ဒေါ်နယ်ထရန့်မှာ အပြစ်မရှိကြောင်း အမေရိကန်အထက်လွှတ်တော်ဆုံးဖြတ်

ဒေါ်နယ်ထရန့်မှာ အပြစ်မရှိကြောင်း အမေရိကန်အထက်လွှတ်တော်ဆုံးဖြတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၆-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ရာထူးမှဖယ်ရှားရေးအတွက် စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကွန်ဂရက်ကြားနာမှုနဲ့ပတ်သက်ပြီး သမ္မတမှာအပြစ်မရှိဘူးလို့ အမေရိကန်အထက်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတဟာ အာဏာအလွဲသုံးစားပြုတယ်ဆိုတဲ့ စွပ်စွဲချက်ကိုမတင်ဖို့ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲ၊ ကွန်ဂရက်ရဲ့ လုပ်ငန်းတာဝန်တွေကို နှောက်ယှက်တယ်ဆိုတဲ့ စွဲချက်မတင်ဖို့ ထောက်ခံမဲ ၅၃ မဲ၊ ကန့်ကွက်မဲ ၄၇မဲနဲ့ သမ္မတကိုထောက်ခံတဲ့ ရီပတ်ဘလီကန်အမတ်အများစုရှိရာ အထက်လွှတ်တော်က ပယ်ချလိုက်တာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ သူနဲ့ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ အလားအလာရှိတဲ့ပြိုင်ဘက် ဂျိုးဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်အမတ်တွေက သူ့အပေါ် ဒီဇင်ဘာလမှာ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကပြုလုပ်တဲ့ သမိုင်းဝင်မဲခွဲဆုံးဖြတ်မှုမှာတော့ ယူကရိန်းနဲ့ဆက်ဆံရေးကြောင့် ပေါ်ပေါက်လာတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ၅၄ ဦးမြောက်သမ္မတဒေါ်နယ်ထရန့်ကို ရာထူးမှ ဖယ်ရှားခြင်းမပြုဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တစ်ကယ်လို့ စွဲချက်တစ်ခုခုနဲ့ ပြစ်မှုထင်ရှားစီရင်ခံရပါက သမ္မတထရန့်ဟာ ရာထူးနေနှုတ်ထွက်ရမှာဖြစ်ပြီး သမ္မတရာထူးကို ဒုတိယသမ္မတ မိုက်ပင့်ထံကို လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။

Ref : BBC Photo:Reuters
#VOM #voiceofmyanmar #ဝါရှင်တန် #သမ္မတထရန့် #အပြစ်မရှိကြောင်း #လွှတ်တော်ဆုံးဖြတ်

Zawgyi

ေဒၚနယ္ထရန္႔မွာ အျပစ္မရိွေၾကာင္း အေမရိကန္အထက္လႊတ္ေတာ္ဆံုးျဖတ္

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္သမၼတေဒၚနယ္ထရန္႔ကို ရာထူးမွဖယ္ရွားေရးအတြက္ စြပ္စြဲျပစ္တင္မႈဆိုင္ရာ ကြန္ဂရက္ၾကားနာမႈနဲ႔ပတ္သက္ျပီး သမၼတမွာအျပစ္မရိွဘူးလို႔ အေမရိကန္အထက္လႊတ္ေတာ္က ဆံုးျဖတ္လိုက္ပါတယ္။

သမၼတဟာ အာဏာအလြဲသံုးစားျပဳတယ္ဆိုတဲ႔ စြပ္စြဲခ်က္ကိုမတင္ဖို႔ ေထာက္ခံမဲ ၅၂ မဲ၊ ကန္႔ကြက္မဲ ၄၈ မဲ၊ ကြန္ဂရက္ရဲ႕ လုပ္ငန္းတာ၀န္ေတြကို ေနွာက္ယွက္တယ္ဆိုတဲ႔ စြဲခ်က္မတင္ဖို႔ ေထာက္ခံမဲ ၅၃ မဲ၊ ကန္႔ကြက္မဲ ၄၇မဲနဲ႔ သမၼတကိုေထာက္ခံတဲ႔ ရီပတ္ဘလီကန္အမတ္အမ်ားစုရိွရာ အထက္လႊတ္ေတာ္က ပယ္ခ်လိုက္တာျဖစ္ပါတယ္။

ေဒၚနယ္ထရန္႔ဟာ သူနဲ႕ေရြးေကာက္ပြဲယွဥ္ျပိဳင္ဖို႔ အလားအလာရိွတဲ႔ျပိဳင္ဘက္ ဂ်ိဳးဘိုင္ဒန္အေပၚ စံုစမ္းစစ္ေဆးမႈတစ္ရပ္ျပဳလုပ္ဖို႔ ယူကရိန္းသမၼတကို ဖိအားေပးခဲ႔တယ္ဆိုျပီး ဒီမိုကရက္တစ္အမတ္ေတြက သူ႔အေပၚ ဒီဇင္ဘာလမွာ စြဲခ်က္တင္ခဲ႔တာျဖစ္ပါတယ္။

ေဖေဖာ္၀ါရီ ၅ ရက္ကျပဳလုပ္တဲ႔ သမိုင္း၀င္မဲခြဲဆံုးျဖတ္မႈမွာေတာ႔ ယူကရိန္းနဲ႔ဆက္ဆံေရးေၾကာင္႔ ေပၚေပါက္လာတဲ႔ စြဲခ်က္ေတြနဲ႔ပတ္သက္ျပီး အေမရိကန္ရဲ႕ ၅၄ ဦးေျမာက္သမၼတေဒၚနယ္ထရန္႔ကို ရာထူးမွ ဖယ္ရွားျခင္းမျပဳဖုိ႔ အထက္လႊတ္ေတာ္က ဆံုးျဖတ္ခဲ႔တာျဖစ္ပါတယ္။

တစ္ကယ္လို႔ စြဲခ်က္တစ္ခုခုနဲ႔ ျပစ္မႈထင္ရွားစီရင္ခံရပါက သမၼတထရန္႔ဟာ ရာထူးေနနႈတ္ထြက္ရမွာျဖစ္ျပီး သမၼတရာထူးကို ဒုတိယသမၼတ မိုက္ပင္႔ထံကုိ လႊဲေျပာင္းေပးရမွာျဖစ္ပါတယ္။

Ref : BBC Photo:Reuters
#VOM #voiceofmyanmar #ဝါရွင္တန္ #သမၼတထရန္႔ #အျပစ္မရွိေၾကာင္း #လႊတ္ေတာ္ဆံုးျဖတ္

Related posts

Leave a Comment

VOM News

FREE
VIEW