ရွှေသောင်ယံကမ်းခြေမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ ပို့ဆောင်ပေးတဲ့(၅)ဦးကို ဖမ်းဆီးထား

ရွှေသောင်ယံကမ်းခြေမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ ပို့ဆောင်ပေးတဲ့(၅)ဦးကို ဖမ်းဆီးထား

ပုသိမ်၊ ဖေဖေါ်ဝါရီ ၁၄-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့၊ မကျည်းဇင်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ၊ ပေါက်လှချိုင်ကမ်းခြေမှာ နိင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ စက်လှေနဲ့ပို့ဆောင်ပေးသူ (၅) ဦးကို မနေ့ဖေဖော်ဝါရီ(၁၃)ရက်နေ့ညပိုင်းက ဖမ်းဆီးမိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ် ။

မြန်မာနိုင်ငံသားအထောက်အထားမဲ့ အမျိုးသား၊အမျိုးသမီး (၄၈)ဦးကို တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်(ရေ)စစ်ရေယာဉ်က လိုက်လံဖမ်းဆီးခဲ့ပြီး လိုက်ပါပို့ဆောင်တဲ့(၅)ဦးကိုတော့ သဘော့ကန်ကျေးရွာ၊ ပေါက်လှချိုင်ကမ်းခြေ ကျောက်ဆောင်တွေအတွင်းမှာ ခိုအောင်းနေချိန် ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” သူတို့ (၅)ဦးက ကမ်းဘက်ကို ရေပုံးတွေဖက်ပြီး ကူးဝင်လာတာပါ၊ ရခိုင်လူမျိုးတွေပါ၊ ရဲ နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရွာသူရွာသားတွေက ဝိုင်းဝန်းဖမ်းကြတာ၊ ရွှေသောင်ယံရဲစခန်းကို ခေါ် သွားပါတယ်”လို့ သဘော့ကန်ကျေးရွာအုပ်ချုပ်ရေးမူးဦးမြင့်သိန်းကပြောပါတယ်။

ပင်လယ်ပြင်စက်လှေအတွင်း ကျန်ရှိနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် အမှတ်၅၄၆နဲ့ ခေါ်သွားခဲ့ပြီး ကမ်းကိုကူးပြေးလာသူ ၅ ဦးကိုတော့ ရွှေသောင်ယံနယ်မြေ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားအထောက်အထားမဲ့သူတွေကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

ဧရာဝတီတိုင်း အနောက်ဘက်ကမ်းခြေဒေသများဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့အတွက် စက်လှေတွေနဲ့ရောက်ရှိလာတဲ့ အထောက်အထားမဲ့သူတွေကို မကြာခဏ ဖမ်းဆီးရမိနေတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #နိုင်ငံသားအထောက်အထားမဲ့(၄၈)ဦး #ဖမ်းဆီးထား

Zawgyi

ေ႐ႊေသာင္ယံကမ္းေျခၿမိဳ႕မွာ ႏိုင္ငံသားအေထာက္အထားမဲ့(၄၈)ဦးနဲ႔ ပို႔ေဆာင္ေပးတဲ့(၅)ဦးကို ဖမ္းဆီးထား

ပုသိမ္၊ ေဖေဖၚဝါရီ ၁၄-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေ႐ႊေသာင္ယံကမ္းေျခၿမိဳ႕၊ မက်ည္းဇင္ေက်း႐ြာအုပ္စု၊ သေဘာ့ကန္ေက်း႐ြာ၊ ေပါက္လွခ်ိဳင္ကမ္းေျခမွာ နိင္ငံသားအေထာက္အထားမဲ့(၄၈)ဦးနဲ႔ စက္ေလွနဲ႔ပို႔ေဆာင္ေပးသူ (၅) ဦးကို မေန႔ေဖေဖာ္ဝါရီ(၁၃)ရက္ေန႔ညပိုင္းက ဖမ္းဆီးမိတယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕ကေနသိရပါတယ္ ။

ျမန္မာႏိုင္ငံသားအေထာက္အထားမဲ့ အမ်ိဳးသား၊အမ်ိဳးသမီး (၄၈)ဦးကို တင္ေဆာင္လာတဲ့ စက္ေလွတစ္စီးကို တပ္မေတာ္(ေရ)စစ္ေရယာဥ္က လိုက္လံဖမ္းဆီးခဲ့ၿပီး လိုက္ပါပို႔ေဆာင္တဲ့(၅)ဦးကိုေတာ့ သေဘာ့ကန္ေက်း႐ြာ၊ ေပါက္လွခ်ိဳင္ကမ္းေျခ ေက်ာက္ေဆာင္ေတြအတြင္းမွာ ခိုေအာင္းေနခ်ိန္ ဖမ္းဆီးမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” သူတို႔ (၅)ဦးက ကမ္းဘက္ကို ေရပုံးေတြဖက္ၿပီး ကူးဝင္လာတာပါ၊ ရခိုင္လူမ်ိဳးေတြပါ၊ ရဲ နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ႐ြာသူ႐ြာသားေတြက ဝိုင္းဝန္းဖမ္းၾကတာ၊ ေ႐ႊေသာင္ယံရဲစခန္းကို ေခၚ သြားပါတယ္”လို႔ သေဘာ့ကန္ေက်း႐ြာအုပ္ခ်ဳပ္ေရးမူးဦးျမင့္သိန္းကေျပာပါတယ္။

ပင္လယ္ျပင္စက္ေလွအတြင္း က်န္ရွိေနတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြကို ျမန္မာ့တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ အမွတ္၅၄၆နဲ႔ ေခၚသြားခဲ့ၿပီး ကမ္းကိုကူးေျပးလာသူ ၅ ဦးကိုေတာ့ ေ႐ႊေသာင္ယံနယ္ေျမ ရဲစခန္းမွာ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံသားအေထာက္အထားမဲ့သူေတြကို ဧရာဝတီတိုင္းရဲတပ္ဖြဲ႕က စစ္ေဆးေနဆဲျဖစ္တယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီးထြန္းေ႐ႊကေျပာပါတယ္။

ဧရာဝတီတိုင္း အေနာက္ဘက္ကမ္းေျခေဒသမ်ားဟာ ရခိုင္ျပည္နယ္နဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့အတြက္ စက္ေလွေတြနဲ႔ေရာက္ရွိလာတဲ့ အေထာက္အထားမဲ့သူေတြကို မၾကာခဏ ဖမ္းဆီးရမိေနတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ႏိုင္ငံသားအေထာက္အထားမဲ့(၄၈)ဦး #ဖမ္းဆီးထား

Related posts

Leave a Comment

VOM News

FREE
VIEW