ဝါရှင်တန်၊ ဇန်နဝါရီ-၄-၂၀၂၀ မျိုဆက် (VOM) အီရန်စစ်ဘက် ထိပ်တန်းဗိုလ်ချုပ် ကာဆမ်ဆိုလိုင်မေနီကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပြုပြီး သတ်ဖြတ်လိုက်တာဟာ စစ်ပွဲတစ်ခုအဆုံးသတ်ဖို့လုပ်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ပွဲစဖို့မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။ အီရန်ဗိုလ်ချုပ်ဆိုလိုင်မေနီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ဒီဇင်ဘာ ၃ ရက်က ဘဂ္ဂဒက်မှာပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပြီးဆုံးသွားပြီလို့ သူကဆိုပါတယ်။ သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ်ဆိုလိုင်မေနီဟာ အီရန်ကွပ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး အီရန်ရဲ့ အရှေ့အလယ်ပိုင်းစစ်ဆင်ရေးတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့ကို လေကြောင်းတိုက်ခိုက်မှုပြုပြီး သတ်ဖြတ်ခဲ့တာကြောင့်အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေလည်း အကြီးအကျယ်မြင့်တက်နေပါတယ်။ ဒီလိုအခြေအနေမှာ ကြိုတင်ကာကွယ်မှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် ထပ်မံစေလွှတ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒေသတွင်း တင်းမာမှုများမြင့်တက်နေတာကြောင့် အီရတ်မှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားအားလုံး နိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာကြဖို့ ဘဂ္ဂဒက်ရှိအမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Ref : BBC Photo: AFP #VOM…
Read MoreMonth: January 2020
အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေးနေတဲ့ မီတာခကို ဧပြီလမှာ ထပ်တိုးကောက်ခံမယ်
တမူး၊ ဇန်နဝါရီ ၄-၂၀၂၀ ဂေါင်ဂေါင်(VOM) အိန္ဒိယနိုင်ငံကနေ တမူးမြို့ကိုပေးဝေနေတဲ့ လျှပ်စစ်မီတာခကို ဧပြီလကနေစပြီး အိန္ဒိယရူပီးငွေ(၇)ကျပ်တိုးကာ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်က ၂၄နာရီမီးရရှိရေးအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လအထိ တစ်ယူနှစ်ကို အိန္ဒိယရူပီးငွေ ၆ကျပ် ပြား၄၀ ကောာက်ခံခဲ့ကာ မီးလင်းရေးကော်မတီအဖွဲ့က တစ်ယူနှစ် ကိုမြန်မာကျပ်ငွေ ၂၀၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ အိန္ဒိယရူးပီးငွေ ၇ ကျပ်တိုးကောက်မှာဖြစ်တဲ့အတွက် မီတာခကို တစ်ယူနှစ် ၂၅၀ ကျပ်နဲ့ တမူးပြည်သူတွေကို ကောက်ခံသွားမှာဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့လည်း အခြားနိုင်ငံတွေကို လျှက်စစ်ဖြန်ဖြူးလျှက်ရှိရာ တစ်ယူနှစ်ကို ရူပီးငွေ ၈ကျပ်ခွဲနဲ့ပေးထါးပြီး တမူးနယ်စပ်ကိုလဲ အဲ့ဒီဈေးအတိုင်းကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ “တမူးမြို့ EPCရုံးအနနဲ့ ငွေကျေးပိုင်းနဲ့ ဈေးအနိမ့်အမြင်တွေမကိုင်ထားပါဘူး။ နည်းပညာပိုင်းနဲ့ မီးပျက်ရင်ရုံးမှပညာရှင်တွေကို လွတ်ပေးတါမျိုးဘဲရှိပါတယ်။ မီးလင်းရေးကော်မတီကသာ ငွေကျေးပိုင်းကော ကောက်ခံမှုပိုင်းကော အကုန်တာဝန်ယူထားတာဖြစ်တယ်”လို့တမူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးဝေကို…
Read More(၁၂) ဘီးကားနဲ့ ခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်တဲ့ယာဉ်မောင်းသေဆုံး
စစ်ကိုင်း ဇန်နဝါရီလ ၄-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ ပြူကံရပ်၊ မုံရွာ -မန္တလေး ကားလမ်း၊မိုင်တိုင်အမှတ်(၁၅/၃)မှာ ဒီကနေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က (၁၂)ဘီးကားနဲ့ ခရီးသည်တင် အန်စာတုံးယာဉ်တို့ တိုက်မှုဖြစ်ပြီး ခရီးသည်တင်ယာဉ်က ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းမြို့၊ရွာထောင်ရပ်နေ ဦးမြင့်လွင်ဦး(၄၃)နှစ် မောင်းနှင်းလာသော (၁၂ဘီးကား)ခေါင်းပြာ၊ ဘော်ဒီခဲရောင်နဲ့ အပြာကြားယာဉ်ဟာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သွားတဲ့အချိန် လမ်းကြောပေါ်မှာ စစ်ကိုင်းဘက်ကို ခေါင်ပြန်လှည့်ဖို့ ဂ ငယ်ကွေ့ကွေ့တဲ့အချိန် ယာဉ်မောင်း ဦးကျော်မျိုးခိုင် မောင်းနှင်းလာသော အန်စာတုံး အမျိုးအစား(ခဲရောင်)အင်ကြင်းဖြူ ခရီးသည်တင်ယာဉ်လိုင်းက ခရီးသည် ၁၃ ဦး တင်ဆောင်လာတဲ့ အန်တုံးယာဉ်မှာ အရှိန်မထိန်နိုင်ဘဲ ၁၂ ကားရဲ့ နောက်မှီးပိုင်ကိုတိုက်မိပြီး အနီးရှိ ရန်အောင်မင်္ဂလာကျောင်းတိုက် အုတ်တံတိုင်းသို့ ဝင်ရောက်တိုင်မိခဲ့တယ်လို့ သိရပါတယ်။ ”မန္တလေး-မုံရွာကာလမ်း ပြူကံရပ်နားမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူညှက်နေတယ်လို့ ဖုန်းသတင်းရတာနဲ့ ကျွန်တော်တို့…
Read Moreလူမှုဖူလုံရေးကြေးပေးသွင်းဖို့ပျက်ကွက်တဲ့ တိုင်းနှင့်ပြည်နယ် ၆ ခုမှာ ရန်ကုန်ကအများဆုံးဖြစ်
ရန်ကုန် ဇန်နဝါရီ ၄-၂၀၂၀ သိဂီ ၤ(VOM) လူမှုဖူလုံရေး လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ပျက်ကွက်နေတဲ့ တိုင်းနှင့် ပြည်နယ် ၆ ခုအနက် ရန်ကုန်က ပျက်ကွက်မှုအများဆုံးဖြစ်နေတယ်လို့ လူမှုဖူလုံရေးစာရင်းတွေအရ သိရပါတယ်။ လုပ်သားကျန်းမာရေး အာမခံငွေလစဉ်ကြေးပေးသွင်းဖို့ ကျန်ရှိနေတဲ့ အလုပ်ဌာနတွေဟာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်တို့ဖြစ်ပြီး ပျက်ကွက်တဲ့အလုပ်ဌာန ၂၅၆ ခုရှိကာ အဲ့ဒီအထဲမှာ ရန်ကုန်က ၂၂၃ ခုရှိနေတာဖြစ်ပါတယ်။ “ ဒီပြည်နယ်တိုင်း(၆)ခုမှာ လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ ကျန်ရှိငွေက ၂၉၇ ဒသမ ၈၂၄ သန်း ပေးသွင်းဖို့ကို ကျန်ရှိနေတာပါ။ လက်ရှိ ကြွေးကျန်ရရှိဖို့ ကြိုးစားဆောင်ရွက်နေပြီးတော့ တောင်းဖို့ခက်ခဲတဲ့ ကြွေးကျန် အလုပ်ဌာန ၂ ခုကိုတော့ တရားစွဲဆို ဆောင်ရွက်ထားပါတယ်” လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးကပြောပါတယ်။ အဆိုပါ ပျက်ကွက်အလုပ်ဌာနစာရင်းတွေထဲကမှ လစဉ်ကြေးတောင်းဆိုဖို့ခက်ခဲတဲ့…
Read Moreမန္တလေးမြို့မှာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာ
မန္တလေး ဇန်နဝါရီ ၄-၂၀၂၀ ဖြူဖြူ(VOM) ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည့်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကျင်းပနေချိန် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် အခမ်းအနားတက်ရောက်လာသူတွေအနေနဲ့ ဘောလုံးကွင်းအတွင်းမိုးလုံရာနေရာတွေမှာ ခိုလှုံခဲ့ကြရပြီး တိုင်းအစိုးရအဖွဲ့နဲ့ မြို့ခံအချို့သာ အခမ်းအနားမှာ ပါဝင်ဖြစ်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်စား ခခေတ္တဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဇာနည်အောင်က “ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့ ဒီနေ့ထူးနေ့မြတ်မှာ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ လေထန်သည်ဖြစ်စေ ကျနော်တို့အားလုံး ဒီလွတ်လပ်ရေးနေ့မှာ တက်ရောက်လာတဲ့အားကလည်း မနည်းဘူး။ ဒါဟာ တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့အချိန်မှာ အားလုံးဟာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တဲ့ ပြယုဒ်ပဲဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ဖို့ မူလကစီစဉ်ထားပေမယ့်…
Read Moreစစ်ကိုင်းမြို့ပါရမိရပ်ရှိ အုန်းပင် ခေါက်ဆွဲစက် မီးလောင်
စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ပါရမိရပ်ရှိ “အုန်းပင်”ခေါက်ဆွဲစက်မှာ ဒီကနေ့ ညနေပိုင်းက ခေါက်ဆွဲအခြောက်ခံဖို့အတွက် ထင်းနဲ့ ပေါင်းဖိုကို အပူပေးရာကနေ အပူလွန်ပြီး ခေါက်ဆွဲခြောက်တွေကို မီး ကူးစက်လောင်ကျွမ်းကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့နေရာကို စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့တွေ အပြင် ဒေသအရန် မီးသတ်တပ်ဖွဲ့တွေ၊လူမှုရေး အသင်းအဖွဲ့တွေ နဲ့ စစ်ကိုင်းမြို့နယ်က တပ်မ ၃၃ တပ်သားများ ရေကားတွေ၊စည်ပင်ရေကား စတဲ့ အဖွဲ့အစည်းတွေက လာရောက်မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်ကျွမ်းတဲ့အတွက် (၃၀×၆၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ (၂၀×၃၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ ပါဝါမီတာတစ်လုံး၊ ခေါက်ဆွဲ နဲ့ ဂျုံအိတ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်းဖိုး ငွေကျပ် ၆၅၉၀၀၀၀ ခန့် ဆုူံရှုံးခဲ့တယ်လို့သိရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် ဦးဝင်းဖြိုးဟန်ဦး အသက် (၄၂)နှစ် ကို စစ်ကိုင်းမြို့မရဲစခန်း က…
Read Moreမြေပုံမြို့နယ်မှာ တိုက်ပွဲပြင်းထန် လေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုခဲ့
မြေပုံ၊ ဇန်နဝါရီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုအတွင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်က မြန်မာ့တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဒေသအတွင်း လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး တိုက်ပွဲတွေပါဆက်လက်ဖြစ်ပွားကာ လေကြောင်းပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် စညှင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၅ ရွာက ဒေသခံ ၂၀၀၀ ကျော်တို့ဟာ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ “မနေ့က မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုမှာ တော်တော့်ကို တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။ မနက် ၈ နာရီလောက်ကစဖြစ်တယ်။ ညနေမိုးချုပ်အောင်ထိဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ၁၂ နာရီလောက်မာ တပ်မတော်ကနေပြီးတော့ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်နဲ့လာပြီးတော့ဗုံးကြဲတာ ပစ်ခတ်တာတွေရှိခဲ့တယ်။ ရဟတ်ယာဉ်တွေကတော့ ခဏနေ တစ်စီးလာလိုက်၊ နှစ်စီးလာလိုက်နဲ့…
Read Moreစစ်ကိုင်းက အိုးဘိုရပ်ကွက်မှာ အိုးရွက်ပြိုင်ပွဲနဲ့ အိုးရိုက်ပြိုင်ပွဲကျင်းပ
စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊အိုးဘိုရပ်ကွက်မှာ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအနေနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက အိုးရွက်ပြိုင်ပွဲ၊ အိုးရိုက်ပြိုင်ပွဲ အပါအဝင် အခြားသောပျော်ပွဲရွှင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ အိုးဘိုရပ်ကွက်ဟာ ရှေးမြန်မာမင်းတွေလက်ထပ်ကတည်းက အစဉ်အဆက် အိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် “အိုးဘို”ရပ်ကွက်လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ -၁၉၈၇ခုနှစ်အတွင်းထိ ရွာလုံးနီးပါး အိုးလုပ်ငန်းကို လုပ်ကိုင်ကြပေမယ့်လည်း ယခုအခါမှာ အိုးလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာပြီး ရက်ကန်းလုပ်ငန်း နဲ့ အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ပြောင်းရွေ့လုပ်ကိုင်လာကြတယ်လို့ သိရသည်။ လက်ရှိမှာ အိုးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အိုးလုပ်တဲ့အခါ အသုံးပြုတဲ့ ကုန်ကြမ်းမြေနီရှားပါးမှု ပြဿနာကို ကြုံတွေနေရပါတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #စစ်ကိုင်း #အိုးရွက်ပြိုင်ပွဲ Zawgyi စစ်ကိုင်းက အိုးဘိုရပ်ကွက်မှာ အိုးရွက်ပြိုင်ပွဲနဲ့ အိုးရိုက်ပြိုင်ပွဲကျင်းပ စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊အိုးဘိုရပ်ကွက်မှာ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအနေနဲ့ ဒီကနေ့…
Read Moreမြဝတီ-ကော့ကရိတ် အာရှလမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး ခရီးသည်(၁၈)ဦးသေဆုံး
မြဝတီ ၊ ဇန်နဝါရီ ၃-၂၀၂၀ သူရိန်(VOM) မြဝတီ- ကော့ကရိတ် ၊ ဒေါနတောင်ကျော်၊ အာရှလမ်းသစ်၊ ကွမ်းခြံကွေ့အနီးက မိုင်တိုင် ၁၆၄ -၁၆၅ ကြားမှာ ဒီကနေ့မနက်ပိုင်းက ခရီးသည်တင်မှန်လုံယာဉ်မှာ ပေ၁၅၀ကျော်အနက် ချောက်ထဲသို့ထိုးကျသွားပြီး ကလေးတစ်ဦးအပါအဝင်(၁၈)ဦး သေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ သိရပါတယ်။ ရန်ကုန်က မြန်မာ့ရွှေ့ပြောင်း လုပ်သား(၄၅)ဦးကို တင်ဆောင်ပြီး မြဝတီမြို့ကိုလာတဲ့ အလင်းရောင်မိုး ခရီသည်ပို့ဆောင်ရေး မှန်လုံယာဉ်မှာ အခင်းဖြစ်နေရာ သို့အရောက် ဘရိတ်ပေါက်ကာ ပရိုဘောက်ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိပြီး မှန်လုံယာဉ်မှာ လမ်းဘေးအကာဘောင်ကိုကျော်ကာ ပေ ၁၅၀ အနက်ရှိ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ “ပရိုဘောက်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ခရီးသည် ၇ဦးစလုံးသေဆုံးတယ်။ အလင်းရောင်မိုး မှန်လုံယာဉ်ပေါ်ကခရီးသည် ဆယ်ဦးကျော်သေဆုံးနေပြီ”လို့ ကော့ကရိတ်ပုလဲဖြူ လူမှုကယ်ဆယ်ရေးအသင်းမှ ကိုထိုက်ကပြောပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့နေရာကို မြဝတီ၊ကော်ကရိတ်နဲ့ သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်း များ၊ တပ်မတော်သားများ၊…
Read Moreဇီးကုန်းမြို့နယ် NLDပါတီဥက္ကဠကို အလုပ်အမှုဆောင်ဟောင်းက ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံ
ဇီးကုန်း ဇန်နဝါရီ ၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂ရက်နေ့က ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဌကို NLDပါတီ မြို့နယ်အလုပ်အမှုဆောင်ဟောင်းကနေ ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံခဲ့တယ်လို့ ဇီးကုန်းမြို့နယ်တရားရုံးကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉၊ စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းကနေ NLDပါတီမြို့နယ်အလုပ်အမှုဆောင်ဟောင်း ဦးသန်းအောင်ကို နိုင်လွတ်လုံပုဒ်မ-၁၀(နိုင်ငံသားတို့ ၏ လွတ်လပ်မှုနှင့်လုံခြုံမှုဆိုင်ရာ)နဲ့ တရားစွဲဆိုခဲ့ရာ ဇီးကုန်းမြို့မရဲစခန်းအချုပ်မှာ ရက်ပေါင်း (၈၆)ရက်အချုပ်ပ်ခံခဲ့ရတဲ့အတွက် လူမှုရေး၊ နိုင်ငံသားအခွင့်အရေးအရနစ်နာတယ်လို့ဆိုကာ ခုလိုလျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #ဇီးကုန်း #NLDပါတီ #တရားရုံးလက်ခံ Zawgyi ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဠကို အလုပ်အမှုဆောင်ဟောင်းက ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံ ဇီးကုန်း ဇန်နဝါရီ ၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂ရက်နေ့က…
Read More