ရဲတပ်ဖွဲ့က အင်အားသုံး ချုပ်နှောင်ဖမ်းဆီးတာကို မကျေနပ်တဲ့မိသားစုက ရှင်းလင်းမှုပြုလုပ်

ရဲတပ်ဖွဲ့က အင်အားသုံး ချုပ်နှောင်ဖမ်းဆီးတာကို မကျေနပ်တဲ့မိသားစုက ရှင်းလင်းမှုပြုလုပ်

ပဲခူး၊ ဖေဖော်ဝါရီ ၁-၂၀၂၀
မိုးယံ(VOM)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာမှာ ရဲတပ်ဖွဲ့မှ မင်းမဲ့စရိုက်ဆန်စွာ သေနတ်ထောင်ဖောက် ရိုက်နှက်ထိုးကြိတ် မတရားစွပ်စွဲအမှုဖွင့် ဖမ်းဆီးချုပ်နှောင်ခဲ့တာကို ကျေနပ်မှုမရှိတဲ့အတွက် မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်း ဝေါမြို့၊ အေးချမ်းသာယာရပ်ကွက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာမှာ တောင်စွန်းနယ်မြေခံရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်
ရေးမှူးတို့ ပူးပေါင်းအင်အားသုံးပြီး ခိုးမှုလို့စွပ်စွဲကာ ကျေးရွာသား(၃)ဦးဖမ်းဆီးမှုဟာ ဥပဒေမဲ့ဆောင်ရွက်သွားတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

‟ဒီလယ်ကို ကျွန်တော်တို့ဝယ်ယူထားတာ တစ်နှစ်ကျော်ကြာပါပြီ။ ဒါကိုသူများလယ်ဆိုပြီး ဒီနှစ်ရာသီ မတ်လမှာပဲ စိုက်ဧက(၈)ဧကကို ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ထွန်စက်(၂)စီး၊ ဘက်ဟိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားပါတယ်။ အခြားသူတစ်ဦး ပိုင်ဆိုင်တဲ့လယ်ဆိုပြီး လာလုတာပါ။ ကျွန်တော်တို့က ဝယ်ယူထားတဲ့စာချုပ်ပြပါတယ်။ ဒါကို ရဲစခန်းမှာ အမှုသွားဖွင့်တာ မဆောင်ရွက်ပေးခဲ့ပါဘူး၊ အထောက်အထား ကျွန်တော်တို့မှာရှိပါတယ်။ လယ်ထဲမှာ စပါးစိုက်ပျိုးပြီး ရိတ်သိမ်းချိန် နောက်တစ်ကြိမ်ည(၁၂)နာရီမှာ ကျွန်တော်တို့ ညီအကိုအုပ်စုကို ရဲတပ်ဖွဲ့နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအင်အား(၃၀)ခန့်နဲ့ သေနတ်ပစ်ဖောက်မင်းမဲ့စရိုက်ဆန်ဆန် လာရောက်ဖမ်းဆီးပါတယ်။ ဒါကိုမိသားစုဝင်တွေက ရဲစခန်းမှာအမှုဖွင့်တာ စခန်းမှူးအပြင်သွားလို့ဆိုပြီး အမှုမဖွင့်ပေးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲြ ပုလုပ်တာပါ”လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်သူ ဝင်းကကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာသား ဦးဝင်းနိုင်ကပြောပါတယ်။

ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲတပ်ဖွဲ့စခန်းက ဦးအေးနိုင်အပါအဝင် ကြာစီအောင်ကျေးရွာသား(၆)ဦးကို လယ်ကွက်အတွင်း
စိုက်ပျိုးထားတဲ့ စပါးတွေကို ခိုးယူရိတ်သိမ်းတယ်လို့ဆိုကာ ဦးသန်းမြင့်ဆိုသူက ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ တိုင်တန်းထားတာ ဖြစ်ပါတယ်။

အဲ့ဒီလိုတိုင်တန်းတာကို ရာဇသတ်ကြီးပုဒ်မ-၃၇၉(ခိုးမှု)နဲ့ အမှုဖွင့်လှစ်ထားတဲ့အတွက် သွားရောက်ဖမ်းဆီးရာမှာ ကျေးရွာသား(၃)ဦးသာ ဖမ်းဆီးမိပြီး ကျန်တဲ့(၃)ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

‟မမှန်မကန် စွပ်စွဲတိုင်ကြားခံရတယ်လို့ တိတိကျကျပြောနိုင်ပါတယ်။ အမှုဖြစ်နေတဲ့သူ
တွေက ဒီလယ်(၈)ဧကကိုဝယ်ပြီး လုပ်နေတာစာချုပ်စာတမ်းရှိတယ်။ အဲဒါကို ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က သူများလယ်ဆိုပြီး ခြောက်လှန့်တောင်းဆိုတာမပေးလို့ ဒီအမှုကိုလုပ်ကြံပြီးတိုင်တာ၊ တိုင်ချက်မှာလည်း ခိုးမှုမမြောက်ပါဘူး၊ ဒီအမှုနဲ့ပတ်သက်ပြီး သက်သေခံပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခြင်းမရှိဘူး။ ရုံးကိုတင်ပြထားတဲ့ လယ်မြေပုံကြမ်းမှာလည်း မမှန်မကန် ကြာစီအောင်ချောင်းကိုဖျောက်ပြီး ရေးဆွဲတင်ပြထားတာတွေ့ရတယ်”လို့ စွပ်စွဲခံထားရတဲ့ဦးအေးနိုင်ပါ(၆)ဦးဘက်မှ အကျိုးဆောင်ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဒေါ်ဥမ္မာအေးကပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ကြာစီအောင်ကျေးရွာမှာ တန်းစီဇယားတးနဲ့ချပေးထားတဲ့ သောင်မြေနုကျွန်းလယ်မြေ(၈)ဧကကို ဦးအေးနိုင်အပါအဝင် ညီအကို(၆)ဦးက ငွေကျပ်(၁၃)သိန်းနဲ့ ၂၀၁၈ခုနှစ်ဇွန်လမှာ ဝယ်ယူထားတယ်လို့ သိရပါတယ်။

ခုလိုဝယ်ယူထားပြီး ရာသီသီးနှံများစိုက်ပျိုးနေရာကနေ ၂၀၁၉ခုနှစ် မတ်လမှာ ဦးသန်းမြင့်ဆိုသူက ပိုင်ဆိုင်တယ်လို့ဆိုကာ အငြင်းပွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီးလင်းမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ‟သူတို့ပြောသလို မဟုတ်ပါဘူး၊ သူတို့ကသူများစပါးကိုခိုးရိတ်၊ ဗြောင်ယူတဲ့သူတွေပါ။ တရားခံတွေပါ၊ အမှုကို ရင်မဆိုင်ချင်လို့ ထွက်ပြေးနေသူတွေပါ။ တစ်ဖက်ကအမှုဖွင့်တယ်၊ အမှုကိုရင်မဆိုင်ချင်တာနဲ့ ဟိုတိုင်ဒီတိုင်လုပ်နေတာပါ။ ကျွန်တော်တို့က ဥပဒေနဲ့အညီေ ဆာင်ရွက်ထားတယ်၊ တရားလည်းစွဲတင်ထားတယ်။ ရဲတပ်ဖွဲ့က သေနတ်လည်းမဖောက်ပါဘူးလို့” မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်လေးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ စွပ်စွဲအရေးယူခံထားရတဲ့ဦးအေးနိုင်အပါအဝင် ညီအကို(၆)ဦးရဲ့မိသားစုဝင်တွေက‌တော့ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး။ တောင်စွန်းရဲစခန်းမှူး။ ဝင်းကရဲစခန်းမှူ။ ဘီးလင်းမြို့နယ်ဥပဒေအရာရှိ။ ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူးတို့ကိုအရေးယူပေးဖို့ ၂၀၁၉ခုနှစ်ဒီဇင်ဘာလ(၂၇)ရက်နေ့မှာ နိုင်ငံတော်သမ္မတ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ကိုတင်ပြပြီး တိုင်ကြားထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဘီးလင်း #ရဲတပ်ဖွဲ့ကချုပ်နှောင်ဖမ်းဆီး #ရှင်းလင်းမှုပြုလုပ်

Zawgyi

ရဲတပ္ဖြဲ႕က အင္အားသုံး ခ်ဳပ္ေႏွာင္ဖမ္းဆီးတာကို မေက်နပ္တဲ့မိသားစုက ရွင္းလင္းမႈျပဳလုပ္

ပဲခူး၊ ေဖေဖာ္ဝါရီ ၁-၂၀၂၀
မိုးယံ(VOM)

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ဝင္းကေက်း႐ြာအုပ္စု၊ ၾကာစီေအာင္ေက်း႐ြာမွာ ရဲတပ္ဖြဲ႕မွ မင္းမဲ့စ႐ိုက္ဆန္စြာ ေသနတ္ေထာင္ေဖာက္ ႐ိုက္ႏွက္ထိုးႀကိတ္ မတရားစြပ္စြဲအမႈဖြင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့တာကို ေက်နပ္မႈမရွိတဲ့အတြက္ မိသားစုဝင္ေတြက ဒီကေန႔မနက္ပိုင္း ေဝါၿမိဳ႕၊ ေအးခ်မ္းသာယာရပ္ကြက္မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉၊ ဒီဇင္ဘာလ(၁၃)ရက္ေန႔မွာ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ဝင္းကေက်း႐ြာအုပ္စု၊ ၾကာစီေအာင္ေက်း႐ြာမွာ ေတာင္စြန္းနယ္ေျမခံရဲတပ္ဖြဲ႕နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္
ေရးမႉးတို႔ ပူးေပါင္းအင္အားသုံးၿပီး ခိုးမႈလို႔စြပ္စြဲကာ ေက်း႐ြာသား(၃)ဦးဖမ္းဆီးမႈဟာ ဥပေဒမဲ့ေဆာင္႐ြက္သြားတဲ့အတြက္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရတာျဖစ္တယ္လို႔ သိရပါတယ္။

‟ဒီလယ္ကို ကြၽန္ေတာ္တို႔ဝယ္ယူထားတာ တစ္ႏွစ္ေက်ာ္ၾကာပါၿပီ။ ဒါကိုသူမ်ားလယ္ဆိုၿပီး ဒီႏွစ္ရာသီ မတ္လမွာပဲ စိုက္ဧက(၈)ဧကကို ဝင္းကေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဆာင္ၿပီး ထြန္စက္(၂)စီး၊ ဘက္ဟိုးေတြနဲ႔ လာေရာက္ဖ်က္ဆီးသြားပါတယ္။ အျခားသူတစ္ဦး ပိုင္ဆိုင္တဲ့လယ္ဆိုၿပီး လာလုတာပါ။ ကြၽန္ေတာ္တို႔က ဝယ္ယူထားတဲ့စာခ်ဳပ္ျပပါတယ္။ ဒါကို ရဲစခန္းမွာ အမႈသြားဖြင့္တာ မေဆာင္႐ြက္ေပးခဲ့ပါဘူး၊ အေထာက္အထား ကြၽန္ေတာ္တို႔မွာရွိပါတယ္။ လယ္ထဲမွာ စပါးစိုက္ပ်ိဳးၿပီး ရိတ္သိမ္းခ်ိန္ ေနာက္တစ္ႀကိမ္ည(၁၂)နာရီမွာ ကြၽန္ေတာ္တို႔ ညီအကိုအုပ္စုကို ရဲတပ္ဖြဲ႕နဲ႔ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ပူးေပါင္းအင္အား(၃၀)ခန႔္နဲ႔ ေသနတ္ပစ္ေဖာက္မင္းမဲ့စ႐ိုက္ဆန္ဆန္ လာေရာက္ဖမ္းဆီးပါတယ္။ ဒါကိုမိသားစုဝင္ေတြက ရဲစခန္းမွာအမႈဖြင့္တာ စခန္းမႉးအျပင္သြားလို႔ဆိုၿပီး အမႈမဖြင့္ေပးတဲ့အတြက္ အခုလို သတင္းစာရွင္းလင္းပြဲျ ပုလုပ္တာပါ”လို႔ သတင္းစာရွင္းလင္းပြဲ ဦးေဆာင္ျပဳလုပ္သူ ဝင္းကေက်း႐ြာအုပ္စု၊ ၾကာစီေအာင္ေက်း႐ြာသား ဦးဝင္းႏိုင္ကေျပာပါတယ္။

ဘီးလင္းၿမိဳ႕နယ္၊ ေတာင္စြန္းရဲတပ္ဖြဲ႕စခန္းက ဦးေအးႏိုင္အပါအဝင္ ၾကာစီေအာင္ေက်း႐ြာသား(၆)ဦးကို လယ္ကြက္အတြင္း
စိုက္ပ်ိဳးထားတဲ့ စပါးေတြကို ခိုးယူရိတ္သိမ္းတယ္လို႔ဆိုကာ ဦးသန္းျမင့္ဆိုသူက ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ(၁၀)ရက္ေန႔မွာ တိုင္တန္းထားတာ ျဖစ္ပါတယ္။

အဲ့ဒီလိုတိုင္တန္းတာကို ရာဇသတ္ႀကီးပုဒ္မ-၃၇၉(ခိုးမႈ)နဲ႔ အမႈဖြင့္လွစ္ထားတဲ့အတြက္ သြားေရာက္ဖမ္းဆီးရာမွာ ေက်း႐ြာသား(၃)ဦးသာ ဖမ္းဆီးမိၿပီး က်န္တဲ့(၃)ဦးကို တရားခံေျပးအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

‟မမွန္မကန္ စြပ္စြဲတိုင္ၾကားခံရတယ္လို႔ တိတိက်က်ေျပာႏိုင္ပါတယ္။ အမႈျဖစ္ေနတဲ့သူ
ေတြက ဒီလယ္(၈)ဧကကိုဝယ္ၿပီး လုပ္ေနတာစာခ်ဳပ္စာတမ္းရွိတယ္။ အဲဒါကို ဝင္းကေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအဖြဲ႕က သူမ်ားလယ္ဆိုၿပီး ေျခာက္လွန႔္ေတာင္းဆိုတာမေပးလို႔ ဒီအမႈကိုလုပ္ႀကံၿပီးတိုင္တာ၊ တိုင္ခ်က္မွာလည္း ခိုးမႈမေျမာက္ပါဘူး၊ ဒီအမႈနဲ႔ပတ္သက္ၿပီး သက္ေသခံပစၥည္းေတြလည္း သိမ္းဆည္းႏိုင္ျခင္းမရွိဘူး။ ႐ုံးကိုတင္ျပထားတဲ့ လယ္ေျမပုံၾကမ္းမွာလည္း မမွန္မကန္ ၾကာစီေအာင္ေခ်ာင္းကိုေဖ်ာက္ၿပီး ေရးဆြဲတင္ျပထားတာေတြ႕ရတယ္”လို႔ စြပ္စြဲခံထားရတဲ့ဦးေအးႏိုင္ပါ(၆)ဦးဘက္မွ အက်ိဳးေဆာင္ေရွ႕ေနျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနေဒၚဥမၼာေအးကေျပာပါတယ္။

ဘီးလင္းၿမိဳ႕နယ္၊ ၾကာစီေအာင္ေက်း႐ြာမွာ တန္းစီဇယားတးနဲ႔ခ်ေပးထားတဲ့ ေသာင္ေျမႏုကြၽန္းလယ္ေျမ(၈)ဧကကို ဦးေအးႏိုင္အပါအဝင္ ညီအကို(၆)ဦးက ေငြက်ပ္(၁၃)သိန္းနဲ႔ ၂၀၁၈ခုႏွစ္ဇြန္လမွာ ဝယ္ယူထားတယ္လို႔ သိရပါတယ္။

ခုလိုဝယ္ယူထားၿပီး ရာသီသီးႏွံမ်ားစိုက္ပ်ိဳးေနရာကေန ၂၀၁၉ခုႏွစ္ မတ္လမွာ ဦးသန္းျမင့္ဆိုသူက ပိုင္ဆိုင္တယ္လို႔ဆိုကာ အျငင္းပြားခဲ့ၾကတာ ျဖစ္ပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘီးလင္းၿမိဳ႕နယ္ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ‟သူတို႔ေျပာသလို မဟုတ္ပါဘူး၊ သူတို႔ကသူမ်ားစပါးကိုခိုးရိတ္၊ ေျဗာင္ယူတဲ့သူေတြပါ။ တရားခံေတြပါ၊ အမႈကို ရင္မဆိုင္ခ်င္လို႔ ထြက္ေျပးေနသူေတြပါ။ တစ္ဖက္ကအမႈဖြင့္တယ္၊ အမႈကိုရင္မဆိုင္ခ်င္တာနဲ႔ ဟိုတိုင္ဒီတိုင္လုပ္ေနတာပါ။ ကြၽန္ေတာ္တို႔က ဥပေဒနဲ႔အညီေ ဆာင္႐ြက္ထားတယ္၊ တရားလည္းစြဲတင္ထားတယ္။ ရဲတပ္ဖြဲ႕က ေသနတ္လည္းမေဖာက္ပါဘူးလို႔” ၿမိဳနယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးလွျမင့္ေလးကေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္မွာ စြပ္စြဲအေရးယူခံထားရတဲ့ဦးေအးႏိုင္အပါအဝင္ ညီအကို(၆)ဦးရဲ႕မိသားစုဝင္ေတြက‌ေတာ့ ဘီးလင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး။ ေတာင္စြန္းရဲစခန္းမႉး။ ဝင္းကရဲစခန္းမႉ။ ဘီးလင္းၿမိဳ႕နယ္ဥပေဒအရာရွိ။ ဝင္းကေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔ကိုအေရးယူေပးဖို႔ ၂၀၁၉ခုႏွစ္ဒီဇင္ဘာလ(၂၇)ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတ။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္။ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္တို႔ကိုတင္ျပၿပီး တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ဘီးလင္း #ရဲတပ္ဖြဲ႕ကခ်ဳပ္ေႏွာင္ဖမ္းဆီး #ရွင္းလင္းမႈျပဳလုပ္

Related posts

Leave a Comment

VOM News

FREE
VIEW