မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး

မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး

မင်းပြား၊ ဖေဖော်ဝါရီ ၁၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့က လက်နက်ကြီးကျဉ်ကျရောက်ပေါက်ကွဲလို့ ထင်းခွေသွားတဲ့ ဖားပျော်ရွာက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အဲ့အသက် ၁၆ နှစ်အရွယ်ရှိ လက်နက်ကြီးကျဉ်ကျရောက်ပြီး သေဆုံးသွားသူဟာ အဘ ဦးမောင်စံဖြူ ၊ မိခင်ဒေါ်ညိုအေးယေ တို့ရဲ့သား မောင်င/လုံးချေ ဖြစ်ပြီး ဖြစ်စဉ်မှာ သူငယ်ချင်းနှစ်ယောက် တောထဲသို့ထင်းခွေသွားရာ ပြန်အလာမှာ လက်နက်ကြီးကျည်ကျပြီး မောင်ငလုံးချေမှာ အဲ့ဒီနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိထားပါတယ်။

” ထင်းသွားခွေတာ၊ အဲ့ဒါမှာ လက်နက်ကြီးက ဘယ်ကလာကျတာလဲမသိဘူး။ ထင်းသွားခွေတာ သူငယ်ချင်းနှစ်ယောက် သွားတာ။ အားလုံး ၁၆ နှစ်ကလေးတွေ ပါဘဲ။ သူတို့နှစ်ယောက်က အဲ့ဒီလက်နက်ကြီးကျချိန်မှာ နောက်က ကလေးဆီမှာကျတာ။ ရှေ့က ကလေးနဲ့ဝါး တစ်ပြန်လောက်ဝေးတော့ ရှေ့ဆုံးက ကလေးဘာမှမဖြစ်လိုက်ဘူး။ ” လို့ မင်းပြားမြို့နယ် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

သေဆုံးသွာတဲ့ ကလေးမှာ လက်နက်ကြီးကျည်ကြောင့် ဗိုက်ပွင့်ထားပြီး၊ ညာဘက်လက်မောင်းက ပြတ်ထွက်သွားပြီး လွှင့်စင်သွားတာလို့ သိရပါတယ်။

အဲ့ဒီသေဆုံးသွားတဲ့ လူငယ်ကို ကျေးရွာအနီးအနားမှာစခန်းချထားတဲ့ တပ်မတော်စစ်ကြောင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။

” ဒီအနီးအနားမှာ တပ်မတော်က တပ်စွဲထားတာရှိတယ်။ တပ်မတော်က လာကြည့်တာရှိတယ်။ သူတို့က မိုင်းထောင်တာ ထင်တယ်။ မိုင်းထောင်တဲ့အခါ ကိုယ့်မိုင်းကိုယ်ထိတာထင်တယ်လို့ တပ်မတော်စစ်ကြောင်းက သုံးသပ်ပါတယ်။ ရွားသားတွေကတော့ မဟုတ်ဘူး သူတို့ ထင်းသွားခွေတာ သူတို့ကရွာသားတွေ လို့ရှင်းပြကြတယ်။” လို့ ကိုအမ်းသားကြီးက VOM သို့ပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဖားပျော်ရွာမှာ ထင်းခွေသွားစဉ် လူငယ်တစ်ယောက်သေဆုံးသွာတာဟာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ၉ နာရီလောက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခမွီချောင်ကျေးရွာ မူလတန်းလွန်စာသင်ကျောင်းမှာ လက်နက်ကြီးကျဉ် ကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၂၁ ယောက်ဒဏ်ရာရတယ်ရှိသွားခဲ့ပါသေးတယ်။

#vom #voiceofmyanmar #မင်းပြား #လက်နက်ကြီးကျလို့လူငယ်တဦးသေ

zawgyi

မင္းျပားမွာ လက္နက္ႀကီးက်ည္က်လို႕ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္တစ္ဦးေသဆံုး

မင္းျပား၊ ေဖေဖာ္ဝါရီ ၁၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္မွာ မေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ ေန႔က လက္နက္ႀကီးက်ဥ္က်ေရာက္ေပါက္ကြဲလို႕ ထင္းေခြသြားတဲ႕ ဖားေပ်ာ္ရြာက အသက္ ၁၆ ႏွစ္အရြယ္ လူငယ္တစ္ဦး ေသဆံုးသြားတယ္လို႔ သတင္းရ႐ွိပါတယ္။

အဲ႔အသက္ ၁၆ ႏွစ္အရြယ္႐ွိ လက္နက္ႀကီးက်ဥ္က်ေရာက္ၿပီး ေသဆံုးသြားသူဟာ အဘ ဦးေမာင္စံျဖဴ ၊ မိခင္ေဒၚညိဳေအးေယ တို႔ရဲ႕သား ေမာင္င/လံုးေခ် ျဖစ္ၿပီး ျဖစ္စဥ္မွာ သူငယ္ခ်င္းႏွစ္ေယာက္ ေတာထဲသို႔ထင္းေခြသြားရာ ျပန္အလာမွာ လက္နက္ႀကီးက်ည္က်ျပီး ေမာင္ငလံုးေခ်မွာ အဲ႔ဒီေနရာမွာပင္ ပြဲခ်င္းၿပီးေသဆံုးသြားေၾကာင္း သတင္းရ႐ွိထားပါတယ္။

” ထင္းသြားေခြတာ၊ အဲ႔ဒါမွာ လက္နက္ႀကီးက ဘယ္ကလာက်တာလဲမသိဘူး။ ထင္းသြားေခြတာ သူငယ္ခ်င္းႏွစ္ေယာက္ သြားတာ။ အားလံုး ၁၆ ႏွစ္ကေလးေတြ ပါဘဲ။ သူတို႔ႏွစ္ေယာက္က အဲ႔ဒီလက္နက္ႀကီးက်ခ်ိန္မွာ ေနာက္က ကေလးဆီမွာက်တာ။ ေ႐ွ႕က ကေလးနဲ႔ဝါး တစ္ျပန္ေလာက္ေဝးေတာ့ ေရွ႕ဆံုးက ကေလးဘာမွမျဖစ္လိုက္ဘူး။ ” လို႔ မင္းျပားၿမိဳ႕နယ္ သဂၤဟကမ္းလက္ရကၡိတအဖြဲ႔က ကိုအမ္းသားႀကီးက ေျပာပါတယ္။

ေသဆံုးသြာတဲ႔ ကေလးမွာ လက္နက္ႀကီးက်ည္ေၾကာင့္ ဗိုက္ပြင့္ထားျပီး၊ ညာဘက္လက္ေမာင္းက ျပတ္ထြက္သြားျပီး လႊင့္စင္သြားတာလို႕ သိရပါတယ္။

အဲ႔ဒီေသဆံုးသြားတဲ႔ လူငယ္ကို ေကၽးရြာအနီးအနားမွာစခန္းခ်ထားတဲ႔ တပ္မေတာ္စစ္ေၾကာင္းက လာေရာက္ၾကည့္႐ႈခဲ႔ေၾကာင္း သတင္းရ႐ွိပါတယ္။

” ဒီအနီးအနားမွာ တပ္မေတာ္က တပ္စြဲထားတာ႐ွိတယ္။ တပ္မေတာ္က လာၾကည့္တာ႐ွိတယ္။ သူတို႔က မိုင္းေထာင္တာ ထင္တယ္။ မိုင္းေထာင္တဲ႔အခါ ကိုယ့္မိုင္းကိုယ္ထိတာထင္တယ္လို႔ တပ္မေတာ္စစ္ေၾကာင္းက သံုးသပ္ပါတယ္။ ရြားသားေတြကေတာ့ မဟုတ္ဘူး သူတို႔ ထင္းသြားေခြတာ သူတို႔ကရြာသားေတြ လို႔႐ွင္းျပၾကတယ္။” လို႔ ကိုအမ္းသားႀကီးက VOM သို႔ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ဖားေပ်ာ္ရြာမွာ ထင္းေခြသြားစဥ္ လူငယ္တစ္ေယာက္ေသဆံုးသြာတာဟာ ဟုတ္မွန္ေၾကာင္း အတည္ျပဳ ေျပာပါတယ္။

မေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ နံနက္ပိုင္း ၉ နာရီေလာက္ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ခမီြေခ်ာင္ေက်းရြာ မူလတန္းလြန္စာသင္ေက်ာင္းမွာ လက္နက္ႀကီးက်ဥ္ က်ေရာက္ေပါက္ကြဲၿပီး ေက်ာင္းသား ၂၁ ေယာက္ဒဏ္ရာရတယ္႐ွိသြားခဲ႕ပါေသးတယ္။

#vom #voiceofmyanmar #မင္းျပား #လက္နက္ၾကီးက်လို႕လူငယ္တဦးေသ

Related posts

Leave a Comment

VOM News

FREE
VIEW