တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ

တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ

မြစ်ကြီးနား၊ဖေဖော်ဝါရီ ၇-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်က ကောင်းမှုလုန်စေတီတော်ပွဲမှာ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။

“ ကောင်းမှုလုန်စေတီတော်ပွဲက ၃ နှစ်တစ်ကြိမ်ကျင်းပတာပါ ၊ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ တိုင်းခမ်းတီရိုးရာဆင်ပွဲကျင်းပတာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပထမအကြိမ်ဖြစ်လို့ အခုနှစ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခု နှစ်ပေါင်း ၂၃၂၀ ပြည့် ကောင်းမှုလုန်စေတီပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိကျင်းပမယ်”လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစောဝ်နွဲ့ထွန်းနိုင်ကပြောပါတယ်။

ပွဲတော်မှာ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ တိုင်းခမ်းတီရိုးရာ လှေပြိုင်ပွဲတွေ၊ မြင်းပြိုင်ပွဲတွေပါဝင်ပြီး မိုးညှင်း၊ မိုးကောင်း၊ မူဆယ်၊ နမ့်ခမ်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယနိုင်ငံဘက်က တိုင်းခမ်းတီလူမျိုးတွေ၊ မြန်မာပြည်အနှံ့က ရှမ်းတိုင်းရင်းသားတွေ လာရောက်ပူဇော်ကြတာ ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ အစက ဆင်အကောင် ၂၀ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမယ့် ၁၇ ကောင်ပဲ ပြိုင်ပွဲဝင်နိုင်ခဲ့တာဖြစ်ပြီး ဒေသခံတိုင်းရင်းသားတွေပိုင်တဲ့ ဆင်တွေနဲ့ ရိုးရာဆင်အပြေးပြိုင်ပွဲ ထည့်သွင်းကျင်းပကာ ဆုကြေးအနေနဲ့ ပထမဆုအတွက် ၅ သိန်းချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

“ မြင်းပြိုင်ဖို့လည်း ဒေသခံတွေရဲ့ မြင်းတွေ စာရင်းသွင်းထားတာ ၁၀ ကောင်စာရင်းသွင်းထားပါတယ်။ တိုင်းခမ်းတီရိုးရာနဲ့ ပွဲတော်တွေကို ယခင်က ပြုပြင်ထိန်းသိမ်းခဲ့တဲ့ အစိုးရကကျင်းပခဲ့ပြီး၊ ၂၀၁၇ ခုနှစ်ကျမှ တိုင်းခမ်းတီရိုးရာအတိုင်း ပြန်လည်ကျင်းပခွင့်ရခဲ့တာဖြစ်တယ်”လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောဝ်နွဲ့ထွန်းနိုင် ကပြောပါတယ်။

အခုပွဲတော်ကို တိုင်းခမ်းတီမိသားစု အလှူငွေနဲ့ ကျင်းပကြတာဖြစ်ပြီး ငွေကျပ်သိန်း ၁၂၀၀ ကျော်အသုံးပြုကျင်းပမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မချမ်းဘော #ဆင်ပြိုင်ပွဲ

Zawgyi

တိမ္ျမႇဳပ္ေနလို႔ ျပန္ေဖာ္ထုတ္ေနတဲ့ တိုင္းခမ္းတီ႐ိုးရာ ဆင္ၿပိဳင္ပြဲ

ျမစ္ႀကီးနား၊ေဖေဖာ္ဝါရီ ၇-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ မခ်မ္းေဘာၿမိဳ႕နယ္က ေကာင္းမႈလုန္ေစတီေတာ္ပြဲမွာ တိုင္းခမ္းတီ႐ိုးရာ ဆင္ၿပိဳင္ပြဲကို ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကစၿပီး က်င္းပေနတာ ျဖစ္ပါတယ္။

“ ေကာင္းမႈလုန္ေစတီေတာ္ပြဲက ၃ ႏွစ္တစ္ႀကိမ္က်င္းပတာပါ ၊ တိမ္ျမႇဳပ္ေပ်ာက္ကြယ္ေနတဲ့ တိုင္းခမ္းတီ႐ိုးရာဆင္ပြဲက်င္းပတာကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ပထမအႀကိမ္ျဖစ္လို႔ အခုႏွစ္ဟာ ဒုတိယအႀကိမ္ ျဖစ္ပါတယ္။ အခု ႏွစ္ေပါင္း ၂၃၂၀ ျပည့္ ေကာင္းမႈလုန္ေစတီပြဲေတာ္ကို ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကေန ၈ ရက္ေန႔အထိက်င္းပမယ္”လို႔ ပြဲျဖစ္ေျမာက္ေရးေကာ္မတီ အေထြေထြအတြင္းေရးမႉး ဦးေစာဝ္ႏြဲ႕ထြန္းႏိုင္ကေျပာပါတယ္။

ပြဲေတာ္မွာ အသံမစဲ မဟာပဌာန္း႐ြတ္ဖတ္ပူေဇာ္ပြဲေတြ၊ မသိုးသကၤန္းယက္ၿပိဳင္ပြဲ ၊ ထမင္းႏွဲထိုးၿပိဳင္ပြဲ၊ တိုင္းခမ္းတီ႐ိုးရာ ေလွၿပိဳင္ပြဲေတြ၊ ျမင္းၿပိဳင္ပြဲေတြပါဝင္ၿပီး မိုးညႇင္း၊ မိုးေကာင္း၊ မူဆယ္၊ နမ့္ခမ္း၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ အိႏၵိယႏိုင္ငံဘက္က တိုင္းခမ္းတီလူမ်ိဳးေတြ၊ ျမန္မာျပည္အႏွံ႔က ရွမ္းတိုင္းရင္းသားေတြ လာေရာက္ပူေဇာ္ၾကတာ ျဖစ္ပါတယ္။

အခုႏွစ္ၿပိဳင္ပြဲမွာ အစက ဆင္အေကာင္ ၂၀ ပါ၀င္ယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားေပမယ့္ ၁၇ ေကာင္ပဲ ၿပိဳင္ပြဲ၀င္ႏိုင္ခဲ့တာျဖစ္ၿပီး ေဒသခံတိုင္းရင္းသားေတြပိုင္တဲ့ ဆင္ေတြနဲ႔ ႐ိုးရာဆင္အေျပးၿပိဳင္ပြဲ ထည့္သြင္းက်င္းပကာ ဆုေၾကးအေနနဲ႔ ပထမဆုအတြက္ ၅ သိန္းခ်ီးျမႇင့္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

“ ျမင္းၿပိဳင္ဖို႔လည္း ေဒသခံေတြရဲ႕ ျမင္းေတြ စာရင္းသြင္းထားတာ ၁၀ ေကာင္စာရင္းသြင္းထားပါတယ္။ တိုင္းခမ္းတီ႐ိုးရာနဲ႔ ပြဲေတာ္ေတြကို ယခင္က ျပဳျပင္ထိန္းသိမ္းခဲ့တဲ့ အစိုးရကက်င္းပခဲ့ၿပီး၊ ၂၀၁၇ ခုႏွစ္က်မွ တိုင္းခမ္းတီ႐ိုးရာအတိုင္း ျပန္လည္က်င္းပခြင့္ရခဲ့တာျဖစ္တယ္”လို႔ ပြဲျဖစ္ေျမာက္ေရးေကာ္မတီ အေထြေထြ အတြင္းေရးမႉး ဦးေစာဝ္ႏြဲ႕ထြန္းႏိုင္ ကေျပာပါတယ္။

အခုပြဲေတာ္ကို တိုင္းခမ္းတီမိသားစု အလႉေငြနဲ႔ က်င္းပၾကတာျဖစ္ၿပီး ေငြက်ပ္သိန္း ၁၂၀၀ ေက်ာ္အသုံးျပဳက်င္းပမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မခ်မ္းေဘာ #ဆင္ၿပိဳင္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW