ပစ်ခတ်မှုတွေအတွင်းမှာ ဒဏ်ရာရရှိသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့က သီးခြားစီ သွားရောက်ကြည့်ရှုခဲ့
ပစ်ခတ်မှုတွေအတွင်းမှာ ဒဏ်ရာရရှိသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့က သီးခြားစီ သွားရောက်ကြည့်ရှုခဲ့
စစ်တွေ၊ ဖေဖော်ဝါရီ ၅- ၂၀၂၀
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ပစ်ခတ်မှုတွေအတွင်း ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနဲ့ ဝန်ကြီးချုပ်ဦးညီပုတို့ဟာ မနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သီးခြား သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဌ ဦးမြသန်တို့ဟာ မနေ့က ညနေ ၃ နာရီမှာ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့အဖွဲ့ စသည်အားဖြင့် သီးခြားစီ သွားရောက်ကြည့်ရှုခဲ့ကာ ထောက်ပံငွေတွေလည်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ” သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောခဲ့တာပေါ့။ ထောက်ပံ့ငွေတွေလည်း ပေးအပ်ခဲ့တာရှိပါတယ်။” လို့ ပြောပါတယ်။
ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ပစ်ခတ်မှုတွေအတွင်းမှာ ဒဏ်ရာရရှိသွားတဲ့သူ ၄ ဦးကို စစ်တွေဆေးရုံက ဆရာဝန်တွေကနေ အထူးဂရုစိုက်တာတွေ့ခဲ့ရတယ်လို့လည်းသိရပါတယ်။
” သူတို့အခြေအနေက ဆေးရုံထဲမှာ ဆရာဝန်တွေက အထူးဂရုစိုက်ပြီး (care) လုပ်နေတာတွေကို တွေ့ခဲ့ရတယ်။” လို့ ဦးအောင်ကျော်ဇံက ပြောပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကနဲ့အဖွဲ့ဟာလည်း လူနာတွေကိုသွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေတွေပေးအပ်ခဲ့ပြီး ကိုယ့်ရခိုင်ပြည်သူတွေအတွက် အလွှာအသီးသီး အဖွဲ့အစည်းအသီးသီးက လာရောက်အားပေးတာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး စစ်တွေဆေးရုံကိုရောက်ရှိနေသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့ပေါ်တွေမှာ ပစ်ခတ်မှုတွေအတွင်း တပ်မတော်ဖက်က လက်နက်ကြီးကျည်တွေကြောင့် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
#VOM #voiceofmyanmar #စစ်တွေ #ဒဏ်ရာရရှိသူတွေကို #လွှတ်တော်ဥက္ကဋ္ဌနဲ့ဝန်ကြီးချုပ် #သီးခြားသွားရောက်ကြည့်ရှု
Zawgyi
ခိုင်လင်းစံ (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW