ကူကီးအမျိုးသမီးတွေအနေနဲ့ နိမ့်ချဆက်ဆံခံရခြင်းတွေ ကြုံတွေ့နေရ

တမူး၊ ဇန်နဝါရီ ၁၀-၂၀၂၀ ဂေါင်ဂေါင်(VOM) ကူကီးအမျိုးသမီးတွေဟာ ရှေးရိုးစွဲအယူအစတွေနဲ့ ထိန်းချုပ်ခံနေရပြီး မိသားစုအတွင်း သမီးဖြစ်သူတွေဟာ အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အမွေဆက်ခံနိုင်ခွင့်မရှိခြင်း ၊ အိမ်ထောင်ကျအမျိုးသမီးအနေဖြင့်လဲ လင်မယားကွာရှင်းမှုများတွင် သား/သမီးများကို ပိုင်ဆိုင်ခွင့်မရှိခြင်း၊ အမျိုးသမီးများကို ဦးဆောင်ပါဝင်ခွင့်မရှိခြင်း စတဲ့ ကျား/မ တန်းတူမရှိခြင်းတွေကို ကူကီးအမျိုးသမီးတွေအနေနဲ့ နိမ့်ချဆက်ဆံခံနေရတယ်လို့ ကူကီးအမျိုးသမီးအဖွဲ့ကနေသိရပါတယ်။ “ကူကီးတိုင်းရင်သားများ အများစုနေထိုင်တဲ့ မြို့ရွာများမှာ အိန္ဒိယနယ်စပ်များနှင့် ထိစပ်မှုအများဆုံးဖြစ်ပြီး မူးယစ်ဆေးများ အလွယ်တကူ ရောင်းဝယ်ခွင့်များရှိသဖြင့် အရွယ်မရောက်သေးတဲ့ လူငယ်များအပြင် အမျိုးသမီးများပါ မူးယစ်ဆေးဝါသုံးစွဲမှုများရှိနေပါတယ်၊ တာဝန်ရှိသူများမှလဲ မူယစ်ဆေးဝါးနဲ့ပက်သက်ပြီး နိမ်နှင်းမှုများကို နိုင်ငံတော်အဆင့်ဖမ်းဆီးမှုများပြုလုပ်နေတာကို ဝမ်းသာပါတယ် ၊ ထိရောက်တဲ့ဖမ်းဆီးမှုများဖြစ်ရန် နယ်မြေခံပြည်သူများနှင့်ပူးပေါင်းပြီး ဖမ်းဆီးမှုများပြုလုပ်စေချင်တယ်”လို့ ကူကီးအမျိုးသမီးအဖွဲ့ဝင် ဒေါ်နိမ်ခိုဟက်ကပြောပါတယ်။ ကူကီးအမျိုးသမီးတွေ နိမ့်ချဆက်ဆံခံနေရတာနဲ့ ပက်သက်ပြီး တမူးခရိုင်၊တမူးမြို့ နယ် အထက်ပိုင်းကျွန်ပင်သားကျေးရွာတွင် ၂၀၂၀ ၊ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉…

Read More

မန္တလေးတက္ကသိုလ် ပင်မဆောင်၀င်တဲ့အပေါက်တွေကို ကျောင်းအုပ်ချုပ်ရေးပိုင်းက ယာယီပိတ်

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတက္ကသိုလ်အတွင်း အဓိပတိလမ်းရှိ ပင်မဆောင်၀င်တဲ့တံခါးပေါက်တွေကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေးအရ ယာယီပိတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ကနေ သိရပါတယ်။ မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားတဲ့ food court နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ အချိန်ဆွဲနေတာ(၄)လကြာပြီ ဖြစ်တဲ့အတွက် မနေ့ ဇန်နဝါရီ၉ရက်မနက်ပိုင်းကစပြီး ကျောင်းသားသမဂ္ဂအဖွဲ့က သပိတ်စခန်းပြန်ဖွင့်ခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ကျောင်းအုပ်ချုပ်ရေးပိုင်းက ပင်မဆောင်ရှေ့မှာ သပိတ်စခန်းပြန်ဖွင့်မှာကို မလိုလားတဲ့အတွက် ခုလိုပြုလုပ်တာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်တို့က လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌကို ဖုန်းဆက်မေးတယ်၊ သူကလည်း ရန်ကုန်ရေးနေတဲ့အတွက် မသိဘူးလို့ပြောတယ်။ ဒီအနေအထားက ပါမောက္ခချုပ်က လုံခြုံရေးနှင်းစည်းကမ်းထိန်းသိမ်းရေးကို အသုံးချပြီး ထုတ်ပြန်ချက်တွေထုတ်ခိုင်းတဲ့အနေအထားဖြစ်နေပါတယ်။ ပါမောက္ခချုပ်အနေနဲ့ မလျော်ဩဇာသုံးတယ်လို့ထင်တယ်၊ ‌ကျောင်းသားကဒ်နဲ့၀င်မှ ရမယ်ဆိုတော့ တချို့ ဒီဂရီကျောင်းသားတွေရဲ့မိဘတွေလာရင်အဆင်မပြေဘူး၊ ကျွန်တော်တို့ကတော့ ကန့်ကွက်ရှုံ့ချပါတယ်”လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုဝေယံထက်ကပြောပါတယ်။…

Read More

လူဦးရေသန်း ၈၀ ကျော်မှာ ဆင်းရဲသား ၁၇ ဦးသာရှိတဲ့ပြည်နယ်တစ်ခု တရုတ်နိုင်ငံမှာထွက်ပေါ်

ပေကျင်း၊ ဇန်နဝါရီ-၁၀-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံရှိ လူဦးရေ သန်း ၈၀ ကျော်နေထိုင်တဲ့ ဂျင်ဆုပြည်နယ်မှာ လူ ၁၇ ဦးသာ ဆင်းရဲမွဲတေမှု ခံစားနေရတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး စီမံချက်တစ်ခုအောင်မြင်ပြီးနောက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၆၃ အောက်ဝင်ငွေရှိသူဟာ လက်ချိုးရေလို့ရတယ်လို့ ဂျင်ဆုပြည်နယ်က ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အွန်လိုင်းအသုံးပြုသူတွေကြားမှာ မေးခွန်းထုတ်တာတွေရှိနေပြီး ပြည်နယ်အတွင်းမှာ အလုပ်လက်မဲ့တွေနဲ့ သူတောင်းစားတွေ မရှိဘူးလားလို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေးဟာ တရုတ်အစိုးရရဲ့ အဓိကရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းရှိ ဂျင်ဆုပြည်နယ်ဟာ တရုတ်နိုင်ငံရှိ အချမ်းသာဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်း နောက်ဆုံးအချက်အလက်တွေအရ ပြီးခဲ့တဲ့လေးနှစ်အတွင်း ပြည်နယ်သတ်မှတ်ချက်တွေ အရ လူဦးရေ ၂ ဒသမ ၅၄ သန်းဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြည်နယ်အတွင်းရှိနေတဲ့ ဆင်းရဲမွဲတေသူ…

Read More

၂လအတွင်း Business Plan မတင်ပြနိုင်တဲ့ စက်မှုဇုန်ထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်မယ်

၂လအတွင်း Business Plan မတင်ပြနိုင်တဲ့ စက်မှုဇုန်ထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်မယ် ရန်ကုန် ဇန်နဝါရီ ၁၀ -၂၀၂၀ သိဂီ ၤ(VOM) မြေကွက်ဝယ်ထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိတဲ့ ရန်ကုန်တိုင်းအတွင်း စက်မှုဇုံတွေထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်နေပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေထဲက မြေကွက်လွတ်တွေမှာ ဘယ်လို Business Plan တွေလုပ်ဆောင်မယ်ဆိုတာကို အချိန် ၂ လအတွင်း ဝန်ကြီးချုပ်ဆီ ဇုန်အလိုက်တာ ဝန်ရှိသူတွေက တင်ပြရမှာဖြစ်ပါတယ်။အကယ်လို့ သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ခဲ့ရင် တော့ မြေဂရံပယ်ဖျက်သွားမှာဖြစ်ပါတယ်။ ” ၂ လအတွင်း စက်မှုဇုန်မြေကွက်လွတ်တွေအကုန်လုံး အဲ့ဒီနေရာမှာ ဘာလုပ်မယ်ဆိုတာ business plan တင်ပြရမယ်။ မတင်ရင် ၂ လကျော်တာနဲ့ အဲ့ဒီlist ပေးရမယ်။ ဝန်ကြီးချုပ်ကို ပြန်တင်ပြရမယ်။ စက်မှုဇုန်တွေထဲ မြေဝယ်ထားပြီးအသုံးမချသူတွေ ကိုပြောတာဖြစ်တယ်။…

Read More

အခြေ ခံလုပ်ခလစာ ထပ်တိုးသတ်မှတ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်ရေးအခက်အခဲဖြစ်နိုင်

အခြေ ခံလုပ်ခလစာ ထပ်တိုးသတ်မှတ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်ရေးအခက်အခဲဖြစ်နိုင် ရန်ကုန် ဇန်နဝါရီ ၁၀-၂၀၂၀ သိဂီ ၤ(VOM) အခြေခံလုပ်ခလစာ ထပ်တိုးသတ်မှတ်လိုက်မယ်ဆိုရင် ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိတာကြောင့် နှစ်ဦးနှစ်ဖက် သေချာညှိနှိုင်းလုပ်ဆောင်ဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်မှုဆောင် ကိုရဲထွဋ်တင်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နည်းနေသေးတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံအခြေအနေနဲ့တွက်ရင်တော့ လုပ်ခလစာတစ်ကြိမ်တိုးသတ်မှတ်တိုင်း ရာခိုင်နှုန်းက အများကြီးတက်သွားတာဖြစ်ပြီး ဒီဒဏ်ကို ပြည်တွင်းလုပ်ငန်းရှင်တွေ ခံရတယ်လို့ဆိုပါတယ်။ ” နိုင်ငံတကာမှာလည်း လုပ်ခလစာက ၂ နှစ်တစ်ကြိမ် သတ်မှတ်တယ်။ဒီမှာလည်း ဝန်ထမ်းတွေက မလောက်ဘူး ပဲအော်ကြတယ်။ ဥပမာ ပြောရရင် ကျတော်တို့ ပြည်တွင်းဖြန့်တဲ့လုပ်ငန်းရှင်တွေပေါ့ အရင် လုပ်ခလစာ ၃၆၀၀ တုန်းက မုန့်တစ်ထုပ် ၂၀၀ ခု ၄၈၀၀ ပဲ ။ အမြတ်ကပိုမလာဘူး။ ပိုပြိးဈေးတက်ရောင်းလဲမရဘူး။အမြတ်အစွန်းနည်းလာတယ်။ နောက် စရိတ်တွေကြီးလာတယ်။မီတာခတွေတက်လာတယ်။ဒီတိုင်းဆို…

Read More

မတ်လကုန်အထိစာသင်ချိန်တိုးမြှင့်လိုက်တဲ့ညွှန်ကြားချက်ကို အမြန်ဆုံးပယ်ဖျက်ပေးဖို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၀ ဖြူဖြူ(VOM) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ အခြေခံပညာ အတန်းအသီးသီးရဲ့ ပညာသင်ကာလကို မတ်လအထိတိုးမြှင့်လိုက်တဲ့အပေါ် ပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးပယ်ဖျက်ပေးဖို့ မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်ကနေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အခြေခံပညာအတန်းအသီးသီးရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်းပြီးဆုံးတဲ့ အချိန်မှာ စစ်ဆေးရမယ်ဆိုပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာသင်ချိန်တိုးမြှင့်လိုက်တာဟာ မြေပြင်က ဆရာ၊ ဆရာမတွေရဲ့ သဘောထားဆန္ဒမပါဘဲ လုပ်ဆောင်တာဖြစ်တယ်လို့ လှုပ်ရှားမှုလုပ်ခဲ့တဲ့ကျောင်းသားတွေက ဆိုပါတယ်။ “ဒီပြသနာတွေကို ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ အခု ၆ ရက်အထိလျှော့ချလိုက်ပြီလို့တော့ကြားတယ်။ ဒါကလည်း သိပ်အဆင်မပြေသေးဘူး။ တိတိကျကျထုတ်ပြန်ထားတာလည်း မရှိသေးဘူး။ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ ဒါမှမလုပ်ပေးရင် လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ရှိပါတယ်။”လို့ မန္တလေးပညာရေးကောလိပ် သမဂ္ဂ ဥက္ကဌ ကိုအောင်မျိုးကိုက ပြောပါတယ်။ အရင်က ဖေဖော်ဝါရီလအထိသာ ပညာသင်ကာလရှိခဲ့ရာက အခုနှစ်ကစပြီး မတ်လကုန်အထိ တိုးမြှင့်လိုက်တာဟာ…

Read More

ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က ပလပ်လိုက်တဲ့အတွက် အောက်ရုံးကချထားတဲ့ပြစ်ဒဏ်အတိုင်းမို့ အထူးအယူခံဆက်တက်မည်

နေပြည်တော် ဇန်နဝါရီ ၁၀-၂၀၂၀ ကိုထွန်း (VOM) တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သတ်တဲ့အမှု စီရင်ချက်ကို နေပြည်တော်တရားလွှတ်တော်မှာ ပြင်ဆင်မိန်. တက်ထားတဲ့အမှုကို ဒီကနေ့ ဆုံးဖြတ်တာမှာ အောက်ရုံးဆုံးဖြတ်ချက်အတိုင်းအတည်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အထူးအယူခံ ဆက်တက်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းဟာ ၂၉/၁/၂၀၁၇ တနင်္ဂနွေနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တခြားတရားခံ ဇေယျာဖြိုး ကိုတော့ ၅နှစ် ၊ အောင်ဝင်းထွန်း ကို ၃နှစ်ချမှတ်တာဟာ…

Read More

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှာ လက်နက်ကြီးကျည်စထိမှန်တဲ့အတွက် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် လေးဦးဒဏ်ရာရ

မြောက်ဦး၊ ဇန်နဝါရီ ၁၀- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက် နေ့လည်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်တဲ့အတွက် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီဒဏ်ရာရရှိသွားသူ ၄ ယောက်မှာ ဦးအောင်သိန်းထွန်း(၄၃) နှစ်၊ မောင်ညီညီလင်း (၁၃) နှစ်၊ မောင်သန်းဇော်ဦး (၉) နှစ်နဲ့ မဝိုင်းဆိုတဲ့ (၂) နှစ် ကလေးတစ်ဦးတို့ဖြစ်ပြီး မောင်ညီညီလင်းနဲ့ မောင်သန်းဇော်ဦးတို့ဟာ ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။ “ အမြောက်ဆံလား ကျည်ဆံလား မပြောတတ်ဘူး။ အုတ်ဖိုကန်ရွာမှာတော့ အခုည ၃ နာရီမှာ လေးယောက်ဒဏ်ရာ ရနေတယ်။ ကလေးတစ်ယောက်ပါတယ်။ လူကြီး ၄၃ နှစ်တစ်ယောက်ပါတယ်။ ”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။…

Read More

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်သူ့အသံမပါသေးကြောင်း ကချင်ဒေသခံကနိုင်ငံတော်အတိုင်ပင်ခံဆီတင်ပြ

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်သူ့အသံမပါသေးကြောင်း ကချင်ဒေသခံကနိုင်ငံတော်အတိုင်ပင်ခံဆီတင်ပြ မြစ်ကြီးနား ဇန်နဝါရီ ၁၀-၂၀၂၀ ရန်အောင်ထွန်း (VOM) တကယ်ခံစားနေရတဲ့ ပြည်သူ့အသံတွေ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် ဆောင်ရွက် မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၉ ရက် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ် ။ ကချင်ပြည်နယ်အတွက် မိုးညှင်းမြို့နယ် ဒေသခံတစ်ဦးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တကယ့်ပြည်သူ တွေရဲ့အသံ မပါဝင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံဆီ တင်ပြခဲ့ပါတယ်။ သူက အသက် ၅၀ အရွယ်ရောက်တဲ့အထိ ငြိမ်းချမ်းရေးရဲ့အရသာကို မခံစားခဲ့ရကြောင်းနဲ့ လက်နက်ကိုင်အဖွဲ့တွေ အခုဆွေးနွေးနေသမျှ သူတို့အကျိုးစီးပွားအတွက်ပဲ လမ်းဆုံးနေတာကြောင့် တကယ့်လူထုအသံကို ရောက်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံဆီ တောင်းဆိုခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တကယ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ အသံပါဝင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၉…

Read More

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပနိုင်ဖို့ဆုံးဖြတ်

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပနိုင်ဖို့ဆုံးဖြတ် နေပြည်တော်၊ ဇန်နဝါရီ ၁၀-၂၀၂၀ ကိုထွန်း(VOM) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမယ့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းရဲ့ ပထမ ၄ လတာကာလအတွင်းမှာကျင်းပနိုင်ဖို့ ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထေင်စုငြိမ်းချမ်းရေး ဗဟိုဌာန နေပြည်တော်မှာ ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်တဲ့ (၈) ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဒီ၂၀၂၀ ပြည့်နှစ် နှစ် ဆန်းပိုင်းရဲ့ ပထမ ၄လတာကာလအတွင်း မှာကျင်းပနိုင်ဖို့ ဆိုပြီးတော့…

Read More
VOM News

FREE
VIEW