်ရုံမှာအလုပ်လုပ်ကိုင်လာတဲ့ အလုပ်သမား ဦးစန်းမြင့်ကပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ (ကိုရိုနာဗိုင်းရပ်စ်) ပြင်းထန်အဆုတ်ရောင်ရောဂါ အန္တရာယ်ကြောင့် ယူနန်ပြည်နယ်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေက နေရပ်ကို ပြန်လိုတဲ့အတွက် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအလုပ်သမားတွေရဲ့သဘောဆန္ဒနဲ့အညီ နေရပ်ကိုပြန်လည်ပို့ဆောင်းပေးခဲ့ပြီး သူတို့အားလုံးကို မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ‌ဆေးရုံအုပ်ကြီးဒေါက်မျိုး‌ဇော်တို့အဖွဲ့က စနစ်တကျ ကျန်မာရေးစစ်ဆေးခဲ့တယ်လို့ လူဝန်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မူဆယ်)မှ တာဝန်ရှိသူတစ်ဦးက VOMကို အတည်ပြု‌ပြောပါတယ်။

“ယခုလက်ရှိအချိန်ထိ လက်တလောဖြစ်ပွားနေတဲ့ (ကိုရိုနာဗိုင်းရပ်စ်) ပြင်းထန်အဆုတ်ရောင်ရောဂါဟာ မူဆယ်ခရိုင်အတွင်းမတွေ့ရှိသေးပါ”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာမျိုးဇော်က ဒီနေ့မှာ VOM သို့ ပြောပါတယ်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့လည်း ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာပြည်နယ်ခွဲအစိုးရများ၊ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတာဝန်ရှိသူများနဲ့ ဆက်သွယ်ညှိနှိုင်းကာ ပေါင်စန်းပြည်နယ်ခွဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၁၀၅၇) ဦးကို ဇန်နဝါရီ(၂၈)ရက်နေ့ကနေ ဇန်နဝါရီ(၃၀)ရက်နေ့အတွင်း ကန်ပိုက်တီးနယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်တွေကိုပြန်ပို့ပေးခဲ့ပါတယ်။

အလားတူ တဲဟုန်ပြည်နယ်ခွဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၁၂၈) ဦးကိုလည်း ဇန်နဝါရီ(၂၉)ရက်နေ့က ရွှေလီ-မူဆယ် နယ်စပ်ဂိတ်ကနေ နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ် ။

#VOM #voiceofmyanmar #မူဆယ် #မန်စီမြို့ #အလုပ်သမား၁၁၆ဦးပြန်ရောက်

Zawgyi

မန္စီၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ ကေလးငယ္ ၆ ဦးအပါအဝင္ အလုပ္သမား ၁၁၆ ဦး ျမန္မာႏိုင္ငံကိုျပန္ေရာက္

မူဆယ္၊ ဇန္နဝါရီ ၃၀-၂၀၂၀
ျပည့္စုံ( VOM)

တ႐ုတ္ႏိုင္ငံ၊ ယူနယ္ျပည္နယ္၊ တယ္ဟုန္တိုင္း၊ မန္စီၿမိဳ႕နယ္၊ ဖန႔္ဖာ၊ နာဆိုင္း၊ သစ္ခြလုံး စက္႐ုံမွာအလုပ္လုပ္ကိုင္ေနတဲ့ က‌ေလးငယ္ ၆ ဦးအပါအဝင္၊အလုပ္သမား ၁၁၆ ဦးဟာ ဇန္နဝါရီလ ၂၉ ရက္ ညပုိင္းက မူဆယ္ၿမိဳ႕၊ နန္းေတာ္ ျပည္ဝင္ျပည္ထြက္ လူဝင္မႈႀကီးၾကပ္ေရးစစ္ေဆးေရးဂိတ္ကေန ျပန္လည္ဝင္ေရာက္လာတယ္လို႔ လူဝန္မႈႀကီးၾကပ္ေရးဒုတိယဌာနခြဲ(မူဆယ္)ကေန သိရပါတယ္။

အဲ့ဒီအလုပ္သမားေတြဟာ အကူအညီေတာင္းခံတဲ့အတြက္ ကူမင္းၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးရဲ႕ အကူအညီနဲ႔ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဟာ သစ္ခြလုံးစက္႐ုံမွာအလုပ္လုပ္ဖို႔ က်င္ဆန္းေက်ာ့ဂိတ္ ႏွင့္ ၾကဴကုတ္(ပန္ဆိုင္း) ဂိတ္တို႔ကေနတဆင့္၊ စာအုပ္နီ Border Pass ျဖင့္တရားဝင္သြားေရာက္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ထဲမွာ တခ်ိဳ႕က ၃ လေလာက္အထိ အလုပ္လုပ္ၿပီးတဲ့သူရွိသလို၊ တခ်ိဳ႕က ၁၅ ရက္ေလာက္ဘဲ အလုပ္လုပ္ရေသးတဲ့သူေတြပါတယ္။ ကြၽန္ေတာ္တို႔က တ႐ုတ္ႏိုင္ငံအတြင္းျဖစ္ေပၚေနတဲ့ ကူးဆက္ျမန္ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးျပန႔္ေနတာေၾကာင့္ အားလုံးေၾကာက္လန႔္ၿပီးျပန္ခဲ့တာပါ၊ ဒီလိုျပန္တဲ့အခ်ိန္ သူေဌးကျပန္ခြင့္မျပဳတာေၾကာင့္ နီးစပ္ရာ ျမန္မာႏိုင္ငံအဖြဲ႕အစည္းေတြကေနတဆင့္ အကူအညီေတာင္းခံခဲ့ရာကေန ကူမင္းၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးက ကူညီမႈ႕ႏွင့္ျပန္လာတာျဖစ္ပါတယ္”လုိ႔ သစ္ခြလုံးစက္႐ုံမွာအလုပ္လုပ္ကိုင္လာတဲ့ အလုပ္သမား ဦးစန္းျမင့္ကေျပာပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကေနစတင္ျဖစ္ပြားခဲ့တဲ့ (ကို႐ိုနာဗိုင္းရပ္စ္) ျပင္းထန္အဆုတ္ေရာင္ေရာဂါ အႏၲရာယ္ေၾကာင့္ ယူနန္ျပည္နယ္အတြင္း အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမားေတြက ေနရပ္ကို ျပန္လိုတဲ့အတြက္ ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို ဆက္သြယ္ကာ အကူအညီေတာင္းခံခဲ့ၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီအလုပ္သမားေတြရဲ႕သေဘာဆႏၵနဲ႔အညီ ေနရပ္ကုိျပန္လည္ပို႔ေဆာင္းေပးခဲ့ၿပီး သူတို႔အားလုံးကို မူဆယ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ‌ေဆး႐ုံအုပ္ႀကီးေဒါက္မ်ိဳး‌ေဇာ္တို႔အဖြဲ႕က စနစ္တက် က်န္မာေရးစစ္ေဆးခဲ့တယ္လုိ႔ လူဝန္မႈႀကီးၾကပ္ေရးဒုတိယဌာနခြဲ(မူဆယ္)မွ တာဝန္ရွိသူတစ္ဦးက VOMကို အတည္ျပဳ‌ေျပာပါတယ္။

“ယခုလက္ရွိအခ်ိန္ထိ လက္တေလာျဖစ္ပြားေနတဲ့ (ကို႐ိုနာဗိုင္းရပ္စ္) ျပင္းထန္အဆုတ္ေရာင္ေရာဂါဟာ မူဆယ္ခ႐ိုင္အတြင္းမေတြ႕ရွိေသးပါ”လုိ႔ မူဆယ္ျပည္သူ႔ေဆး႐ုံအုပ္ႀကီးေဒါက္တာမ်ိဳးေဇာ္က ဒီေန႔မွာ VOM သို႔ ေျပာပါတယ္။

ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးအေနနဲ႔လည္း ယူနန္ျပည္နယ္ရိွ သက္ဆိုင္ရာျပည္နယ္ခြဲအစိုးရမ်ား၊ ျမန္မာႏိုင္ငံရဲ႕ သက္ဆိုင္ရာ ျပည္နယ္အစိုးရတာဝန္ရွိသူမ်ားနဲ႔ ဆက္သြယ္ညႇိႏႈိင္းကာ ေပါင္စန္းျပည္နယ္ခြဲမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမား (၁၀၅၇) ဦးကို ဇန္နဝါရီ(၂၈)ရက္ေန႔ကေန ဇန္နဝါရီ(၃၀)ရက္ေန႔အတြင္း ကန္ပိုက္တီးနယ္စပ္ဂိတ္မွတစ္ဆင့္ ေနရပ္ေတြကိုျပန္ပုိ႔ေပးခဲ့ပါတယ္။

အလားတူ တဲဟုန္ျပည္နယ္ခြဲမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမား (၁၂၈) ဦးကိုလည္း ဇန္နဝါရီ(၂၉)ရက္ေန႔က ေ႐ႊလီ-မူဆယ္ နယ္စပ္ဂိတ္ကေန ေနရပ္အသီးသီးကို ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီးျဖစ္တယ္လုိ႔ ျမန္မာႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္ ။

#VOM #voiceofmyanmar #မူဆယ္ #မန္စီၿမိဳ႕ #အလုပ္သမား၁၁၆ဦးျပန္ေရာက္

Related posts

Leave a Comment

VOM News

FREE
VIEW