မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့

မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့

မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀

ပြည့်စုံ(VOM)

ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကိုမြန်မာနိုင်ငံသို့လွှဲ‌ ပြောင်းပေးခဲ့ရာ အပူချိန်လွန်ကဲ လူနာအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရွှေလီရဲဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွတ်ရေးဌာနခွဲ ဒုဌာနမှူး မစ္စတာ ရန်တာဖူးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ပြန်လည်လွှဲပြောင်းခဲ့ရာ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော် ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးဒုဌာနခွဲ (မူဆယ် )နှင့် ပူးပေါင်းအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါလွှဲပြောင်းလက်ခံခဲ့ရာမှာ မူဆယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ ဒေါက်တာစိုင်းလောဝ်ခေး ဦးစီးအဖွဲ့မှ တစ်ဦးချင်း ကျန်းမာရေး စီစစ်မှုပြုလုပ်ခဲ့ရာ မောင်လီကျိန်ဆိုက်ဆိုသူတွင် အပူချိန် ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တွေ့ရှိခဲ့သဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍စောင့်ကြည့်ကြပ်မတ် ကုသ‌ပေး လျက်ရှိပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း နှစ်နိုင်ငံပြည်ဝင်ပြည်ထွင် တရားဝင်စစ်ဆေးရေးဂိတ်မှ အပူချိန်လွန်ကဲ လူနာနှစ်ဦးတွေ့ရှိခဲ့ရပြီး အပူချိန်လွန်ကဲလူနာတစ်ဦးကို မူဆယ်‌ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ်စောင့်ကြည့်ကြပ်မက်ကုသပေးခဲ့ရပါတယ်။

အဆိုပါ အပူချိန်လွန်ကဲလူနာလူနာအမျိုးသမီးမှာ အပူချိန်ပျောက်ကင်းသက်သွားပြီဖြစ်သဖြင့် ဆေးရုံးဆင်းခိုင်းလိုက်ပြီ ၎င်း၏နေရပ် ပေါက်မြို့နယ်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #အပူချိန်လွန်ကဲလူနာ

Zawgyi

မူဆယ္မွာ အပူခ်ိန္လြန္ကဲတဲ႕ အမ်ိဳးသားလူနာတဦးထပ္ေတြ႕

မူဆယ္၊ ဇန္နဝါရီ ၃၀-၂၀၂၀

ျပည့္စံုု (VOM)

ယေန႔ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ စီကိုင္အက်ဥ္ေထာင္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရေသာ ျမန္မာႏိုင္ငံသား ၁၀၅ ဦးကိုျမန္မာႏိုင္ငံသို႔လႊဲ‌ ေျပာင္းေပးခဲ့ရာ အပူခ်ိန္လြန္ကဲ လူနာအမ်ိဳးသားတစ္ဦးကို ေတြ႕ရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံေ႐ႊလီရဲဌာန ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြတ္ေရးဌာနခြဲ ဒုဌာနမႉး မစၥတာ ရန္တာဖူးက ယေန႔ ဇန္နဝါရီလ ၃၀ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲအခ်ိန္ခန႔္က ျပန္လည္လႊဲေျပာင္းခဲ့ရာ မူဆယ္ၿမိဳ႕ ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြက္စစ္ေဆးေရး နန္းေတာ္ ဂိတ္တြင္ လူဝင္မႈႀကီးၾကပ္ေရးဒုဌာနခြဲ (မူဆယ္ )ႏွင့္ ပူးေပါင္းအဖြဲ႕ကို လႊဲေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

အဆိုပါလႊဲေျပာင္းလက္ခံခဲ့ရာမွာ မူဆယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာ ေဒါက္တာစိုင္းေလာဝ္ေခး ဦးစီးအဖြဲ႕မွ တစ္ဦးခ်င္း က်န္းမာေရး စီစစ္မႈျပဳလုပ္ခဲ့ရာ ေမာင္လီက်ိန္ဆိုက္ဆိုသူတြင္ အပူခ်ိန္ ၃၈ ဒသမ ၃ ဒီဂရီစင္တီဂရိတ္ ေတြ႕ရွိခဲ့သျဖင့္ မူဆယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္၍ေစာင့္ၾကည့္ၾကပ္မတ္ ကုသ‌ေပး လ်က္ရွိပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ေန႔ကလည္း ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြင္ တရားဝင္စစ္ေဆးေရးဂိတ္မွ အပူခ်ိန္လြန္ကဲ လူနာႏွစ္ဦးေတြ႕ရွိခဲ့ရၿပီး အပူခ်ိန္လြန္ကဲလူနာတစ္ဦးကို မူဆယ္‌ျပည္သူ႔ေဆး႐ုံ၌ အတြင္းလူနာအျဖစ္ေစာင့္ၾကည့္ၾကပ္မက္ကုသေပးခဲ့ရပါတယ္။

အဆိုပါ အပူခ်ိန္လြန္ကဲလူနာလူနာအမ်ိဳးသမီးမွာ အပူခ်ိန္ေပ်ာက္ကင္းသက္သြားၿပီျဖစ္သျဖင့္ ေဆး႐ုံးဆင္းခိုင္းလိုက္ၿပီ ၎၏ေနရပ္ ေပါက္ၿမိဳ႕နယ္သို႔ ထြက္ခြာသြားၿပီျဖစ္ေၾကာင္းသိရွိရပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #အပူခ်ိန္လြန္ကဲလူနာ

Related posts

Leave a Comment

VOM News

FREE
VIEW