ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၆ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့(ဒီနေ့) နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။

“ဒီနေ့ ဆွေးနွေးပွဲမှာ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် (၁) ပါ အကြောင်းအရာတွေထဲက မိမိတို့အား PPST မှ တာဝန်ပေးအပ်ထားတဲ့ အကြောင်းအရာနဲ့ပတ်သက်တာကိုသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NCA-S EAO)ရဲ့ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုစောဆဲဂေက ပြောပါတယ်။

NCA ပါ ခေါင်းဆောင်အသီးသီးတို့ရဲ့ သဘောတူညီချက်တွေမှ အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်‌တွေနဲ့၊ အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာအောင် လုပ်ဆောင်ခြင်း ကိစ္စရပ်တွေအပေါ် အခြေခံပြီး အခန်း (၃) ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေ အကောင်အထည်ဖော်ရာမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ခိုင်မာတဲ့ ယန္တရားတည်ဆောက်ပြီး ထွက်ရှိလာတဲ့ သဘောတူညီချက်တွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပဒိုစောဆဲဂေက ပြောပါတယ်။

“သဘောတူညီချက်‌တွေကို
အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အခန်း (၄) ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေခြင်းမှ ထိရောက်မှုရှိအောင်
ဆောင်ရွက်ပေးရမှာဖြစ်တယ်”လို့ ပဒိုစောဆဲဂေက ပြောပါတယ်။

ဒီနေ့အစည်းအဝေးကနေ ရရှိလာမယ့် သဘောတူညီချက်တွေဟာ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုအပြင် အနာဂတ်လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ကိုလည်း များစွာ အထောက်အကူပြုမယ်ဆိုတာ ယုံကြည်ပါတယ်လို့
အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

“JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အတိုင်း ညီလာခံကို ၂၀၂၀ အစောပိုင်း လေးလတာကာလအတွင်းမှာ ကျင်းပနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ညီလာခံလုပ်ငန်းစဉ်တွေကို အမြန်ဆုံးစတင်ဖို့ လိုအပ်တယ်။ အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေးအတွက် ဘယ်လိုအဆင့်လိုက် စဉ်းစားဆောင်ရွက်ကြမလဲဆိုတာကိုလည်း ဒီနေ့ အစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြဖို့ ဖြစ်ပါတယ်”လို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ အခန်း (၃) နှင့် အခန်း (၄) ပါ အကြောင်းအရာတွေကိုသာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန #NRPC

 

ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ခိုင္မာဖို႔အတြက္ အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြး

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၁၆ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ခိုင္မာေစဖို႔အတြက္ အစိုးရရဲ႕ ကိုယ္စားလွယ္အဖြဲ႕နဲ႔ အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ကိုယ္စားလွယ္အဖြဲ႕တို႔ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔(ဒီေန႔) နံနက္ ၁၀ နာရီက ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) မွာ ေတြ႕ဆုံေဆြးေႏြးလ်က္ ရွိပါတယ္။

“ဒီေန႔ ေဆြးေႏြးပြဲမွာ (၈) ႀကိမ္ေျမာက္ JICM အစည္းအေဝး ဆုံးျဖတ္ခ်က္ (၁) ပါ အေၾကာင္းအရာေတြထဲက မိမိတို႔အား PPST မွ တာဝန္ေပးအပ္ထားတဲ့ အေၾကာင္းအရာနဲ႔ပတ္သက္တာကိုသာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္”လို႔ အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(NCA-S EAO)ရဲ႕ အပစ္အခတ္ရပ္စဲမႈခိုင္မာေရးဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕ ေခါင္းေဆာင္ ပဒိုေစာဆဲေဂက ေျပာပါတယ္။

NCA ပါ ေခါင္းေဆာင္အသီးသီးတို႔ရဲ႕ သေဘာတူညီခ်က္ေတြမွ အခန္း (၃) ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ကိစၥရပ္‌ေတြနဲ႔၊ အခန္း (၄) ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးခိုင္မာေအာင္ လုပ္ေဆာင္ျခင္း ကိစၥရပ္ေတြအေပၚ အေျခခံၿပီး အခန္း (၃) ပါ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ကိစၥရပ္ေတြ အေကာင္အထည္ေဖာ္ရာမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအၾကား ခိုင္မာတဲ့ ယႏၲရားတည္ေဆာက္ၿပီး ထြက္ရွိလာတဲ့ သေဘာတူညီခ်က္ေတြကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ ပဒိုေစာဆဲေဂက ေျပာပါတယ္။

“သေဘာတူညီခ်က္‌ေတြကို
အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာမွာ အခန္း (၄) ပါ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးခိုင္မာေစျခင္းမွ ထိေရာက္မႈရွိေအာင္
ေဆာင္႐ြက္ေပးရမွာျဖစ္တယ္”လို႔ ပဒိုေစာဆဲေဂက ေျပာပါတယ္။

ဒီေန႔အစည္းအေဝးကေန ရရွိလာမယ့္ သေဘာတူညီခ်က္ေတြဟာ အပစ္အခတ္ရပ္စဲေရး ခိုင္မာမႈအျပင္ အနာဂတ္လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ကိုလည္း မ်ားစြာ အေထာက္အကူျပဳမယ္ဆိုတာ ယုံၾကည္ပါတယ္လို႔
အစိုးရကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ေျပာပါတယ္။

“JICM အစည္းအေဝးမွာ ဆုံးျဖတ္ထားတဲ့အတိုင္း ညီလာခံကို ၂၀၂၀ အေစာပိုင္း ေလးလတာကာလအတြင္းမွာ က်င္းပႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ ညီလာခံလုပ္ငန္းစဥ္ေတြကို အျမန္ဆုံးစတင္ဖို႔ လိုအပ္တယ္။ အပစ္ရပ္လုပ္ငန္းစဥ္ ခိုင္မာေရးအတြက္ ဘယ္လိုအဆင့္လိုက္ စဥ္းစားေဆာင္႐ြက္ၾကမလဲဆိုတာကိုလည္း ဒီေန႔ အစည္းအေဝးမွာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေပးၾကဖို႔ ျဖစ္ပါတယ္”လို႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ေျပာပါတယ္။

ဒီေတြ႕ဆုံေဆြးေႏြးပြဲမွာ (၈) ႀကိမ္ေျမာက္ JICM ဆုံးျဖတ္ခ်က္ပါ အခန္း (၃) ႏွင့္ အခန္း (၄) ပါ အေၾကာင္းအရာေတြကိုသာ ညႇိႏႈိင္းေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန #NRPC

Related posts

Leave a Comment

VOM News

FREE
VIEW