ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား

မောင်တော၊ ဖေဖော်ဝါရီလ ၁၀- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဝူဟန် နိုဘယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ(အမျိုးသား) တစ်ဦးတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ဆက်သွယ်ခဲ့ရာ” မောင်တောမှာ စောင့်ကြည့်တဲ့လူနာတစ်ယောက်ရှိတယ်။ ကျနော်တို့က နမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ဒီနေ့ပို့ထားတယ်။ လူနာအခြေအနေကတော့ ကောင်းပါတယ်။” လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အဲ့ဒီအမျိုးသားဟာ ဖျားနာ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာကျင် စတဲ့ရောဂါလက္ခဏာတွေကြောင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် စောင့်ကြည့်လူနာအဖြစ်နဲ့ မောင်တောပြည်သူ့ဆေးရုံရှိ သီးသန်ခန်းမှာ သီးခြားထားရှိပြီး ကုသမှုတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

” အဲ့ဒီလူနာက ဖျားတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿ နာရှိတယ်။ တရုတ်ပြည်ကပြန်လာတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က စောင့်ကြည့်လူနာအဖြစ်သတ်မှတ် လိုက်တာ။” လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူ း ဒေါက်တာစိုးဝင်းပိုင်က (VOM) သို့ပြောပါတယ်။

မနေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ပါ အဲ့ဒီစောင့်ကြည့်လူနာ အမျိုးသားဟာ အသက် (၂၁) နှစ်အရွယ်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ဖိန်မြို့မှာ ၄ ရက်ကြာနေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မောင်တောမြို့နယ်သို့ပြန်လည်ရောက်ရှိကာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေကြောင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီ လူနာဆီက ဓာတ်ခွဲနမူနာရယူပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြုတဲ့ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မင်းပြားမြို့နယ်က အမျိုးသားတစ်ဦးမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်သတ်မှတ်ပြီး မင်းပြားမြို့ဆေးရုံမှာ သီးသန့်ခန်းတစ်ခန်း၌ လိုအပ်တဲ့ဆးဝါးကုသမှုတွေပေးပြီး စောင့်ကြပ်ကြည့်ရှူနေလျက်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ယင်းလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီဖြစ်ကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #ကိုရိုနာဗိုင်းရပ်စ် #ရခိုင်ပြည်နယ် #မောင်တော

Zawgyi

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာတစ္ဦးေတြ႔႐ွိထား

ေမာင္ေတာ၊ ေဖေဖာ္ဝါရီလ ၁၀- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ ဝူဟန္ ႏိုဘယ္ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေစာင့္ၾကည့္လူနာ(အမ်ိဳးသား) တစ္ဦးေတြ႔႐ွိထားေၾကာင္း ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက မေန႔က ေဖေဖာ္ဝါရီ ၉ ရက္ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ထားပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန သို႔ဆက္သြယ္ခဲ႔ရာ” ေမာင္ေတာမွာ ေစာင့္ၾကည့္တဲ႔လူနာတစ္ေယာက္႐ွိတယ္။ က်ေနာ္တို႔က နမူနာယူၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန (NHL) သို႔ ဒီေန႔ပို႔ထားတယ္။ လူနာအေျခအေနကေတာ့ ေကာင္းပါတယ္။” လို႔ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴ း ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က အဲ့ဒီအမ်ိဳးသားဟာ ဖ်ားနာ၊ ေခ်ာင္းဆိုးနဲ႔ လည္ေခ်ာင္းနာက်င္ စတဲ့ေရာဂါလကၡဏာေတြေၾကာင့္ ေမာင္ေတာၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ လာေရာက္ျပသစဥ္ ေစာင့္ၾကည့္လူနာအျဖစ္နဲ႔ ေမာင္ေတာျပည္သူ႔ေဆးရံု႐ွိ သီးသန္ခန္းမွာ သီးျခားထား႐ွိၿပီး ကုသမႈေတြျပဳလုပ္လ်က္႐ွိတယ္လို႔ သိရပါတယ္။

” အဲ့ဒီလူနာက ဖ်ားတယ္။ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာျပႆ နာ႐ွိတယ္။ တ႐ုတ္ျပည္ကျပန္လာတယ္။ အဲ့ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္ လိုက္တာ။” လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ျပည္နယ္လက္ေထာက္ၫႊန္ၾကားေရးမွဴ း ေဒါက္တာစိုးဝင္းပိုင္က (VOM) သို႔ေျပာပါတယ္။

မေန႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ပါ အဲ့ဒီေစာင့္ၾကည့္လူနာ အမ်ဳိးသားဟာ အသက္ (၂၁) ႏွစ္အရြယ္ျဖစ္ၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ က်န္ဖိန္ၿမိဳ႕မွာ ၄ ရက္ၾကာေနထိုင္ခဲ႔ၿပီး လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က ေမာင္ေတာျမိဳ ႔နယ္သို႔ျပန္လည္ေရာက္႐ွိကာ အထက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြေၾကာင့္ ေမာင္ေတာၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ လာေရာက္ျပသခဲ့ေၾကာင္း သိရပါတယ္။

အဲ့ဒီ လူနာဆီက ဓာတ္ခြဲနမူနာရယူၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႔အသိအမွတ္ျပဳတဲ႔ ဓာတ္ခဲြခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက တရားဝင္ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က မင္းျပားၿမိဳ႕နယ္က အမ်ိဳးသားတစ္ဦးမွာ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္သတ္မွတ္ၿပီး မင္းျပားၿမိဳ႕ေဆးရံုမွာ သီးသန္႔ခန္းတစ္ခန္း၌ လိုအပ္တဲ့ဆးဝါးကုသမႈေတြေပးၿပီး ေစာင့္ၾကပ္ၾကည့္ရႉေနလ်က္႐ွိတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ၿပီး ယင္းလူနာမွာ က်န္းမာေရးအေျခအေနေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

#voiceofmyanmar #VOM #ကိုရိုနာဗိုင္းရပ္စ္ #ရခိုင္ျပည္နယ္ #ေမာင္ေတာ

Related posts

Leave a Comment

VOM News

FREE
VIEW