စစ်ကိုင်းမြို့ကနေ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေး

စစ်ကိုင်းမြို့ကနေ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေး

စစ်ကိုင်း ဖေဖော်ဝါရီ ၄-၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်မှာ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းမှာသွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ကိုဇင်မင်းအောင်ဆိုသူဟာ ကျန်းမာရေးကောင်းမွန်မှုမရှိဘဲ ကျန်းမာရေးစစ်ဆေးမှုလည်း ခံယူတာမရှိဘူးလို့ ဒီကနေ့မနက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတာဝန်ရှိသူတွေနဲ့ ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

”လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရွာထောင်ဘုန်းကြီးကျောင်းတောင်ဘက်က တရုတ်ပြည်က ပြန်လာတဲ့ မောင်နှမ နှစ်ယောက်ကို သံသယလူနာအဖြစ် ရှိတယ်လို့ ကိစ္စလေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ အတူသွားရောက်စစ်ဆေးခဲ့ပါတယ်။ တရုတ်ပြည်ကိုသွားတာက မောင်နှမနှစ်ယောက်၊ ညီမဖြစ်သူက ပြန်လာတာ သုံးလလောက်ရှိပြီ၊ ခုချိန်ထိ သူက ကျန်းမာရေးကောင်းတယ်၊ အစ်ကိုဖြစ်သူက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ပြန်လာတယ်။ သူက ဘာဖြစ်လဲဆိုရင် ခြေထောက်တွေက နည်းနည်းဆိုင်းတယ် လမ်းမလျောက်နိုင်ဘူး။ ကျန်မာရေးအဖွဲ့က စစ်ဆေးတဲ့အနေအထားမှာတော့ ဝူဟန်ဗိုင်းရပ်နဲ့ပတ်သက်တဲ့ ချောင်းဆိုးတာ၊ ဖျားတာ၊ ရင်ဘတ်အောင့်တာတို့ဆိုတဲ့ လက္ခဏာ မတွေ့ရပါဘူး။ အောက်ပိုင်း မကောင်းဘူး လမ်းမလျောက်နိုင်တဲ့ အနေအထားမျိုးတွေ့တော့ ကျန်းမာရေးအဖွဲ့က သူ့ကိုလိုအပ်တဲ့ ဆေးဝါးတွေ ပေးမယ်။ သူက ချောင်းဆိုလာခဲ့မယ်၊ ရင်ဘတ်တွေ အောင့်လာခဲ့မယ်၊ ဖျားနာလာခဲ့မယ်ဆိုရင် အချိန်နဲ့ တပြေးညီအကြောင်းကြားပါဆိုပြီး နေရင်းအိမ်မှာ ဆက်လက်ပဲ နေထိုင်ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရက် သံသယလူနာဆိုတာ မဟုတ်မှန်ပါဘူး ” လို့ ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောပါတယ်။

ကိုဇင်မင်းအောင်တို့ မောင်နှမနှစ်ယောက်ကို စစ်ဆေးရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်တဲ့ သံသယဖြစ်ပွားဖွယ်ရာအချက်များ မတွေ့ရှိခဲ့ပေမယ့်လည်း ဖျားနားခြင်း၊ ချောင်းဆိုခြင်းတို့ ဖြစ်လာပါက သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့အတွက် မိသားစုဝင်တွေကို ခရိုင်းကျန်းမာရေးဦးစီးဌာနက ဆရာဝန်များက မှာကြားခဲ့ပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လာရောက်စစ်ဆေးခဲ့တဲ့ ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူ ဆရာဝန်တစ်ဦးကို မေးမြန်းရာမှာတော့ ကျွန်တော်အနေနဲ့ဖြေဆိုလို့ မရသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #တရုတ်ပြည်ကပြန်လာသူကို #ကျန်းမာရေးအခြေအနေစစ်ဆေး

Zawgyi

စစ္ကုိင္းၿမဳိ႕ကေန တရုတ္ျပည္ကုိ သြားေရာက္အလုပ္လုပ္ကုိင္ျပီး ျပန္လာတဲ့သူကို တာဝန္ရွိသူမ်ားက က်န္းမာေရးစစ္ေဆး

စစ္ကုိင္း ေဖေဖာ္ဝါရီ ၄-၂၀၂၀
ရိွဳင္းေအာင္(VOM)

စစ္ကုိင္းၿမဳိ႕၊ရြာေထာင္ရပ္ကြက္မွာ တရုတ္ျပည္ကုိ သြားေရာက္အလုပ္လုပ္ကုိင္ျပီး ျပန္လာတဲ့သူကုိ တာဝန္ရွိသူေတြက ဒီကေန႔မနက္ပိုင္းမွာသြားေရာက္ၿပီး က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္ေဆာင္ရြက္ခဲ့ပါတယ္။

တရုတ္ျပည္ကုိ သြားေရာက္အလုပ္လုပ္ကုိင္ၿပီး ျပန္လာတဲ့ ကိုဇင္မင္းေအာင္ဆုိသူဟာ က်န္းမာေရးေကာင္းမြန္မႈမရွိဘဲ က်န္းမာေရးစစ္ေဆးမႈလည္း ခံယူတာမရိွဘူးလုိ႔ ဒီကေန႔မနက္က လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႕ခဲ့ၿပီးေနာက္ပိုင္း စစ္ကုိင္းခရုိင္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနကတာဝန္ရွိသူေတြနဲ႔ ရြာေထာင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ တာဝန္ရွိသူေတြက သြားေရာက္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

”လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႕ေနတဲ့ ရြာေထာင္ဘုန္းႀကီးေက်ာင္းေတာင္ဘက္က တရုတ္ျပည္က ျပန္လာတဲ့ ေမာင္ႏွမ ႏွစ္ေယာက္ကုိ သံသယလူနာအျဖစ္ ရွိတယ္လုိ႕ ကိစၥေလးနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္တုိ႔ တာဝန္ရွိသူေတြနဲ႕ အတူသြားေရာက္စစ္ေဆးခဲ့ပါတယ္။ တရုတ္ျပည္ကုိသြားတာက ေမာင္ႏွမႏွစ္ေယာက္၊ ညီမၿဖစ္သူက ျပန္လာတာ သုံးလေလာက္ရွိၿပီ၊ ခုခ်ိန္ထိ သူက က်န္းမာေရးေကာင္းတယ္၊ အစ္ကုိၿဖစ္သူက ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔က ျပန္လာတယ္။ သူက ဘာျဖစ္လဲဆုိရင္ ေျခေထာက္ေတြက နည္းနည္းဆုိင္းတယ္ လမ္းမေလ်ာက္ႏုိင္ဘူး။ က်န္မာေရးအဖြဲ႕က စစ္ေဆးတဲ့အေနအထားမွာေတာ့ ဝူဟန္ဗုိင္းရပ္နဲ႔ပတ္သက္တဲ့ ေခ်ာင္းဆုိးတာ၊ ဖ်ားတာ၊ ရင္ဘတ္ေအာင့္တာတုိ႔ဆုိတဲ့ လကၡဏာ မေတြ႕ရပါဘူး။ ေအာက္ပုိင္း မေကာင္းဘူး လမ္းမေလ်ာက္ႏုိင္တဲ့ အေနအထားမ်ဳိးေတြ႕ေတာ့ က်န္းမာေရးအဖြဲ႕က သူ႔ကုိလုိအပ္တဲ့ ေဆးဝါးေတြ ေပးမယ္။ သူက ေခ်ာင္းဆုိလာခဲ့မယ္၊ ရင္ဘတ္ေတြ ေအာင့္လာခဲ့မယ္၊ ဖ်ားနာလာခဲ့မယ္ဆုိရင္ အခ်ိန္နဲ႕ တေျပးညီအေႀကာင္းႀကားပါဆုိျပီး ေနရင္းအိမ္မွာ ဆက္လက္ပဲ ေနထုိင္ပါတယ္။ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ေနတဲ့ ဝူဟန္ဗုိင္းရက္ သံသယလူနာဆုိတာ မဟုတ္မွန္ပါဘူး ” လုိ႔ ရြာေထာင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္ထူးက ေျပာပါတယ္။

ကုိဇင္မင္းေအာင္တုိ႔ ေမာင္နွမနွစ္ေယာက္ကုိ စစ္ေဆးရာမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္တဲ့ သံသယၿဖစ္ပြားဖြယ္ရာအခ်က္မ်ား မေတြ႕ရွိခဲ့ေပမယ့္လည္း ဖ်ားနားၿခင္း၊ ေခ်ာင္းဆုိၿခင္းတုိ႕ ျဖစ္လာပါက သက္ဆုိင္ရာကုိ အေႀကာင္းႀကားေပးဖို႔အတြက္ မိသားစုဝင္ေတြကုိ ခရုိင္းက်န္းမာေရးဦးစီးဌာနက ဆရာဝန္မ်ားက မွာၾကားခဲ့ပါတယ္။

ျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး လာေရာက္စစ္ေဆးခဲ့တဲ့ က်န္းမာေရးအဖြဲ႕က တာဝန္ရွိသူ ဆရာဝန္တစ္ဦးကုိ ေမးၿမန္းရာမွာေတာ့ ကြ်န္ေတာ္အေနနဲ႔ေျဖဆုိလုိ႔ မရေသးဘူးလုိ႔ ျပန္လည္ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #တရုတ္ျပည္ကျပန္လာသူကို #က်န္းမာေရးအေျခအေနစစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW