လူ ၂၆ဦးကို သတ်ခဲ့တဲ့ထိုင်းစစ်သား လုံခြုံရေးတပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံး

လူ ၂၆ဦးကို သတ်ခဲ့တဲ့ထိုင်းစစ်သား လုံခြုံရေးတပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၉-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံ၊ နာခွန်ရတ်ချာစီမာမြို့မှာ လူ ၂၆ ဦးကိုပစ်သတ်ခဲ့တဲ့ ထိုင်းစစ်သားတစ်ဦးဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ကြောင့် သေဆုံးသွားပြီဖြစ်ပါတယ်။

ဂျာကရာဖင်သ်ထာမာဆိုသူဟာ ဖေဖော်ဝါရီ၈ရက်က စစ်စခန်းတစ်ခုကနေ လက်နက်တွေ မခိုးယူမီ သူ့ရဲ့အထက်အရာရှိကို သတ်ခဲ့ပါတယ်။

အဲဒီနောက် သူဟာဈေးဝယ်စင်တာတစ်ခုမှာ တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ခဲ့ပြီး အဲဒီနေရာမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုမြင်ကွင်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာပါ တင်ခဲ့တဲ့ အဲဒီစစ်သားဟာ အဆောက်အဦအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ညလုံးပေါက် ပိတ်ဆို့တိုက်ခိုက်မှုမှာ သေနတ်မှန်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်ဟာ ကနဦးက အယောက် ၂၀ သာရှိခဲ့ပေမယ့် ဆက်လက်တိုးလာနေပြီး ဒါဏ်ရာရရှိသူ ၅၇ ဦးအထိရှိလာပြီဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံရဲ့ မကြုံစဖူး အဖြစ်ဆိုးဖြစ်ပြီး ဒါဟာနောက်ဆုံးအကြိမ်ဖြစ်လိုကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆေးရုံတက်နေရတဲ့ ဒါဏ်ရာရသူတွေကို အားပေးကြည့်ရှုအပြီး ပြောဆိုပါတယ်။

Photo: AFP
#voiceofmyanmar #VOM #ထိုင်းစစ်သား #လူ၂၆ ဦးပစ်သတ်

Zawgyi

လူ ၂၆ဦးကို သတ္ခဲ႔တဲ႔ထိုင္းစစ္သား လံုျခံဳေရးတပ္ဖြဲ႔ေတြလက္ခ်က္နဲ႕ ေသဆံုး

ဘန္ေကာက္၊ ေဖေဖာ္ဝါရီ-၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ထုိင္းႏုိင္ငံ၊ နာခြန္ရတ္ခ်ာစီမာျမိဳ႕မွာ လူ ၂၆ ဦးကိုပစ္သတ္ခဲ႔တဲ႔ ထိုင္းစစ္သားတစ္ဦးဟာ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြရဲ႕လက္ခ်က္ေၾကာင္႔ ေသဆံုးသြားျပီျဖစ္ပါတယ္။

ဂ်ာကရာဖင္သ္ထာမာဆိုသူဟာ ေဖေဖာ္ဝါရီ၈ရက္က စစ္စခန္းတစ္ခုကေန လက္နက္ေတြ မခုိးယူမီ သူ႕ရဲ႕အထက္အရာရွိကုိ သတ္ခဲ့ပါတယ္။

အဲဒီေနာက္ သူဟာေဈးဝယ္စင္တာတစ္ခုမွာ တုိက္ခုိက္မႈကုိ ဆက္လက္ျပဳလုပ္ခဲ့ျပီး အဲဒီေနရာမွာ ပုန္းေအာင္းေနခဲ႔တာျဖစ္ပါတယ္။

တိုက္ခိုက္မႈျမင္ကြင္းေတြနဲ႔ ပတ္သက္ျပီး လူမႈကြန္ရက္မွာပါ တင္ခဲ႔တဲ႔ အဲဒီစစ္သားဟာ အေဆာက္အဦအတြင္း လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြရဲ႕ ညလံုးေပါက္ ပိတ္ဆို႔တိုက္ခိုက္မႈမွာ ေသနတ္မွန္ျပီး ေသဆံုးသြားတာျဖစ္ပါတယ္။

ေသဆံုးသူအေရအတြက္ဟာ ကနဦးက အေယာက္ ၂၀ သာရိွခဲ႔ေပမယ္႔ ဆက္လက္တိုးလာေနျပီး ဒါဏ္ရာရရိွသူ ၅၇ ဦးအထိရိွလာျပီျဖစ္ပါတယ္။

ဒီျဖစ္စဥ္ဟာ ထိုင္းနိုင္ငံရဲ႕ မၾကံဳစဖူး အျဖစ္ဆိုးျဖစ္ျပီး ဒါဟာေနာက္ဆံုးအၾကိမ္ျဖစ္လိုေၾကာင္း ထိုင္း၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေဆးရံုတက္ေနရတဲ႔ ဒါဏ္ရာရသူေတြကို အားေပးၾကည္႔ရႈအျပီး ေျပာဆိုပါတယ္။

Photo: AFP
#voiceofmyanmar #VOM #ထိုင္းစစ္သား #လူ၂၆ ဦးပစ္သတ္

Related posts

Leave a Comment

VOM News

FREE
VIEW