စစ်ကိုင်းက ဇေယျာသီရီရုပ်ရှင်ရုံဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲဖို့စီစဉ်

စစ်ကိုင်းက ဇေယျာသီရီရုပ်ရှင်ရုံဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲဖို့စီစဉ်

စစ်ကိုင်း ဖေဖော်ဝါရီ ၁၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့က ဇေယျာသီရီရုပ်ရှင်ရုံ ကို ဝယ်ယူ ထားတဲ့ ကုမ္ပဏီကို တိုင်းအစိုးရက တရားစွဲဖို့ စီစဉ်နေပါတယ်။

တရားစွဲဖို့စီစဉ်ရတဲ့အကြောင်းအရင်းကို စစ်ကိုင်း ၊မဲဆန္ဒနယ်မြေ (၂ ) ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် ပြောပြတာက

”ဇေယျာသီရီ ရုပ်ရှင်ရုံက အဆိုအောင်ထားတယ်၊ အဆိုကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ ကတိကဝတ် ကော်မတီအနေနဲ့ ကွင်းဆင်းတာတွေ လည်းရှိပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာကို ထပ်ပြီးတော့ ကြယ်ပွင့်မပြ မေးခွန်းမေးတယ်။ အဆိုအောင်ထားတဲ့ အပေါ် အစိုးရအနေနဲ ဘာတွေ လုပ်နေလဲ မြေပြင်မှာတော့ ဘာမှ ဆောင်ရွက်တာ မရှိတဲ့ အတွက် လွှတ်တော်ကနေ ပြန်မေးတယ်။ မေးတော့ တရားစွဲဖို့ ရန် ဥပဒေအကြံဉာဏ်တောင်းခံ ထားပါတယ်လို့ လူမှုရေးဝန်ကြီးက ဖြေထားပါတယ်။” လို့ စစ်ကိုင်းတိုင်းလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိကဝတ်များနှင့်တာဝန်ခံချက်များ၊စီစစ်ရေးကော်မတီ ဥက္က႒၊စစ်ကိုင်းမြို့၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောပါတယ်။

စစ်ကိုင်းမြို့က ဇေယျာသီရိရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဝယ် ယူခဲ့ပါတယ် ၊ဝယ်ယူခဲ့စဉ်က စာချုပ်ပါစည်းကမ်းချက်များအရ ကုမ္ပဏီ အနေနဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမယ်ပါသော်လည်း ရုပ်ရှင် ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အဲဒီလို စာချုပ် ပါစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ရုပ်ရှင်ရုံ လုပ်ငန်းကို ဆက်လက်လုပ် ဆောင်ခြင်းမရှိတဲ့အတွက် စစ်ကိုင်းမြို့၊မဲဆန္နနယ်မြေ ၂ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ် ထက် က ဇေယျာ သီရိရုပ် ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရေးအတွက် တိုက်တွန်း ကြောင်း အဆိုကို ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း လွှတ်တော် သို့ တင်သွင်းခဲ့ရာမှာကန့်ကွက်မယ့်သူ မရှိဘဲ အတည် ပြု နိုင်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖွင့်လှစ်ပြသပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

”အဆိုအောင်ထားတာ ကြာပြီ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေတာတော့ အမှန်ပဲ၊တရားစွဲတော့မယ်ဆိုရင် ဥပဒေအကြံဉာဏ်တောင်းရတယ်။ဥပဒေအကြံဉာဏ်ပေးတဲ့သူ အပေါ် မူတည်မှာပေါ့။ဘာဖြစ်လို့ ဥပဒေအကြံဉာဏ်ကို မပေးနိုင်သေးတာလဲ ဥပဒေအကြံဉာဏ်ရပြီဆို ဝန်ကြီးတို့က တရားစွဲဖို့ စီစဉ်မှာပါ၊တောင်းခံထားတဲ့ အပေါ် ပြန်စာ မရသေးရင်တော့ တရားစွဲဖို့ ခက်ခဲတာပေါ့။တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဥပဒေအကြံဉာဏ် မြန်မြန်ပေးနိုင်ငံ တိုင်းအစိုးရအစည်းအဝေးတွေမှာ တွန်းအားပေးကြရင်တော့ အဆင်ပြေမှာပေါ့ “ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောပါတယ်။

စာချုပ် ပါစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ရုပ်ရှင်ရုံ လုပ်ငန်းကို ဆက်လက်လုပ် ဆောင်ခြင်းမရှိတဲ့အတွက် ဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲဆိုဖို့ စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ ဥပဒေအကြံတောင်း တင်ထားတယ်လို့ သိရပါတယ်။

#voiceofmyanamr #VOM #စစ်ကိုင်း #ဇေယျာသီရိရုပ်ရှင်ရုံ

Zawgyi

စစ္ကုိင္းက ေဇယ်ာသီရီရုပ္ရွင္ရုံဝယ္ယူထားတဲ႕ ကုမၸဏီကုိ တရားစြဲဖို႕စီစဥ္

စစ္ကုိင္း ေဖေဖာ္ဝါရီ ၁၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕က ေဇယ်ာသီရီရုပ္ရွင္ရုံ ကို ဝယ္ယူ ထားတဲ့ ကုမၸဏီကုိ တုိင္းအစုိးရက တရားစြဲဖို႕ စီစဥ္ေနပါတယ္။

တရားစြဲဖို႕စီစဥ္ရတဲ႕အေၾကာင္းအရင္းကို စစ္ကိုင္း ၊မဲဆႏၵနယ္ေၿမ (၂ ) ရဲ႕ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစုၿမတ္ထက္ ေျပာျပတာက

”ေဇယ်ာသီရီ ရုပ္ရွင္ရုံက အဆုိေအာင္ထားတယ္၊ အဆုိကုိ အေကာင္အထည္ေဖာ္ဖုိ႔ ကြ်န္မတုိ႕ ကတိကဝတ္ ေကာ္မတီအေနနဲ႕ ကြင္းဆင္းတာေတြ လည္းရွိပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲမွာကုိ ထပ္ျပီးေတာ့ ႀကယ္ပြင့္မျပ ေမးခြန္းေမးတယ္။ အဆုိေအာင္ထားတဲ့ အေပၚ အစုိးရအေနနဲ ဘာေတြ လုပ္ေနလဲ ေျမျပင္မွာေတာ့ ဘာမွ ေဆာင္ရြက္တာ မရွိတဲ့ အတြက္ လႊတ္ေတာ္ကေန ျပန္ေမးတယ္။ ေမးေတာ့ တရားစြဲဖုိ႔ ရန္ ဥပေဒအႀကံဥာဏ္ေတာင္းခံ ထားပါတယ္လုိ႔ လူမႈေရးဝန္ႀကီးက ေျဖထားပါတယ္။” လို႕ စစ္ကုိင္းတုိင္းလႊတ္ေတာ္ အစုိးရရဲ႕ အာမခံခ်က္မ်ား၊ ကတိကဝတ္မ်ားႏွင့္တာဝန္ခံခ်က္မ်ား၊စီစစ္ေရးေကာ္မတီ ဥကၠဌ၊စစ္ကုိင္းၿမဳိ႕၊ တုိင္းေဒ သႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစုၿမတ္ထက္က ေျပာပါတယ္။

စစ္ကုိင္းၿမဳိ႕က ေဇယ်ာသီရိရုပ္ရွင္ရံုကို ၿမန္မာႏိုင္ငံ ပုဂၢလိကပိုင္ၿပဳလုပ္ေရး ေကာ္မတီရဲ႕ ခြင့္ၿပဳခ်က္နဲ႕ ၂၀၁၁ ခုႏွစ္က ပုဂၢလိက ကုမၸဏီတစ္ခုက ဝယ္ ယူခဲ့ပါတယ္ ၊ဝယ္ယူခဲ့စဥ္က စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားအရ ကုမၸဏီ အေနနဲ႕ ရုပ္ရွင္ရုံလုပ္ငန္းကုိ ဆက္လက္လုပ္ေဆာင္ရမယ္ပါေသာ္လည္း ရုပ္ရွင္ ရုံလုပ္ငန္းကုိ ဆက္လက္လုပ္ေဆာင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

အဲဒီလုိ စာခ်ဳပ္ ပါစည္းကမ္းေတြကုိ ေဖာက္ဖ်က္ၿပီး ရုပ္ရွင္ရုံ လုပ္ငန္းကုိ ဆက္လက္လုပ္ ေဆာင္ၿခင္းမရွိတဲ့အတြက္ စစ္ကုိင္းၿမဳိ႕၊မဲဆႏၷနယ္ေျမ ၂ တုိင္းေဒ သႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစုျမတ္ ထက္ က ေဇယ်ာ သီရိရုပ္ ရွင္ရံုကုိ ျပန္လည္ဖြင့္လွစ္ျပသေရးအတြက္ တုိက္တြန္း ေႀကာင္း အဆုိကုိ ၂၀၁၇ ခုႏွစ္ မတ္လ ၁၃ ရက္ေန႕က စစ္ကုိင္းတုိင္း လႊတ္ေတာ္ သုိ႕ တင္သြင္းခဲ့ရာမွာကန္႕ကြက္မယ့္သူ မရွိဘဲ အတည္ ျပဳ ႏုိင္ခဲ့ေသာ္လည္း ယေန႕အခ်ိန္ထိ ဖြင့္လွစ္ျပသေပးခဲ့ျခင္း မရွိခဲ့ပါဘူး။

”အဆုိေအာင္ထားတာ ႀကာျပီ အေကာင္အထည္ေဖာ္ဖုိ႔ ႀကန္႔ႀကာေနတာေတာ့ အမွန္ပဲ၊တရားစြဲေတာ့မယ္ဆုိရင္ ဥပေဒအႀကံဥာဏ္ေတာင္းရတယ္။ဥပေဒအႀကံဥာဏ္ေပးတဲ့သူ အေပၚ မူတည္မွာေပါ့။ဘာျဖစ္လုိ႔ ဥပေဒအႀကံဥာဏ္ကုိ မေပးႏုိင္ေသးတာလဲ ဥပေဒအႀကံဥာဏ္ရၿပီဆုိ ဝန္ႀကီးတုိ႕က တရားစြဲဖုိ႔ စီစဥ္မွာပါ၊ေတာင္းခံထားတဲ့ အေပၚ ျပန္စာ မရေသးရင္ေတာ့ တရားစြဲဖုိ႔ ခက္ခဲတာေပါ့။တုိင္းေဒသႀကီးအစုိးရအဖြဲ႕က ဒီဥပေဒအႀကံဥာဏ္ ျမန္ျမန္ေပးႏုိင္ငံ တုိင္းအစုိးရအစည္းအေဝးေတြမွာ တြန္းအားေပးႀကရင္ေတာ့ အဆင္ေျပမွာေပါ့ “ဟု တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚစုၿမတ္ထက္က ေျပာပါတယ္။

စာခ်ဳပ္ ပါစည္းကမ္းေတြကုိ ေဖာက္ဖ်က္ၿပီး ရုပ္ရွင္ရုံ လုပ္ငန္းကုိ ဆက္လက္လုပ္ ေဆာင္ၿခင္းမရွိတဲ့အတြက္ ဝယ္ယူထားတဲ့ ကုမၸဏီကုိ တရားစြဲဆုိဖို႕ စစ္ကုိင္းတိုင္းအစိုးရအေနနဲ႕ ဥပေဒအႀကံေတာင္း တင္ထားတယ္လုိ႔ သိရပါတယ္။

#voiceofmyanamr #VOM #စစ္ကိုင္း #ေဇယ်ာသီရိရုပ္ရွင္ရံု

Related posts

Leave a Comment

VOM News

FREE
VIEW