စည်ပင်၀န်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

စည်ပင်၀န်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

မန္တလေး ၊ဖေဖော်ဝါရီ ၁၃-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ကမ်းနားလမ်းဒေါင့်ရှိ စည်ပင်သန့်ရှင်းရေး ယာယီ၀န်ထမ်းတွေနေတဲ့ တန်းလျားမှာ ဒီကနေ့မနက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

အဲ့ဒီတန်းလျားမှာ မိဘတွေမရှိချိန်အသက်(၉)နှစ်အရွယ် ယောင်္ကျားလေးနဲ့ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကျန်နေခဲ့ရာ အသက်(၉)အရွယ် ယောင်္ကျားလေးက ထင်းမီးနဲ့ ထမင်းအိုးတည်ရာကနေ အနီးရှိ ထရံကိုမီးစွဲကာ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနကနေ အတည်ပြုပြောပါတယ်။

မီးလောင်မှုကို Level_2အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် အစီး(၃၀)ဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် ၀န်ထမ်းတန်းလျား ၁၀ခန်းမီးလောင်ပျက်စီးကာ တန်ဖိုးငွေ(၃)သိန်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ကို မီးပေါ့ဆစွာသုံးစွဲမှုနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းက အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #စည်ပင်တန်လျားမီးလောင် #ကလေးတစ်ဦးသေဆုံး

Zawgyi

စည္ပင္၀န္ထမ္းတန္းလ်ား မီးေလာင္၊ အသက္(၅)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးေသဆုံး

မႏၲေလး ၊ေဖေဖာ္ဝါရီ ၁၃-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၅လမ္းနဲ႔ ကမ္းနားလမ္းေဒါင့္ရွိ စည္ပင္သန႔္ရွင္းေရး ယာယီ၀န္ထမ္းေတြေနတဲ့ တန္းလ်ားမွာ ဒီကေန႔မနက္ပိုင္း မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အသက္(၅)ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦး မီးေလာင္ေသဆုံးခဲ့ပါတယ္။

အဲ့ဒီတန္းလ်ားမွာ မိဘေတြမရွိခ်ိန္အသက္(၉)ႏွစ္အ႐ြယ္ ေယာက်ၤားေလးနဲ႔ အသက္(၅)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးက်န္ေနခဲ့ရာ အသက္(၉)အ႐ြယ္ ေယာက်ၤားေလးက ထင္းမီးနဲ႔ ထမင္းအိုးတည္ရာကေန အနီးရွိ ထရံကိုမီးစြဲကာ မီးစတင္ေလာင္ကြၽမ္းခဲ့တယ္လို႔ မဟာေအာင္ေျမၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနကေန အတည္ျပဳေျပာပါတယ္။

မီးေလာင္မႈကို Level_2အဆင့္သက္မွတ္ကာ မီးၿငိမ္းသတ္ယာဥ္နဲ႔ ေရသယ္ယာဥ္ အစီး(၃၀)ျဖင့္ မီးၿငိမ္းသတ္ခဲ့ၾကၿပီး မီးေလာင္မႈေၾကာင့္ ၀န္ထမ္းတန္းလ်ား ၁၀ခန္းမီးေလာင္ပ်က္စီးကာ တန္ဖိုးေငြ(၃)သိန္းဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္မႈစတင္ျဖစ္ပြားတဲ့ ေနအိမ္ကို မီးေပါ့ဆစြာသုံးစြဲမႈနဲ႔ သက္ဆိုင္ရာနယ္ေျမရဲစခန္းက အေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #စည္ပင္တန္လ်ားမီးေလာင္ #ကေလးတစ္ဦးေသဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW