ဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ

ဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ကိုးကွယ်တဲ့ဘာသာမတူတဲ့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးစုတွေ ခွဲခြားဆက်ဆံခံနေရတယ်လို့ ကမန်တိုင်းရင်းသူ ဒေါ်ဒါလီမြင့်က ပြောပါတယ်။

“အဓိကတော့ ကိုးကွယ်မှုဘာသာအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ရဲ့ စိတ်တွေက ဒီလိုဖြစ်သွားလားလို့ ကျွန်မစဉ်းစားမိပါတယ်။ အဓိကတော့ မျိုးနွယ်နဲ့ ဘာသာက ကွဲပြားနေရမှာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။

ဗမာလူမျိုးထဲမှာပင် ကိုးကွယ်မှုဘာသာမျိုးစုံရှိပြီး တိုင်းရင်းသားမျိုးနွယ်စုအသေးဖြစ်စေ၊ အကြီးဖြစ်စေ မျိုးနွယ်စုနဲ့ ဘာသာကိုးကွယ်မှု မသက်ဆိုင်ပါဘူးလို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။

“တချို့တွေရဲ့ အမြင်မှာ ဝေဝါးစေတာက အစ္စလာမ်ကိုးကွယ်တယ်ဆိုတာနဲ့တင် တချို့လုပ်ငန်းတွေမှာ ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ တချို့ဆိုရင် အလုပ်သွားလျှောက်ရင် အလုပ်မရတာတွေ ရှိနေတယ်၊ ရာထူးတိုးမယ့်အပိုင်းတွေမှာဆိုရင်လည်း အစ္စလာမ်ဘာသာဝင်တွေက ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ အဲဒါကြောင့်မို့ ကျွန်မကတော့ ဘာသာပေါ်မှာမူတည်တယ်လို့ ကောက်ချက်ချတာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။

ဒေါ်ဒါလီမြင့်ဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခုနစ်မျိုးထဲက ကမန်မျိုးနွယ်စုဝင်ဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်သူလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအပေါ် ကမန်လူငယ်တစ်ဦးရဲ့အမြင်နဲ့ နိုင်ငံရေးစာစု စာအုပ်ကို ရေးသားခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ စီးတီးစတားဟိုတယ်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

“ဒီကမန်လူငယ်တစ်ဦးရဲ့ စာအုပ်ဟာ အင်မတန်ကောင်းပါတယ်၊ သူ့ရဲ့ felling, သူရဲ့ခံစားမှု၊ သူရဲ့ Identify တွေကို သေသေချာချာ လေ့လာပြီး ရေးထားတဲ့ စာအုပ်တစ်အုပ်လို့ ကျွန်တော်မြင်ပါတယ်၊ ရေးလည်း ရေးသင့်ပါတယ်၊ ရှိလည်း ရှိသင့်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေးဒီမိုကရေစီကို တည်ဆောက်တဲ့အခါမှာ ပြီးခဲ့တဲ့ ပြဿနာတွေဟာ ကျွန်တော်တို့အတွက် သင်ခန်းစာယူဖို့ပဲ ဖြစ်ပါတယ်၊ နာကျည်းဖို့ မဟုတ်ပါဘူး”လို့ စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်အမှတ်တရ စကားပြောကြားပေးတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။

အဲဒီစာအုပ်ထဲမှာ ကမန်မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်မှုဘာသာနဲ့ ကမန်တို့ရဲ့ အသံတွေကို ဖော်ပြထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကမန် #စာအုပ်မိတ်ဆက်

zawgyi

ဘာသာေရးေၾကာင့္ ကမန္မ်ိဳးႏြယ္စုေတြ ခြဲျခားဆက္ဆံခံေနရ

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၁၁ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ကိုးကြယ္တဲ့ဘာသာမတူတဲ့အတြက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္ ကမန္လူမ်ိဳးစုေတြ ခြဲျခားဆက္ဆံခံေနရတယ္လို႔ ကမန္တိုင္းရင္းသူ ေဒၚဒါလီျမင့္က ေျပာပါတယ္။

“အဓိကေတာ့ ကိုးကြယ္မႈဘာသာအေပၚမွာ မူတည္ၿပီးေတာ့မွ သူတို႔ရဲ႕ စိတ္ေတြက ဒီလိုျဖစ္သြားလားလို႔ ကြၽန္မစဥ္းစားမိပါတယ္။ အဓိကေတာ့ မ်ိဳးႏြယ္နဲ႔ ဘာသာက ကြဲျပားေနရမွာပါ”လို႔ ေဒၚဒါလီျမင့္က ေျပာပါတယ္။

ဗမာလူမ်ိဳးထဲမွာပင္ ကိုးကြယ္မႈဘာသာမ်ိဳးစုံရွိၿပီး တိုင္းရင္းသားမ်ိဳးႏြယ္စုအေသးျဖစ္ေစ၊ အႀကီးျဖစ္ေစ မ်ိဳးႏြယ္စုနဲ႔ ဘာသာကိုးကြယ္မႈ မသက္ဆိုင္ပါဘူးလို႔ ေဒၚဒါလီျမင့္က ေျပာပါတယ္။

“တခ်ိဳ႕ေတြရဲ႕ အျမင္မွာ ေဝဝါးေစတာက အစၥလာမ္ကိုးကြယ္တယ္ဆိုတာနဲ႔တင္ တခ်ိဳ႕လုပ္ငန္းေတြမွာ ခြဲျခားဆက္ဆံခံေနရတာေတြ ရွိေနတယ္၊ တခ်ိဳ႕ဆိုရင္ အလုပ္သြားေလွ်ာက္ရင္ အလုပ္မရတာေတြ ရွိေနတယ္၊ ရာထူးတိုးမယ့္အပိုင္းေတြမွာဆိုရင္လည္း အစၥလာမ္ဘာသာဝင္ေတြက ခြဲျခားဆက္ဆံခံေနရတာေတြ ရွိေနတယ္၊ အဲဒါေၾကာင့္မို႔ ကြၽန္မကေတာ့ ဘာသာေပၚမွာမူတည္တယ္လို႔ ေကာက္ခ်က္ခ်တာပါ”လို႔ ေဒၚဒါလီျမင့္က ေျပာပါတယ္။

ေဒၚဒါလီျမင့္ဟာ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္ ခုနစ္မ်ိဳးထဲက ကမန္မ်ိဳးႏြယ္စုဝင္ျဖစ္ၿပီး အစၥလာမ္ဘာသာကိုးကြယ္သူလည္း ျဖစ္ပါတယ္။ ဖက္ဒရယ္ျပည္ေထာင္စုအေပၚ ကမန္လူငယ္တစ္ဦးရဲ႕အျမင္နဲ႔ ႏိုင္ငံေရးစာစု စာအုပ္ကို ေရးသားခဲ့ၿပီး စာအုပ္မိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕ရွိ စီးတီးစတားဟိုတယ္မွာ ဒီေန႔ျပဳလုပ္ခဲ့ပါတယ္။

“ဒီကမန္လူငယ္တစ္ဦးရဲ႕ စာအုပ္ဟာ အင္မတန္ေကာင္းပါတယ္၊ သူ႔ရဲ႕ felling, သူရဲ႕ခံစားမႈ၊ သူရဲ႕ Identify ေတြကို ေသေသခ်ာခ်ာ ေလ့လာၿပီး ေရးထားတဲ့ စာအုပ္တစ္အုပ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္၊ ေရးလည္း ေရးသင့္ပါတယ္၊ ရွိလည္း ရွိသင့္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးဒီမိုကေရစီကို တည္ေဆာက္တဲ့အခါမွာ ၿပီးခဲ့တဲ့ ျပႆနာေတြဟာ ကြၽန္ေတာ္တို႔အတြက္ သင္ခန္းစာယူဖို႔ပဲ ျဖစ္ပါတယ္၊ နာက်ည္းဖို႔ မဟုတ္ပါဘူး”လို႔ စာအုပ္မိတ္ဆက္ပြဲကို တက္ေရာက္အမွတ္တရ စကားေျပာၾကားေပးတဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဦးျမေအးက ေျပာပါတယ္။

အဲဒီစာအုပ္ထဲမွာ ကမန္မ်ိဳးႏြယ္စုေတြရဲ႕ ယဥ္ေက်းမႈ၊ ကိုးကြယ္မႈဘာသာနဲ႔ ကမန္တို႔ရဲ႕ အသံေတြကို ေဖာ္ျပထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကမန္ #စာအုပ္မိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW