ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ

ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ

တိုကျို၊ ဖေဖော်ဝါရီ-၇-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်ကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးကို ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ သင်္ဘောနှင့်လိုက်ပါလာသူတွေထဲမှာ ရောဂါကူးစက်ခံထားသူဦးရေ ၆၁ဦးထိရှိသွားပြီဖြစ်ပါတယ်။

လူပေါင်း၃၇၀၀လိုက်ပါလာတဲ့ ဒိုင်းမွန်းပရင့်စ်သင်္ဘောကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် ယိုကိုဟားမားမှာ သီတင်းနှစ်ပတ်ထက်မနည်း သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အဲဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနှင်းခဲ့ဖူးသူ အသက်၈၀အရွယ် ဟောင်ကောင် အမျိုးသားတစ်ဦးဟာ ကိုရိုနာရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သင်္ဘောပေါ်ကလူတွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဇန်နဝါရီ၂၀နေ့က ယိုကိုဟားမားရှိ အပျော်စီးသဘောၤကို လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ၂၅ရက်မှာ ဟောင်ကောင်ကို ရောက်ရှိချိန်မှာတော့ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဒိုင်းမွန်းပရင့်စ်သင်္ဘောအပြင် အခြားသီးခြားခွဲထားတဲ့ အပျော်စီးသင်္ဘောကတော့ ဟောင်ကောင်မှာဖြစ်ပြီး World Dreamအမည်ရှိ သင်္ဘောပေါ်မှာ စီးနှင်းဖူးတဲ့ ခရီးသည်ရှစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် သီးခြားခွဲထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ ခရီးသည် ၃၆၀၀ ဝန်းကျင်းရှိနေပြီး လက်ရှိအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့ရသေးပါဘူး။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ကိုရိုနာဗိုင်းရပ်စ် #ဂျပန်ကမ်းလွန်အပျောစီးသဘောၤ

Zawgyi

ဂ်ပန္ကမ္းလြန္ အေပ်ာ္စီးသေဘာၤေပၚမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၁ ဦးထိရိွလာ

တုိက်ိဳ၊ ေဖေဖာ္ဝါရီ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္ကမ္းလြန္ရွိ အေပ်ာ္စီးသေဘၤာေပၚမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၁ ဦးကို ကူးစက္ခံထားရေၾကာင္း ထပ္မံစစ္ေဆးေတြ႔ရွိခဲ႔ျပီး လက္ရိွအခ်ိန္ထိ သေဘၤာနွင္႔လိုက္ပါလာသူေတြထဲမွာ ေရာဂါကူးစက္ခံထားသူဦးေရ ၆၁ဦးထိရိွသြားျပီျဖစ္ပါတယ္။

လူေပါင္း၃၇၀၀လုိက္ပါလာတဲ႔ ဒုိင္းမြန္းပရင့္စ္သေဘၤာကို ကုိရုိနာဗုိင္းရပ္စ္ေရာဂါ ကူးစက္မႈေၾကာင့္ ယုိကုိဟားမားမွာ သီတင္းႏွစ္ပတ္ထက္မနည္း သီးျခားထားျပီး ေစာင္႔ၾကည္႔မွာျဖစ္ပါတယ္။

ျပီးခဲ့တဲ႕လက အဲဒီသေဘၤာေပၚမွာ လိုက္ပါစီးနွင္းခဲ႔ဖူးသူ အသက္၈၀အရြယ္ ေဟာင္ေကာင္ အမ်ိဳးသားတစ္ဦးဟာ ကိုရိုနာေရာဂါကူးစက္ခံထားရေၾကာင္း သိရွိရျပီးေနာက္ သေဘၤာေပၚကလူေတြကို စစ္ေဆးမႈေတြ စတင္ျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။

သူဟာ ဇန္နဝါရီ၂၀ေန႔က ယုိကုိဟားမားရွိ အေပ်ာ္စီးသေဘာၤကို လုိက္ပါစီးနင္းခဲ့ျပီး ဇန္နဝါရီ၂၅ရက္မွာ ေဟာင္ေကာင္ကို ေရာက္ရိွခ်ိန္မွာေတာ႔ သေဘၤာေပၚကေန ဆင္းသြားခဲ႔တာျဖစ္ပါတယ္။

ဒုိင္းမြန္းပရင့္စ္သေဘၤာအျပင္ အျခားသီးျခားခဲြထားတဲ႔ အေပ်ာ္စီးသေဘၤာကေတာ႔ ေဟာင္ေကာင္မွာျဖစ္ျပီး World Dreamအမည္ရွိ သေဘၤာေပၚမွာ စီးနွင္းဖူးတဲ႔ ခရီးသည္ရွစ္ဦး ေရာဂါကူးစက္ခံထားရတာေၾကာင္႔ သီးျခားခဲြထားျပီး စစ္ေဆးမႈေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

အဲဒီသေဘၤာေပၚမွာ ခရီးသည္ ၃၆၀၀ ၀န္းက်င္းရိွေနျပီး လက္ရိွအခ်ိန္ထိေတာ႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ မေတြ႔ရေသးပါဘူး။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ကိုရိုနာဗိုင္းရပ္စ္ #ဂ်ပန္ကမ္းလြန္အေပ်ာစီးသေဘာၤ

Related posts

Leave a Comment

VOM News

FREE
VIEW