ပလက်ဝ၊ ဇန်နဝါရီ ၁၃-၂၀၂၀ ခိုင်လင်းစံ(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေကျေးရွာက ရွာသူတစ်ဦးကို အေအေတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု ဆောင်ရွက်ချက်တွေဆိုတဲ့ ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အေအေအဖွဲ့အပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေတဲ့ရည်ရွယ်ချက်နဲ့ စွပ်စွဲချက်တွေဟာ လုံးဝဟုတ်မှန်ခြင်းမရှိဘူးလို့ မနေ့က ဇန်နဝါရီလ ၁၂ ရက် ရက်စွဲနဲ့ အေအေက ငြင်းဆိုချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကျီးလေရွာသူဟာ ထွက်ပြေးလွှတ်မြောက်သွားတဲ့ တပ်မတော်သတင်းပေးလို့သံသယရှိသူရဲ့သမီးဖြစ်ပြီး သူမကိုစစ်ဆေးချိန် အနည်းငယ်ရိုက်နှက်ခဲ့သည်မှာ ဟုတ်မှန်ပေမယ့် လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူ းလွန်ဖို့လုပ်ဆောင်ခဲ့တာတွေ လုံးဝမရှိကြောင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ KACC ဟာ တပ်မတော်ကျောထောက်နောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အေအေအဖွဲ့အပေါ် အခုလိုစွပ်စွဲချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်တုန့်ပြန်နိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။ အေအေအဖွဲ့ “ရက္ခိုင့်တပ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့” က သေချာစွာစစ်ဆေးနေပြီး စစ်ဆေးပြီးပါက အဲ့ဒီဖြစ်ရပ်တွေကို အမှန်တကယ်ကျူးလွန်သူတွေရှိခဲ့ပါက…
Read MoreMonth: January 2020
ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့
ကျောက်တော်၊ ဇန်နဝါရီ ၁၃-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ရုပ်သားကျေးရွာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးတို့ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ ပေါက်ကွဲဖြစ်စဉ်ဟာ နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံတစ်ခုကိုမီးရှို့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး အခုလို ဒဏ်ရာအသီသီးရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ဒေါ်အောင်မဦး (အသက် ၆၅ နှစ်)မှာ ဒူးဒဏ်ရာရရှိသွားပြီး၊ မောင်ကျော်သူစိုး (အသက် ၁၀ နှစ်)မှာ ခြေထာက်ဒဏ်ရာနဲ့ မောင်အောင်မြတ်သူ (အသက် ၉ နှစ်)မှာ နားရွက်၊ ပေါင်နဲ့ခန္ဓာကိုယ်တွေမှာ အသီးသီဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက” ကျနော်တို့ဖက်ကို သူတို့ထူးခြားဖြစ်စဉ်မနေ့ကတင်တယ်။ စာထဲမှာရေးထားတာက မနက် ၆ နာရီကျော်လောက်မှာ ရုပ်သားရွာက ဒေါ်အောင်မဦးဆိုတဲ့ အမျိုးသမီးက အမှိုတ်ပုံကို မီးရှို့တာမှာ ပေါက်ကွဲပြီးတော့ အသေးစားဒဏ်ရာတွေရကြတယ်လို့ဆိုတယ်။ အခုလောလာစဉ်ကတော့…
Read Moreမီးနီရပ်စောင့်နေတဲ့ဆိုင်ကယ်ကို ၁၂ ဘီးကားက ဘရိတ်ပေါက်ဝင်တိုက်ပြီး မီးလောင်ခဲ့၊ယာဉ်မောင်းထွက်ပြေး
စစ်ကိုင်း ဇန်နဝါရီ ၁၂ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်အနီး၊ မန္တလေး-မုံရွာလမ်း၊ ကျော်ထက် မီးပွိုင့် မှာ ဒီကနေ့ ညနေပိုင်းက မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်ကို ၁၂ ဘီးကား က ဘရိတ်ပေါက်ဝင်တိုက်ခဲ့ပြီး ၁၂ဘီးကားရှေ့ခေါင်းခန်း မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ “မုံရွာဘက် ကနေ မန္တလေးကို မောင်းလာတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းကျေးရွာက အမျိုးသမီးနှစ်ဦး မောင်းလာတဲ့ CZI 125 ဆိုင်ကယ် က ကျော်ထက်ကွေ့မီးပွိုင့် မှာ မီးနီရပ်စောင့်နေချိန် သူတို့နောက်ကနေ ကျောက်မီးသွေးတင်လာတဲ့ ၁၂ဘီးကား က ဘရိတ်ပေါက်အရှိန်လွန်ပြီး ရှေ့ကဆိုင်ကယ်ကိုဝင်တိုက်ရာကနေ ဆိုင်ကယ်က ကားရှေ့ဘီးအောက်တရွတ်တိုက်ပါပြီး ၁၂ဘီးကားရှေ့ခေါင်းခန်းမီးလောင်ခဲ့တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းတဲ့နေရာကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်သုံးစီး၊ စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်ကိုင်းမြို့က လူမှုရေးအသင်းအဖွဲ့တွေရောက်လာပြီး ပူပေါင်းမီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာမှာ မီးလောင်မှုဖြစ်ခဲ့ပြီးအမျိုးသမီးနှစ်ဦး…
Read Moreဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ
မန္တလေး၊ ဇန်နဝါရီ ၁၂-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ လွန်ကောင်းအုပ်စု၊ ၁၀မိုင်ခြံ ၊ ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ် ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁၁)ရက့်ကနေ (၁၂)ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်ကို လမ်းကြမမှာ မောင်းရတဲ့ဝါသနာရှင်များ၊ ပညာရှင်များစုကာ ကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဆုံးပြိုင်ပွဲဖြစ်တယ်လို့လည်း ပြိုင်ပွဲဝင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီပြိုင်ပွဲကို မနက် ၉နာရီကနေ ညနေ ၄နာရီအထိပြုလုပ်ခဲ့ပြီး ဆုရရှိသူတွေကို ဒီကနေ့ညနေပိုင်းမှာ ဆုပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဒုဌဝတီ #ကားလမ်းကြမ်းပြိုင်ပွဲ Zawgyi ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ မန္တလေး၊ ဇန်နဝါရီ ၁၂-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ လွန်ကောင်းအုပ်စု၊ ၁၀မိုင်ခြံ ၊ ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ် ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁၁)ရက့်ကနေ…
Read Moreဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန်
ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန် မင်းပြား၊ ဇန်နဝါရီ ၁၂- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွေမှာ တိုက်ပွဲ အများဆုံးနေ့မှာ ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ နေ့တစ်နေ့လို့ အေအေကထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ(၁၁) ရက်နေ့မှာ တိုက်ပွဲတွေပြင်းထန်သကဲ့သို့ တပ်မတော်ဖက်မှ အသေအပျောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့နဲ့၊ ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းက တိုက်ပွဲတွေဟာ နေ့တိုင်းနီးပါးဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲအရှိန်ဆိုရင် ဆက်လက်မြင့်တက်လျှက်နေတာကြောင့် အေအေအနေဖြင့် တိုက်ပွဲတွေ လျော့ဖို့ကြိုးစားနေပေမဲ့ တပ်မတော်ဟာ ကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေတာ၊ လက်နက်၊လူအင်အားအများအပြားကိုထပ်မံပို့ဆောင် နေတာကြောင့် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဇန်နဝါရီ(၁) ရက်မှ (၁၁) ရက်အတွင်း…
Read Moreခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ
ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ ရန်ကုန် ဇန်နဝါရီ ၁၂-၂၀၂၀ သိဂီ ၤ( VOM) ရန်ကုန်တိုင်းရဲ့ မြို့နယ်တိုင်းလိုလိုမှာ နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀ လောက်ရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေးမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကသိရပါတယ်။ ဒါဟာ ခွေးကိုက်ခံရတဲ့ နှစ်စဉ် အရေအတွက်ဖြစ်ပြီး ကာကွယ်ဆေးကို အစိုးရအနေနဲ့ လုံလုံလောက်လောက် ချထားမပေးနိုင်တာကြောင့် ခွေးကိုက်ခံရတဲ့ လူနာအတော်များများဟာ ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ ” ရူးနေတဲ့ခွေးက ကိုက်တာမျိုးမဟုတ်ပဲ ရိုးရိုးခွေးက ကိုက်တာချည်း မြို့နယ်တစ်ခုမှာ တစ်နှစ်ကို ၁၀၀၀ လောက်ရှိတယ်။ ကာကွယ်ဆေးကလည်းမလုံလောက်ဘူး။ အစိုးရကမပေးနိုင်တဲ့အခါ လူနာတွေကိုယ့်ဘာသာ ဝယ်ထိုးရမယ်။ မလုံလောက်တာသိနေပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး။ အစိုးရမှာငွေမရှိဘူး။ဘယ်လောက်တွန်းအားပေးပေး ငွေမရှိရင်ဘာမှလုပ်လို့မရနိုင်ဘူး” လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။ ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ အဆင့် ၃ ဆင့်သတ်မှတ်ထားပါတယ်။ ခွေးတစ်ကောင်က လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ…
Read Moreမိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ်
မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ် ရန်ကုန် ဇန်နဝါရီ ၁၂ သိဂီ ၤ(VOM) မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံးသောနိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ကို ရန်ကုန်က ဗဟိုအမျိုးသမီးဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ဖွင့်လှစ်လိုက်ပြီလို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသိရပါတယ်။ မိခင်နို့ရည်ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဒီဘဏ်ဟာ မြန်မာနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်တဲ့ နာမကျန်းမိခင်တွေရဲ့ကလေးငယ်တွေ မိခင်သေဆုံးသွားတဲ့ ကလေးတွေ စွန့်ပစ်ခံကလေးတွေ၊ လမစေ့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေအတွက် အဓိက ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ လူသားမိခင်နို့ကို သောက်သုံးရခြင်းကြောင့် သူတို့ရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းသာမက ရောဂါပိုးကိုပါခုခံနိုင်မယ့် ကိုယ်ခံအား ပဋိပစ္စည်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ “နို့တိုက်မိခင်တွေ လှူဒါန်းတဲ့ နို့ရည်တွေကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်တဲ့ နို့ပေါင်းခံစက် (human milk pasteurizer)ရှိပြီ။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့် ဆေးရုံကြီးတွေမှာ…
Read Moreရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန်
ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန် ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၂-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုဖြစ်တဲ့ မြောက်ဦး၊ ကျောက်ဖြူ ၊ အမ်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလ (၉/၁၀) ရက်နေ့တွေမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ(၉) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဘုရားကြီးရွာအနီးနဲ့ ဝေသာလီရွာအနီးမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က (၁၀) ဦး ကျဆုံးခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာ နှင့် ကျောက်ကလေရွာအကြား တပ်မတော်စစ်ကားတန်းကို ဇန်နဝါရီလ ၉ ရက် နံနက်(၉) နာရီ(၃၅) မိနစ်မှာ အေအေက ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ အတိအကျမသိရသေးဘူးလို့ အေအေက ထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့…
Read Moreစစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပထမအကြိမ် ကချင်ပြည်နယ်နေ့ မနောပွဲတော် ကျင်းပ
စစ်ကိုင်း ဇန်နဝါရီ ၁၁-၂၀၂၀ မောင်တာရာ (VOM) (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘောလုံးကွင်းအတွင်းမှာ ပထမအကြိမ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီ မနောပွဲတော်ကို စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ကချင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီကနေကြီးမှူးပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ ”စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ငါးနှစ်တာ ပညာလာရောက်သင်ယူကြတဲ့ အခါမှာ ကချင်လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေဆိုတာ ဘယ်လိုမျိုးလဲ၊ မနောအကတွေရော ဘယ်လိုမျိုး ကကြတာလဲ၊ ကချင်ရိုးရာက ဘာတွေ ပါဝင်တာလဲဆိုတာကို ဒီမှာရှိတဲ့ ဆရာ၊ဆရာမများနဲ့ ကျောင်းသူ၊ကျောင်းသားများကို ပြသချင်လို့ ဒီနေ့လိုမျိုး ကချင်ပြည်နေ့ အထိမ်းအမှတ် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”လို့ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ကချင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ မောင်ဖေလမ်လွမ်းဒေါင်ကပြောပါတယ်။ အခမ်းအနားမှာ ကချင်တိုင်းရင်းသား အဆိုတော် ဂျက်ဆန်ထွန်းက တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေတဲ့အပြင် ကချင်တိုင်းရင်းသူ၊တိုင်းရင်းသားတွေကလည်း ကချင်ရိုးရာအကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။…
Read Moreမြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အဌားယာဉ်မောင်းများသမဂ္ဂ(UTD)က ဆန္ဒပြ
Read More