ဘူးသီးတောင်မှာ ပစ်ခတ်မှုဖြစ်ပြီး မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်

ဘူးသီးတောင်မှာ ပစ်ခတ်မှုဖြစ်ပြီး မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၇-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်မြို့နယ်အတွင်းက ငလန်းပြင်ကျေးရွာမှာ နေဗီကပစ်ခတ်လိုက်တဲ့ ကျည်ထိပြီး အသက် ၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးရဲ့ ဘယ်ဘက်ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးငယ်ဟာ ဒုတိယတန်းကျောင်းသူ မချမ်းအေးဖြိုး (ဘ) ဇော်ဝင်းထွန်းရဲ့သမီးဖြစ်ပြီး ရသေ့တောင်မြို့နယ် သမီးလှကျွန်းအနီး မေယုမြစ်ပြင်မှာရှိနေတဲ့ နေဗီသင်္ဘောပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေတဲ့အတွက် နေအိမ်အောက်မှာ ပုန်းအောင်းနေတဲ့အချိန် ဘယ်ဘက်ပေါင်းကို ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

“ကျွန်တော်တို့ရွာက ဘူးသီးတောင်မြို့နယ်မှာပါ။ ပစ်တဲ့နေဗီက ရသေ့တောင်မြို့နယ်၊သမီးလှကျွန်းနားကနေ ပစ်တာပါ။ အဲ့ဒီမှာ စပါးကျီအောက်မှာ ပုန်းနေတုန်း ပေါင်မှာကျည်ထိသွားပါတယ်။”လို့ အဲ့ဒီမိန်းကလေးရဲ့ အဘိုးဖြစ်သူကပြောပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မချမ်းအေးဖြိုးကို ညနေ ၇ နာရီခွဲလောက်မှာ စေတီပြင်ဆေးရုံကို ပို့ဆောင်လိုက်ပြီး ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ငလန်းပြင်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ နေဗီကပစ်ခတ်မှုတွေပြုလုပ်နေတာဖြစ်ကြောင်းနဲ့ ကျေးရွာအနီးဝန်းကျင်မှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

“အဲ့ဒီသတင်းတော့ ကျွန်တော်တို့မသိသေးဘူးဗျ။ နေဗီကပစ်တာလည်းမရှိဘူး။ မနေ့ကတော့ နယ်မြေစိုးမိုးမှုလုပ်နေတဲ့ ကျွန်တော်တို့ရေယာဉ်ကို ရသေ့တောင်ဘက်မှာ အေအေကပစ်လို့ ပစ်ခတ်တာတွေရှိခဲ့တယ်။”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေဗီကပစ်ခတ်တဲ့အတွက် ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၆ နရီခွဲခန့်အချိန်ကလည်း ရသေ့တောင်မြို့နယ် ရေပုတ်နဲ့ ဆောက်ခတ်ကျေးရွာတွေက အမျိုးသမီးလေးဦးတို့ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #ပစ်ခတ်မှု #မိန်းကလေးတစ်ဦးကျည်ထိ

Zawgyi

ဘူးသီးေတာင္မွာ ပစ္ခတ္မႈျဖစ္ၿပီး မိန္းကေလးငယ္တစ္ဦး က်ည္ထိမွန္

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၇-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသ၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက ငလန္းျပင္ေက်းရြာမွာ ေနဗီကပစ္ခတ္လိုက္တဲ့ က်ည္ထိၿပီး အသက္ ၇ ႏွစ္အရြယ္အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ ဘယ္ဘက္ေပါင္မွာ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

အဲ့ဒီအမ်ိဳးသမီးငယ္ဟာ ဒုတိယတန္းေက်ာင္းသူ မခ်မ္းေအးၿဖိဳး (ဘ) ေဇာ္ဝင္းထြန္းရဲ႕သမီးျဖစ္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွကၽြန္းအနီး ေမယုျမစ္ျပင္မွာရွိေနတဲ့ ေနဗီသေဘၤာေပၚကေန လက္နက္ႀကီး လက္နက္ငယ္ေတြပစ္ခတ္ေနတဲ့အတြက္ ေနအိမ္ေအာက္မွာ ပုန္းေအာင္းေနတဲ့အခ်ိန္ ဘယ္ဘက္ေပါင္းကို က်ည္ဆံထိမွန္ဒဏ္ရာရရွိခဲ့တာျဖစ္တယ္လို႔ မိသားစုေတြကေျပာပါတယ္။

“ကၽြန္ေတာ္တုိ႔ရြာက ဘူးသီးေတာင္ၿမိဳ႕နယ္မွာပါ။ ပစ္တဲ့ေနဗီက ရေသ့ေတာင္္ၿမိဳ႕နယ္၊သမီးလွကၽြန္းနားကေန ပစ္တာပါ။ အဲ့ဒီမွာ စပါးက်ီေအာက္မွာ ပုန္းေနတုန္း ေပါင္မွာက်ည္ထိသြားပါတယ္။”လို႔ အဲ့ဒီမိန္းကေလးရဲ႕ အဘိုးျဖစ္သူကေျပာပါတယ္။

က်ည္ထိမွန္ဒဏ္ရာရရွိခဲ့တဲ့ မခ်မ္းေအးၿဖိဳးကို ညေန ၇ နာရီခြဲေလာက္မွာ ေစတီျပင္ေဆးရံုကို ပို႔ေဆာင္လိုက္ၿပီး ေဆးဝါးကုသမႈေတြျပဳလုပ္ေပးေနတယ္လို႔ သိရပါတယ္။

အဲဲ့ဒီ ငလန္းျပင္ေက်းရြာအနီးတဝိုက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ေနဗီကပစ္ခတ္မႈေတြျပဳလုပ္ေနတာျဖစ္ေၾကာင္းနဲ႔ ေက်းရြာအနီးဝန္းက်င္မွာလည္း လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ ရြာသားေတြကေျပာပါတယ္။

“အဲ့ဒီသတင္းေတာ့ ကၽြန္ေတာ္တုိ႔မသိေသးဘူးဗ်။ ေနဗီကပစ္တာလည္းမရွိဘူး။ မေန႔ကေတာ့ နယ္ေျမစိုးမိုးမႈလုပ္ေနတဲ့ ကၽြန္ေတာ္တုိ႔ေရယာဥ္ကို ရေသ့ေတာင္ဘက္မွာ ေအေအကပစ္လို႔ ပစ္ခတ္တာေတြရွိခဲ့တယ္။”လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ အဲဲ့ဒီေနဗီကပစ္ခတ္တဲ့အတြက္ ေဖေဖာ္ဝါရီ ၆ ရက္ေန႔ ညေန ၆ နရီခြဲဲခန္႔အခ်ိန္ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္နဲ႔ ေဆာက္ခတ္ေက်းရြာေတြက အမ်ိဳးသမီးေလးဦးတုိ႔ လက္နက္ႀကီးက်ည္ေတြက်ေရာက္ေပါက္ကြဲရာမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #ပစ္ခတ္မွဳ #မိန္းကေလးတစ္ဦးက်ည္ထိ

Related posts

Leave a Comment

VOM News

FREE
VIEW