တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုရာယဉ်ကျေးမှု‌တွေ ပါဝင်ပြသမယ့် သွေးချင်းတို့ပွဲတော်စတင်ကျင်းပ

တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုရာယဉ်ကျေးမှု‌တွေ ပါဝင်ပြသမယ့် သွေးချင်းတို့ပွဲတော်စတင်ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀
အောင်ထူးနိုင်(VOM)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့ရဲ့ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့၊ စည်းလုံးညီညွှတ်မှု ၊ နေထိုင်မှုပုံစံကို တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်စွာ ရင်းနှီးဖလှယ်မှု ပြုလုပ်ဖို့နဲ့ ပြည်ပနိုင်ငံသားတွေပါ သိရှိစေဖို့ သွေးချင်းတို့ပွဲတော်ကို ရန်ကုန်မြို့၊ကျိုက္ကဆံကွင်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး ကျင်းပနေပြီဖြစ်ပါတယ်။

ဒီပွဲတော်ကို ဒုသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူတက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံကျော် တေးတံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ တိုင်းရင်းသား လူမျိုးတစ်စုချင်းစီရဲ့ စုပေါင်းအကအလှတွေနဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့တွေ ၊ နေထိုင်မှု ပုံစံတွေ၊ ဝတ်စား ဆင်ယဉ်မှုတွေနဲ့ အထင်ကရနေရာတွေကို တည်းဖြတ်ဖော်ပြထားရှိတဲ့ Virtual Reality နဲ့ Augmentated Reality နည်းပညာ ပြခန်းတွေလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးကုန်ပစ္စည်းများအတွက် Exhibition Booth ၊ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးလို့ရနိုင်မယ့် photo booth တွေအပြင် ပွဲတော်အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ miss ethics ပွဲ ၊ အားကစားပွဲတွေ စတဲ့ အစီအစဉ်တွေလည်းပါရှိဦးမယ်လို့ သိရပါတယ်။

ပါဝင်ပြသမယ့် တိုင်းရင်သားတွေကတော့ ကချင် ၊ ကယား ၊ ကရင်၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ရှမ်း ၊ ဝ ၊ ကိုးကန့် ၊ တအာင်း၊ ပအိုဝ်း ၊ နာဂ ၊ ဓနုတို့ဖြစ်ပြီး ပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သွေးချင်းတို့ပွဲတော်

Zawgyi

တိုင္းရင္းသားေပါင္းစုံတို႔ရဲ႕ ႐ိုရာယဥ္ေက်းမႈ‌ေတြ ပါဝင္ျပသမယ့္ ေသြးခ်င္းတို႔ပြဲေတာ္စတင္က်င္းပ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳးတို႔ရဲ႕ ယဥ္ေက်းမႈ ၊ ႐ိုးရာဓေလ့၊ စည္းလုံးညီၫႊတ္မႈ ၊ ေနထိုင္မႈပုံစံကို တိုင္းရင္းသား လူမ်ိဳးအခ်င္းခ်င္း ခ်စ္ၾကည္စြာ ရင္းႏွီးဖလွယ္မႈ ျပဳလုပ္ဖို႔နဲ႔ ျပည္ပႏိုင္ငံသားေတြပါ သိရွိေစဖို႔ ေသြးခ်င္းတို႔ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕၊က်ိဳကၠဆံကြင္းမွာ ဒီကေန႔မနက္ပိုင္းကစၿပီး က်င္းပေနၿပီျဖစ္ပါတယ္။

ဒီပြဲေတာ္ကို ဒုသမၼတ-၂ ဦးဟင္နရီဗန္ထီးယူတက္ေရာက္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံေက်ာ္ ေတးတံရွင္ေတြရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈ၊ တိုင္းရင္းသား လူမ်ိဳးတစ္စုခ်င္းစီရဲ႕ စုေပါင္းအကအလွေတြနဲ႔ ယဥ္ေက်းမႈ ႐ိုးရာဓေလ့ေတြ ၊ ေနထိုင္မႈ ပုံစံေတြ၊ ဝတ္စား ဆင္ယဥ္မႈေတြနဲ႔ အထင္ကရေနရာေတြကို တည္းျဖတ္ေဖာ္ျပထားရွိတဲ့ Virtual Reality နဲ႔ Augmentated Reality နည္းပညာ ျပခန္းေတြလည္း ပါဝင္ျပသသြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ စီးပြားေရးကုန္ပစၥည္းမ်ားအတြက္ Exhibition Booth ၊ တိုင္းရင္းသား႐ိုးရာ စားေသာက္ဆိုင္ေတြနဲ႔ အမွတ္တရ ဓာတ္ပုံ႐ိုက္ကူးလို႔ရႏိုင္မယ့္ photo booth ေတြအျပင္ ပြဲေတာ္အထိမ္းအမွတ္အေနနဲ႔ က်င္းပတဲ့ miss ethics ပြဲ ၊ အားကစားပြဲေတြ စတဲ့ အစီအစဥ္ေတြလည္းပါရွိဦးမယ္လို႔ သိရပါတယ္။

ပါဝင္ျပသမယ့္ တိုင္းရင္သားေတြကေတာ့ ကခ်င္ ၊ ကယား ၊ ကရင္၊ ခ်င္း ၊ မြန္ ၊ ဗမာ ၊ ရခိုင္ ၊ရွမ္း ၊ ဝ ၊ ကိုးကန္႔ ၊ တအာင္း၊ ပအိုဝ္း ၊ နာဂ ၊ ဓႏုတို႔ျဖစ္ၿပီး ပြဲေတာ္ကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ေသြးခ်င္းတို႔ပြဲေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW