တောင်သူတွေအနားယူရမယ့်အချိန်မှာ အခြားသောလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်နေရ
မင်းတုန်း၊ဇန်နဝါရီ ၃-၂၀၂၀ ဂျန်ကိုး(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထဲက စပါးစိုက်တောင်သူတွေဟာ မိုးမရတဲ့အတွက် စပါးအထွက်နည်းခဲ့ပြီး ဆောင်းသီးနှံစိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့အပြင် လက်မှုပညာတတ်သူတွေက ခြင်းကြားတောင်း၊ ဝါးသက်ကယ်ယက်ပြီး မြို့ကိုတင်ပို့ရောင်းချတဲ့ လုပ်ငန်းကိုပါ လုပ်နေကြရတာ ဖြစ်ပါတယ်။ ယခင်က တောတက်ဝါးခုတ်တာကို သင်္ကြန်ကျော်ချိန်မှသာ အိမ်သုံးဝါးခုတ်ကြတာဖြစ်ပြီး လက်ရှိမှာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် အခုလိုလုပ်နေကြရတာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ #VOM #voiceofmyanmar #မင်းတုန်း #တောင်သူ #တောင်တက်ဝါးခုတ် Zawgyi တောင်သူတွေအနားယူရမယ့်အချိန်မှာ အခြားသောလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်နေရ မင်းတုန်း၊ဇန်နဝါရီ ၃-၂၀၂၀ ဂျန်ကိုး(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထဲက စပါးစိုက်တောင်သူတွေဟာ မိုးမရတဲ့အတွက် စပါးအထွက်နည်းခဲ့ပြီး ဆောင်းသီးနှံစိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေရတယ်လို့…
Read More
အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ကျောင်းသားတွေက ဆန္ဒပြ
ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀ သိဂီ ၤ(VOM) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဟာ ကျောင်းသားထုအပေါ် အခွင့်အရေးချိုးဖောက်တယ်လို့ဆိုကာ ဒီကနေ့မနက်ပိုင်းက အဲ့ဒီကျောင်းမှာဖွဲ့စည်းထားတဲ့ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ကျောင်းအတွင်း ကြွေးကြော်သံ ၃ ချက်နဲ့လှည့်လည်ဆန္ဒပြခဲ့ြှကပါတယ်။ . ကျောင်းသားထု အခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ ကျောင်းသားထုကိုဖိနှိပ်ထားသော ကျောင်းစည်းကမ်းချက်များ အလိုမရှိ အပါအဝင် အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကျောင်းဝင်းအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ နယ်ကနေကျောင်းလာအပ်တဲ့ကျောင်းသားအားလုံးကို အဆောင်နေထိုင်ခွင့်ပေးပေမယ့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးကိုတော့ အဆောင်နေထိုင်ခွင့်မပေးတဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်ပြီး ရာဇသံပေးတာလည်းဖြစ်တယ်လို့ သိရပါတယ်။ ” နယ်ကလာပြီး ကျောင်းအပ်တဲ့ ကျောင်းသားတွေကို အဆောင်နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးပါတယ်။ ကျွန်တော့်ကိုတော့ ဗကသအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်လို့ အဆောင်မပေးဘူး ပြောပါတယ်။ ဒါဟာဖိနှိပ်တာပါပဲ။ ကျွန်တော့်ဘက်က အကြိမ်ကြိမ်ညှှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး ။ တခြားနယ်ကလာသူ အကုန်လုံးကို နေစရာအဆောင်ပေးပါတယ် ။ဒါကြောင့် ဒီနေ့မှာ ရာဇသံပေးကြွေးကြော်ခဲ့တာပါ။ ၅ ရက်အတွင်းကိုမှ…
Read More
အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးသေဆုံး
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၃-၂၀၂၀ မျိုးဆက် (VOM) အီရတ်နိုင်ငံအတွင်း အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီသေဆုံးသွားပါတယ်။ ကာဆမ်ဆိုလီမာနီ သေဆုံးမှုကို ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုလိုက်ပြီး လေကြာင်းတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမာနီဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဒေသခံစစ်သွေးကြွတွေနဲ့အတူ ဘဂ္ဂဒက်လေဆိပ်ကို ကားနဲ့လာရောက်ချိန်မှာ အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုပြုခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူတွေကို ပြင်းထန်စွာ လက်စားချေသွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမာနီ သေဆုံးမှုအတွက် သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်မယ်လို့လည်း သူကကြေညာပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလီမာနီဟာ အီရန်အစိုးရအတွက် အရေးကြီးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်ရာပေါင်းများစွာ သေဆုံးမှုအတွက် သူမှာ တာဝန်ရှိသည်ဆိုပြီး သူနဲ့သူရဲ့တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် အမေရိကန်က သတ်မှတ်ထားပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar #…
Read More
မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ တိုင်းဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတလာရောက်တွေ့ဆုံ
မန္တလေး ဇန်နဝါရီ ၃-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြိူ့အထွေထွေရောဂါကုဆေးရုံကြီးမှာ ဇန်နဝါရီ ၂ ရက်ကတည်းက ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ သွေးကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာလည်း အဆုတ်အအေးပတ်ပြီး ဖျားနေတဲ့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးဖျားနာကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ကိုကုသပေးနေတဲ့ ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက “အခုက ရိုးရိုးဖျားတာပါ။ အဆုပ်အအေးပတ်တာပေါ့။ ကျန်တာက ဘာမှမရှိပါဘူး။ ဒီနေ့အဖျားလည်းကျပါပြီ။ ကျန်းကျန်းမာမာရှိပါပြီ။”လို့ ပြောပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူဖို့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပေမယ့် လက်ရှိအနေအထားအရကတော့ စိုးရိမ်စရာမရှိဘူးလို့လည်း ဆရာဝန်ကြီးကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံမှာ ဆေးကုသခံယူခဲ့ရာ ဒီဇင်ဘာနောက်ဆုံးအပတ်မှာ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတာ…
Read More
ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို ကားတင်သွင်းခွင့်‌ပေးမယ်
ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀ သိဂီ ၤ(VOM) ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းတွေ တင်သွင်းလိုတဲ့ကားတွေကို တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို အရစ်ကျရောင်းချပေးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ရက်နေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဒုညွှန်ချုပ်နှင့် လုပ်သက် 25 နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းတံဆိပ်ရရှိတဲ့ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကားတင်သွင်းချင်သူတွေကို စီးကူးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ပြည်ပကနေတင်သွင်းသော ကားတွေရဲ့ ထုတ်လုပ်တဲ့ခုနှစ် Model Year အမိန့်ကြေငြာစာပါ သတ်မှတ်ချက်အတိုင်း ကားတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” လုပ်သက် ၁၀ နှစ်လောက်ဆိုရင်တော်သေးတယ်။ ၂၅ နှစ်ဆိုတာကတော့ အောက်ဝန်ထမ်းတွေအတွက် မလွယ်ပါဘူး။ဒုညွှန်ချုပ်တွေ ညွှန်ချုပ်တွေက ခုရော လိုင်းကားတိုးရုံးတက်တာရှိလို့လား၊ ကားတွေနဲ့ချည်းပါပဲ “လို့ လုပ်သက် ၁၀နှစ်ရှိပြီဖြစ်တဲ့ အစိုးရဝန်ထမ်း ကိုမင်းမော်ကပြောပါတယ်။ ကနဦး ညွှန်ချုပ်နှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေအတွက်…
Read More
ဆူဒန်မှာ စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျ လူ ၁၈ ဦးသေဆုံး
Read More
၂၀၂၀ ခုနှစ်မှာ နိုင်ငံ့တာဝန်ကို ထပ်ပေးရင် အရင်ငါးနှစ်ထက် ပိုပြီးဆောင်ရွက်နိုင်မယ်
Read More
စက်ယန္တယားတွေနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်သူတွေကို ဖမ်းဆီး
ဖားကန့်၊ ဇန်နဝါရီ ၁-၂ဝ၂ဝ ဇော်မိုးထက် (VOM) ဖားကန့်မြို့နယ်၊ လုံးခင်းကျေးအုပ်စု၊ ငိုးပင်းကျေးရွာ၊ မူလရွာဟောင်းနေရာမှာ စက်ယန္တယားအမြောက်အများနဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်နေသူတွေကို ဇန်နဝါရီ(၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ရွာသားတွေက ပြောပါတယ် ။ ဖမ်းဆီးထားတဲ့ စက်ယန္တယားအရေးအတွက်နဲ့ တရားမဝင်ကျောက်စိမ်းတူးသူ အရေအတွက်ကို သိရှိနိုင်ဖို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်မေးမြန်းရာ “ရှဒူးဇွပ်ကျေးရွာဈေးမီးလောင်မှု ၊ မီးဘေးသင့်ပြည်သူများကို သွားရောက် ကူညီကယ်ဆယ်နေတယ်”လို့ သိရပြီး ၊ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးဌာနရုံး (လုံးခင်း)နဲ့ လုံးခင်းနယ်မြေ ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လူ(၁၆) အပါအဝင် ဘက်ဟိုး(၁ဝ)စီးနဲ့မြေသယ်ယဉ် (၅)စီးကို ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ပြောပါတယ် ။ ဖမ်းဆီးခဲ့တဲ့နေရာ ငိုးပင်း အကျိုးတူ (၄) အပိုင်း…
Read More
ပဲခူးမြို့နယ်တရားရုံးမှာ အချုပ်သားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းမိ
ပဲခူး ဇန်နဝါရီ ၂-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တရားရုံးမှာ ဒီနေ့မနက်ပိုင်းက အမှုစစ်ဆေးဖို့ ရုံးထုတ်လာတဲ့ အချုပ်သားတစ်ဦးဆီကနေ (WY)စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအမှတ်(၁)ရဲစခန်းကနေ သိရပါတယ်။ ရုံးထုတ်လာတဲ့ အချုပ်သားတွေထဲက ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းကနေ (ပ)၃၃၀/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ ပဲခူးမြို့နယ်တရားရုံးမှာအမှုရင်ဆိုင်နေရတဲ့ ပဲခူးမြို့မဇင်းရပ်ကွက်၊ သရက်တော(၅)လမ်းမှာနေတဲ့ အသက်၂၄နှစ်အရွယ် ပိုင်သက်ဆိုသူ နဲ့ အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၂၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုရင်ဆိုင်နေရတဲ့ဉဿာမြို့သစ်မဟာကြီးဘုရားလမ်းနေအသက်(၁၉)နှစ်အရွယ် မင်းခန့်ကျော်တို့နှစ်ဦး တရားရုံးအချုပ်ကိုရောက်ရှိချိန် အပေါ့အပါးသွားလိုတဲ့အတွက် ခွင့်တောင်းခဲ့တယ်ပါတယ်။ အဲ့ဒီအချုပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက အိမ်သာကိုပို့ဆောင်ပေးပြီး တရားရုံးအချုပ်ခန်းကို ပြန်လည်ခေါ်ဆောင်ကာ ခန္ဓာကိုယ်ကိုရှာဖွေစစ်ဆေးတဲ့အခါ ပိုင်သက်ရဲ့ ခါးပုံစအတွင်းကနေ တစ်ရှူးအိတ်အခွံနဲ့ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး (၂၈) ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ‟အချုပ်သားဆီက WYစိတ်ကြွမူးယစ်ဆေးဝါးမိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါ ၊ (ပ)နံပါတ်မထွက်သေးပါဘူး”လို့…
Read More
တပ်သိမ်းမြေတွေကို တပ်မတော်က ပြန်လည်စွန့်လွတ်ခဲ့ပေမယ့်လည်း မူလတောင်တောင်သူတွေပြန်မရ
နေပြည်တော်၊ ဇန်နဝါရီ ၂-၂၀၂၀ ကိုထွန်း(VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေပူစမ်းချောင်းဆုံကျေးရွာက တောင်သူ(၆၄)ပိုင်ဆိုင်တဲ့ မြေဧက(၅၉၃)ဧကကို တပ်မတော်ကပြန်လည်ပေးအပ်ခဲ့ပေမယ့်လည်း မူလတောင်သူတွေဟာ ပြန်မ‌ရသေးတဲ့အတွက် မနေ့ ဇန်နဝါရီ(၁)ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ၁၉၉၆ခုနှစ်က တပ်မတော်ကလိုအပ်တဲ့အတွက် သိမ်းယူခဲ့ပြီး ၂၀၁၅ခုနှစ်မှာ တပ်မတော်ကပဲ အသုံးပြုဖို့မလိုအပ်တော့တဲ့အတွက် မူလ‌တောင်သူတွေကိုပြန်ပေးခဲ့တယ်လို့သိရပါတယ်။ “ပြန်လည်ပေးအပ်‌ခဲ့ချိန်တုန်းက မူလတောင်သူတွေကို အသိမပေးဘဲ တောင်သူတွေကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းဆိုသူနဲ့အဖွဲ့က ကိုယ်စားလက်ခံရယူခဲ့တယ်လို့ တဆင့်စကား ကြားသိရတဲ့အတွက် ငါတို့လယ်တွေပြန်ရတော့မယ်လို့ တောင်သူများက ဝမ်းသာနေခဲ့ရတယ်”လို့ တောင်သူ ဦးအောင်နိုင်ကပြောပါတယ်။ တပ်မတော်က ပြန်လည်စွန့်လွတ်တဲ့မြေတွေကို BGFအဖွဲ့အား (၂၀.၈၈)ဧက၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြဝတီကုန်သည်ကြီးများအသင်းဥက္ကဌကို (၃၂)ဧကနဲ့ ကျန်တဲ့ မြေဧကတွေကို အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူတွေက ခွဲဝေယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲလာလုပ်တဲ့ တောင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ “ပြန်လည်စွန့်လွတ်မြေထဲက ဧက(၆၀)ကျော်ကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညွန်ကြားချက်နဲ့ ကရင်ပြည်ဝန်ကြီးချုပ်ရဲ့…
Read More
VOM News
FREE
VIEW