၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေ တစ်သီးပုဂ္ဂလအဖြစ် ဝင်အရွေးခံမယ်

၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေ တစ်သီးပုဂ္ဂလအဖြစ် ဝင်အရွေးခံမယ်

ရန်ကုန်၊ဖေဖော်ဝါရီ ၆ -၂၀၂၀
သိင်္ဂီ(VOM) လာမယ့်

၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေက လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်မြို့နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမယ်လို့ သိရပါတယ်။

“လက်ရှိအစိုးရက အလုပ်သမားအရေးကို လေးစားမှုလည်းမရှိဘူး။ဆောင်ရွက်ပေးတာလည်း မရှိဘူး။ဒါကြောင့် ရွေးကေါက်ပွဲအပြီး အသစ်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ အလုပ်သမားတွေ အခွင့်အရေးခုထက် ပိုရရှိဖို့ အတွက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့သူတွေက တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်အရွေးချယ်ခံမှာဖြစ်တယ်၊ လှိုင်သာယာမြိုနယ်ကို ၂ ခြမ်းပိုင်းလိုက်တဲ့အတွက် လက်ရှိမှာ အရှေ့ခြမ်း အနောက်ခြမ်းဖြစ်နေပါတယ်။ဒီနှစ်ခုလုံးမှာ နေရာ ၆ နေရာဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ “လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌဦးမောင် မောင်ကပြောပါတယ်။

ဒါကြောင့် အလုပ်သမားအဖွဲ့အစည်း ၁၀ဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ တွေ့ဆုံကာ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့ပါတယ်။ရွေးချယ်တဲ့နေရာမှာ လုပ်သမားအရေးနဲ့ပတ်သက်ပြီး အစဉ်တစ်စိုက်ဆောင်ရွက်သူတွေ ၊လယ်ယာ မြေအရေးဆောင်ရွက်သူတွေကို ရွေးချယ်ထားတယ်လို့သိရပါတယ်။

” အလုပ်သမားကိုယ်စားလှယ်တွေက ဝင်ပြိုင်မယ်ဆိုတော့ မျှော်လင့်ချက်ပိုရှိလာတယ်၊ ပိုအားကောင်းလာတယ်။ လွှတ်တော်ထဲရောက်သွားမယ်ဆိုရင် ကျွန်မတို့အတွက် ပိုကောင်းတဲ့အခွင့်အလမ်းတွေ ရလာမယ်လို့ယုံတယ်။”လို့ လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေသူ မသဇင်နှင်းကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအတွက် အရည်အချင်းသတ်မှတ်ထားတဲ့ အချက် (၈)ချက်ရှိပြီး၊ ကိုယ်စားလှယ်လောင်းစာရင်းကိုတော့ လာမယ့်မတ်လမှာ ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ်လောင်းများရွေးချယ်တာအတွက် မြန်မာနိူင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် အလုပ်သမားအရေး ၁၀ ဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အကြိမ်ကြိမ် ဆွေးနွေးဆုံးဖြတ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ အိုလံပစ်တာဝါ Myanmar press freedom center မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အလုပ်သမားများ #ရွေးကောက်ပွဲ #တစ်သီးပုဂ္ဂလဝင်အရွေးခံမယ်

Zawgyi

၂၀၂၀ ေရြးေကာက္ပြဲမွာ အလုပ္သမားအဖြဲ႔အစည္းေတြ တစ္သီးပုဂၢလအျဖစ္ ဝင္အေရြးခံမယ္

ရန္ကုန္၊ေဖေဖာ္၀ါရီ ၆ -၂၀၂၀
သိဂႌ(VOM) လာမယ့္

၂၀၂၀ ေရြးေကာက္ပြဲမွာ အလုပ္သမားအဖြဲ႔အစည္းေတြက လိႈင္သာယာအေရွ႕ပိုင္းနဲ႔ အေနာက္ျမိဳ႕နယ္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္အေရြးခံသြားမယ္လို႔ သိရပါတယ္။

“လက္ရွိအစုိးရက အလုပ္သမားအေရးကုိ ေလးစားမႈလည္းမရွိဘူး။ေဆာင္ရြက္ေပးတာလည္း မရွိဘူး။ဒါေၾကာင့္ ေရြးေကါက္ပြဲအျပီး အသစ္တက္လာမယ့္ အစုိးရသစ္လက္ထက္မွာ အလုပ္သမားေတြ အခြင္႔အေရးခုထက္ ပုိရရွိဖို႔ အတြက္ အလုပ္သမားအေရး ေဆာင္ရြက္ေနတဲ့သူေတြက တစ္သီးပုဂၢလအျဖစ္၀င္ေရာက္အေရြးခ်ယ္ခံမွာျဖစ္တယ္၊ လိႈင္သာယာၿမိဳနယ္ကို ၂ ျခမ္းပိုင္းလိုက္တဲ့အတြက္ လက္႐ွိမွာ အေ႐ွ႕ျခမ္း အေနာက္ျခမ္းျဖစ္ေနပါတယ္။ဒီႏွစ္ခုလုံးမွာ ေနရာ ၆ ေနရာ၀င္ေရာက္ ယွဥ္ျပိဳင္သြားမွာျဖစ္တယ္လို႔ “လို႔ ျမန္မာႏိုင္ငံလုံးဆုိင္ရာ အလုပ္သမားမ်ားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ဥကၠဌဦးေမာင္ ေမာင္ကေျပာပါတယ္။

ဒါေၾကာင့္ အလုပ္သမားအဖြဲ႕အစည္း ၁၀ဖြဲ႕နဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၃၁ ရက္ေန႔မွာ ေတြ႔ဆုံကာ ကုိယ္စားလွယ္ေလာင္းေတြကုိ ေရြးခ်ယ္ခဲ႔ပါတယ္။ေရြးခ်ယ္တဲ့ေနရာမွာ လုပ္သမားအေရးနဲ႔ပတ္သက္ၿပီး အစဥ္တစ္စုိက္ေဆာင္ရြက္သူေတြ ၊လယ္ယာ ေျမအေရးေဆာင္ရြက္သူေတြကုိ ေရြးခ်ယ္ထားတယ္လို႔သိရပါတယ္။

” အလုပ္သမားကိုယ္စားလွယ္ေတြက ဝင္ၿပိဳင္မယ္ဆိုေတာ့ ေမ်ွာ္လင့္ခ်က္ပို႐ွိလာတယ္၊ ပိုအားေကာင္းလာတယ္။ လႊတ္ေတာ္ထဲေရာက္သြားမယ္ဆိုရင္ ကၽြန္မတို႔အတြက္ ပိုေကာင္းတဲ့အခြင့္အလမ္းေတြ ရလာမယ္လို႔ယုံတယ္။”လို႔ လိွဳင္သာယာအထည္ခ်ဳပ္စက္႐ုံတစ္ခုမွာ လုပ္ကိုင္ေနသူ မသဇင္ႏွင္းကေျပာပါတယ္။

ကုိယ္စားလွယ္ေလာင္းေတြအတြက္ အရည္အခ်င္းသတ္မွတ္ထားတဲ့ အခ်က္ (၈)ခ်က္႐ွိၿပီး၊ ကုိယ္စားလွယ္ေလာင္းစာရင္းကုိေတာ့ လာမယ့္မတ္လမွာ ေၾကညာေပးမႇာျဖစ္တယ္လို႔ သိရပါတယ္။
ကုိယ္စားလွယ္ေလာင္းမ်ားေရြးခ်ယ္တာအတြက္ ျမန္မာနူိင္ငံလုံးဆုိင္ရာ အလုပ္သမားမ်ားသမဂၢမ်ားအဖြဲ႔ခ်ဳပ္အပါအဝင္ အလုပ္သမားအေရး ၁၀ ဖြဲ႔နဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြ အႀကိမ္ႀကိမ္ ေဆြးေႏြးဆုံးျဖတ္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ အုိလံပစ္တာဝါ Myanmar press freedom center မွာျပဳလုပ္ခဲ႔တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အလုပ္သမားမ်ား #ေရြးေကာက္ပြဲ #တစ္သီးပုဂၢလဝင္အေရြးခံမယ္

Related posts

Leave a Comment

VOM News

FREE
VIEW