ကိုရိုနာဗိုင်းရပ်စ် ရှာဖွေတဲ့စက်မရှိလို့ ဒီပိုးဟုတ်မဟုတ် မဖော်ထုတ်နိုင်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်

ကိုရိုနာဗိုင်းရပ်စ် ရှာဖွေတဲ့စက်မရှိလို့ ဒီပိုးဟုတ်မဟုတ် မဖော်ထုတ်နိုင်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်

မန္တလေး၊ ဖေဖော်ဝါရီ ၈-၂၀၂၀
ဖြူဖြူ(VOM)

ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတဲ့စက်ဟာ မြန်မာနိုင်ငံမှာမရှိတဲ့အတွက် အဲ့ဒီရောဂါပိုးကို မဖော်ထုတ်နိုင်တာဟာလည်း ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မနေ့ ဖေဖော်ဝါရီ(၇)ရက်ညပိုင်းက မန္တလေးတိုင်းကျန်းမာရေးရုံးမှာပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

” ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါပိုးအသစ်ဖြစ်ပါတယ်။ အဟောင်းမဟုတ်ပါဘူး။ ရောဂါပိုးအသစ်ကို ဟုတ်မဟုတ် စိစစ်နိုင်တဲ့ ဓါတ်ခွဲခန်းဟာ ဇီဝလုံခြုံမှုအဆင့် ၃ ရှိတဲ့ ဓါတ်ခွဲခန်းမှသာလျှင် ဒီလုပ်ငန်းကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးအသစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ဒီပိုးဟုတ်မဟုတ်ကို မဖော်ထုတ်နိုင်သေးတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်

အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်ရှာဖွေနိုင်တဲ့စက်ဟာ ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာသာရှိတယ်လို့ ဒေါက်တာသာထွန်းကျော်ရဲ့ပြောပြချက်အရ သိရပါတယ်။

တစ်ကမ္ဘာလုံးမှာ ဒီရောဂါပိုး ဟုတ်မဟုတ်ဆိုတာ စမ်းသပ်နိုင်တဲ့ဓါတ်ခွဲခန်း ၂၄ ခုပဲရှိပြီး အရှေ့တောင် အာရှအတွက် အိန္ဒိယနိုင်ငံ၊ ပူနင်းမြို့နဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာပဲ ရှိတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၇ ရက်အထိ သံသယလူနာ ၉ ဦးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီလူနာတွေရဲ့ နှာခေါင်းထဲက အကျိအချွဲကိုရယူပြီး ထိုင်းနိုင်ငံကို ဓါတ်ခွဲစမ်းသပ်ခဲ့ရာမှာ ၇ ဦးက ရောဂါပိုးမရှိတဲ့အဖြေရရှိထားပြီး နှစ်ဦးက အဖြေထွက်မလာသေးဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိတော့ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဒေါက်တာသာထွန်းကျော် #ကိုရိုနာဗိုင်းရပ်စ် #ရှင်းလင်းပွဲ

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ ရွာေဖြတဲ့စက္မရွိလို႔ ဒီပိုးဟုတ္မဟုတ္ မေဖာ္ထုတ္ႏိုင္တာ ထူးဆန္းတဲ့ကိစၥမဟုတ္

မႏၲေလး၊ ေဖေဖာ္ဝါရီ ၈-၂၀၂၀
ျဖဴျဖဴ(VOM)

ကို႐ိုနာဗိုင္းရပ္စ္ရွာေဖြတဲ့စက္ဟာ ျမန္မာႏိုင္ငံမွာမရွိတဲ့အတြက္ အဲ့ဒီေရာဂါပိုးကို မေဖာ္ထုတ္ႏိုင္တာဟာလည္း ထူးဆန္းတဲ့ကိစၥမဟုတ္ဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံးရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က မေန႔ ေဖေဖာ္ဝါရီ(၇)ရက္ညပိုင္းက မႏၲေလးတိုင္းက်န္းမာေရး႐ုံးမွာျပဳလုပ္တဲ့ သတင္းမီဒီယာေတြနဲ႔ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

” ကို႐ိုနာဗိုင္းရပ္စ္ဟာ ေရာဂါပိုးအသစ္ျဖစ္ပါတယ္။ အေဟာင္းမဟုတ္ပါဘူး။ ေရာဂါပိုးအသစ္ကို ဟုတ္မဟုတ္ စိစစ္ႏိုင္တဲ့ ဓါတ္ခြဲခန္းဟာ ဇီဝလုံၿခဳံမႈအဆင့္ ၃ ရွိတဲ့ ဓါတ္ခြဲခန္းမွသာလွ်င္ ဒီလုပ္ငန္းကို ေဆာင္႐ြက္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာဂါပိုးအသစ္ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီပိုးဟုတ္မဟုတ္ကို မေဖာ္ထုတ္ႏိုင္ေသးတာဟာ ထူးဆန္းတဲ့ကိစၥ မဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။ ” လို႔ ေဒါက္တာသာထြန္းေက်ာ္က ေျပာပါတယ္

အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိမရွိ စမ္းသပ္ရွာေဖြႏိုင္တဲ့စက္ဟာ ထိုင္းနဲ႔အိႏၵိယႏိုင္ငံမွာသာရွိတယ္လို႔ ေဒါက္တာသာထြန္းေက်ာ္ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

တစ္ကမာၻလုံးမွာ ဒီေရာဂါပိုး ဟုတ္မဟုတ္ဆိုတာ စမ္းသပ္ႏိုင္တဲ့ဓါတ္ခြဲခန္း ၂၄ ခုပဲရွိၿပီး အေရွ႕ေတာင္ အာရွအတြက္ အိႏၵိယႏိုင္ငံ၊ ပူနင္းၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕မွာပဲ ရွိတယ္လို႔လည္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ေပၚခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၇ ရက္အထိ သံသယလူနာ ၉ ဦးေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကေန သိရပါတယ္။

အဲ့ဒီလူနာေတြရဲ႕ ႏွာေခါင္းထဲက အက်ိအခြၽဲကိုရယူၿပီး ထိုင္းႏိုင္ငံကို ဓါတ္ခြဲစမ္းသပ္ခဲ့ရာမွာ ၇ ဦးက ေရာဂါပိုးမရွိတဲ့အေျဖရရွိထားၿပီး ႏွစ္ဦးက အေျဖထြက္မလာေသးဘူးလို႔လည္း သိရပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္အထိေတာ့ ေရာဂါပိုးေတြ႕ရွိသူ မရွိေသးဘူးလို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ေဒါက္တာသာထြန္းေက်ာ္ #ကို႐ိုနာဗိုင္းရပ္စ္ #ရွင္းလင္းပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW