ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့
ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့
ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာ နဲ့ ထီးစွဲကျေးရွာအကြားမှာ မနေ့က ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အဲ့ဒီဒေသခံနဲ့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။
” တပ်မတော်ဖက်က ဇက်ရေယာဉ်တစ်စီးနဲ့ နေဗီတစ်စီး ၆ နာရီလောက်က တက်လာတယ်။ အဲဒါမှာ သောင်းဒရားနဲ့ ထီးစွဲကြားမှာ တိုက်ပွဲဖြစ်ကြတယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး မီးတောက်တွေပုံစံ ပေါက်ကွဲမှုတွေကို မြင်ရတယ်လို့လည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” တိုက်ပွဲကျနေတယ်။ ဒီဖက်မှာ သောင်းဒရားချောင်းဝအနီးမှာ ထင်တယ်။ ဇက်နဲ့ တိုက်ကြတာထင်တယ်။ အောက်ကျောင်းတောင်ဖက်မှာလည်း မီးတောက်တွေလို ပေါက်ကွဲတာတွေ တွေ့ရတယ်။” လို့ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခုတိုက်ပွဲအတွင်း နေဗီကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ရသေ့တောင်မြို့နယ် ရေဘုတ်ကျေးရွာ အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
ညနေ ၈ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားပြီး ရသေ့တောင် ဆောက်ခတ်ကျေးရွာမှာလည်း တပ်မတော်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
#VOM #voiceofmyanmar #ရသေ့တောင် #အေအေနဲ့တပ်မတော် #တိုက်ပွဲပြင်းထန်ခဲ့
Zawgyi
ခိုင်လင်းစံ (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW