ကျောက်တော်မှာ လက်နက်ကြီးကျလို့ ဒဏ်ရာပြင်းထန်တဲ့ကျောင်းသားတွေကို စစ်တွေဆေးရုံကိုပို့ဆောင်ရာမှာ စစ်ဆေးခံရပြီး ၅ နာရီကြာမြင့်ခဲ့ရ

ကျောက်တော်မှာ လက်နက်ကြီးကျလို့ ဒဏ်ရာပြင်းထန်တဲ့ကျောင်းသားတွေကို စစ်တွေဆေးရုံကိုပို့ဆောင်ရာမှာ စစ်ဆေးခံရပြီး ၅ နာရီကြာမြင့်ခဲ့ရ

စစ်တွေ၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှာ မနေ့ကညနေပိုင်းမှာ လက်နက်ကြီးကျလို့ ကျောင်းသားလေးဦးဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဒီကနေ့မနက်ပိုင်းမှာ စစ်တွေဆေးရုံကို လွှဲပြောင်းခဲ့ပါတယ်။

ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို အရေးပေါ်လူနာတင်ကားနဲ့သယ်ဆောင်လာခဲ့ချိန် လမ်းမှာရှိတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမှုတွေအချိန်အကြာကြီးပြုလုပ်နေတဲ့အတွက် ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး နောက်ကျပြီးမှ ဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။

“ကျွန်တော်တို့ ကျောက်တော်ကနေ ထွက်လာတာ မနက် ၅ နာရီခွဲလောက်မှာထွက်ခဲ့တာပါ။ ကန်ဇောက်ဂိတ်မှာ တစ်နာရီလောက်အကြာစစ်ဆေးတယ်။ ဂိတ်သုံးခုကနေ စစ်ဆေးပါတယ်။ စစ်တွေကို ၁၁ နာရီကျော်မှပဲရောက်ပါတယ်။ တော်တော်လေးနောက်ကျသွားတာပေါ့”လို့ လက်နက်ကြီးကျည်စထိပြီး ဝမ်းဗိုက်ပေါက်သွားတဲ့ ကိုဦးသန်းဇော်ရဲ့အဖေ ဦးမောင်လှမြင့်ကပြောပါတယ်။

ဒဏ်ရာရလူနာလေးဦးစလုံးမှာ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး မနေ့ကညနေပိုင်းမှာ ကျောင်းမသွားခင် မြစ်ထဲရေဆင်းချိုးပြီး ဘောလုံးကစားနေကြတဲ့အချိန်မှာ လက်နက်ကြီးကျည်က ကမ်းပါးမှာကျရောက်ပေါက်ကွဲကာ သူတို့လေးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တာလို့ဆိုပါတယ်။

ဒဏ်ရာရလူနာတွေထဲက ဆယ်တန်းကျောင်းသားနှစ်ဦးဖြစ်တဲ့ မောင်ကိုကိုဟိန်း ဘယ်ဘက်လက်ပြတ်ဒဏ်ရာနဲ မောင်ဦးသန်းဇော် ဝမ်းဗိုက်ပေါက်ပြီး တစ်ကိုယ်လုံး ဒဏ်ရာရရှိထားသူတွေဖြစ်ကြပါတယ်။

မနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့အတွက် လူငယ်လေးယောကိုညနေပိုင်း ၅ နာရီလောက်မှာ ကျောက်တော်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ရာမှာလည်း ကျောက်တော်အခြေစိုက်တပ်တွေက အရေးပေါ်ကားကို တားဆီးထားတဲ့အတွက် အချိန်နောက်ကျပြီးမှ ဆေးရုံကိုရောက်လာခဲ့တာကြောင့် သွေးထွက်လွန်ပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်သွားရတယ်လို့ မိသားစုတွေကပြောပါတယ်။

“မနေ့က ကျွန်မတို့ကလေးတွေကို ကျောက်တော်ဆေးရုံက ကားနှစ်စီးနဲ့လာသယ်တယ်။ အဲ့ဒီမှာ တပ်ကမသွားရဘူး။ ၃၇၆ ကလည်းတားတယ်။ တပ်မကလဲတားတယ်။ မသွားရတော့ သရက်တစ်ပင်ဆေးရုံကိုသွားတယ်။ အဲဒီကတစ်ခါပြန်လာတယ်။ မသွားရပြန်ဘူး။ ည ၁၀ နာရီလောက်မှ ဆေးရုံကိုရောက်တယ်။”လို့ မောင်ကိုကိုဟန်းရဲ့အဘွားဖြစ်သူ ဒေါ်သန္တာဖြူက ပြောပါတယ်။

မျောက်တောင်ကျေးရွာဟာ လက်နက်ကြီးပစ်ခတ်နေတဲ့ စကခ (၉) ကျောက်တော်တပ်မနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တင်းမကျေးရွာအကြား မြစ်ရဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိတာဖြစ်ပြီး တိုက်ပွဲနဲ့မသက်ဆိုင်ဘဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီကျေးရွာကိုကျော်ပြီး တပ်မနေမြထဲကနေ လက်နက်ကြီးကျည်တွေနေ့စဉ်လိုလိုပစ်ခတ်တာတွေရှိနေပြီး အခုရက်ပိုင်းအတွင်း အဲ့ဒီအနီးဝန်းကျင်ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်မှာလက်နက်ကြီးကျ #ဒဏ်ရာရကျောင်းသား

Zawgyi

ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်လို႔ ဒဏ္ရာျပင္းထန္တဲ့ေက်ာင္းသားေတြကို စစ္ေတြေဆးရံုကိုပို႔ေဆာင္ရာမွာ စစ္ေဆးခံရၿပီး ၅ နာရီၾကာျမင့္ခဲ့ရ

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၁၂-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေမ်ာက္ေတာင္ေက်းရြာမွာ မေန႔ကညေနပိုင္းမွာ လက္နက္ႀကီးက်လို႔ ေက်ာင္းသားေလးဦးဒဏ္ရာရရွိခဲ့ၿပီး အဲ့ဒီထဲက ဒဏ္ရာျပင္းထန္သူႏွစ္ဦးကို ဒီကေန႔မနက္ပိုင္းမွာ စစ္ေတြေဆးရံုကို လႊဲေျပာင္းခဲ့ပါတယ္။

ေက်ာက္ေတာ္ေဆးရံုကေန စစ္ေတြေဆးရံုကို အေရးေပၚလူနာတင္ကားနဲ႔သယ္ေဆာင္လာခဲ့ခ်ိန္ လမ္းမွာရွိတဲ့ တပ္မေတာ္စစ္ေဆးေရးဂိတ္ေတြက စစ္ေဆးမႈေတြအခ်ိန္အၾကာႀကီးျပဳလုပ္ေနတဲ့အတြက္ ၅ နာရီခန္႔ၾကာျမင့္ခဲ့ၿပီး ေနာက္က်ၿပီးမွ ေဆးရံုကိုေရာက္ရွိလာခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔ ေက်ာက္ေတာ္ကေန ထြက္လာတာ မနက္ ၅ နာရီခြဲေလာက္မွာထြက္ခဲ့တာပါ။ ကန္ေဇာက္ဂိတ္မွာ တစ္နာရီေလာက္အၾကာစစ္ေဆးတယ္။ ဂိတ္သံုးခုကေန စစ္ေဆးပါတယ္။ စစ္ေတြကို ၁၁ နာရီေက်ာ္မွပဲေရာက္ပါတယ္။ ေတာ္ေတာ္ေလးေနာက္က်သြားတာေပါ့”လို႔ လက္နက္ႀကီးက်ည္စထိၿပီး ဝမ္းဗိုက္ေပါက္သြားတဲ့ ကိုဦးသန္းေဇာ္ရဲ႕အေဖ ဦးေမာင္လွျမင့္ကေျပာပါတယ္။

ဒဏ္ရာရလူနာေလးဦးစလံုးမွာ ေက်ာင္းသားလူငယ္ေတြျဖစ္ၾကၿပီး မေန႔ကညေနပိုင္းမွာ ေက်ာင္းမသြားခင္ ျမစ္ထဲေရဆင္းခ်ိဳးၿပီး ေဘာလံုးကစားေနၾကတဲ့အခ်ိန္မွာ လက္နက္ႀကီးက်ည္က ကမ္းပါးမွာက်ေရာက္ေပါက္ကြဲကာ သူတုိ႔ေလးဦးထိခိုက္ဒဏ္ရာေတြရရွိခဲ့တာလုိ႔ဆိုပါတယ္။

ဒဏ္ရာရလူနာေတြထဲက ဆယ္တန္းေက်ာင္းသားႏွစ္ဦးျဖစ္တဲ့ ေမာင္ကိုကိုဟိန္း ဘယ္ဘက္လက္ျပတ္ဒဏ္ရာနဲ ေမာင္ဦးသန္းေဇာ္ ဝမ္းဗိုက္ေပါက္ၿပီး တစ္ကိုယ္လံုး ဒဏ္ရာရရွိထားသူေတြျဖစ္ၾကပါတယ္။

မေန႔က ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိခဲ့တဲ့အတြက္ လူငယ္ေလးေယာကိုညေနပိုင္း ၅ နာရီေလာက္မွာ ေက်ာက္ေတာ္ေဆးရံုကိုအေရးေပၚပို႔ေဆာင္ရာမွာလည္း ေက်ာက္ေတာ္အေျခစိုက္တပ္ေတြက အေရးေပၚကားကို တားဆီးထားတဲ့အတြက္ အခ်ိန္ေနာက္က်ၿပီးမွ ေဆးရံုကိုေရာက္လာခဲ့တာေၾကာင့္ ေသြးထြက္လြန္ၿပီး စိုးရိမ္ရတဲ့အေျခအေနျဖစ္သြားရတယ္လို႔ မိသားစုေတြကေျပာပါတယ္။

“မေန႔က ကၽြန္မတုိ႔ကေလးေတြကို ေက်ာက္ေတာ္ေဆးရံုက ကားႏွစ္စီးနဲ႔လာသယ္တယ္။ အဲ့ဒီမွာ တပ္ကမသြားရဘူး။ ၃၇၆ ကလည္းတားတယ္။ တပ္မကလဲတားတယ္။ မသြားရေတာ့ သရက္တစ္ပင္ေဆးရံုကိုသြားတယ္။ အဲဒီကတစ္ခါျပန္လာတယ္။ မသြားရျပန္ဘူး။ ည ၁၀ နာရီေလာက္မွ ေဆးရံုကိုေရာက္တယ္။”လို႔ ေမာင္ကိုကိုဟန္းရဲ႕အဘြားျဖစ္သူ ေဒၚသႏၱာျဖဴက ေျပာပါတယ္။

ေမ်ာက္ေတာင္ေက်းရြာဟာ လက္နက္ႀကီးပစ္ခတ္ေနတဲ့ စကခ (၉) ေက်ာက္ေတာ္တပ္မနဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ တင္းမေက်းရြာအၾကား ျမစ္ရဲ႕အေရွ႕ဘက္ျခမ္းမွာတည္ရွိတာျဖစ္ၿပီး တိုက္ပြဲနဲ႔မသက္ဆိုင္ဘဲ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

အဲ့ဒီေက်းရြာကိုေက်ာ္ၿပီး တပ္မေနျမထဲကေန လက္နက္ႀကီးက်ည္ေတြေန႔စဥ္လိုလိုပစ္ခတ္တာေတြရွိေနၿပီး အခုရက္ပိုင္းအတြင္း အဲ့ဒီအနီးဝန္းက်င္ေက်းရြာေတြမွာ လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲမႈေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္မွာလက္နက္ၾကီးက် #ဒဏ္ရာရေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW