ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန်

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန်

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀
မျိုးဆက် (VOM)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီးမှာ ဒုံးပျံတွေကျရောက်ပေါက်ကွဲခဲ့ကြောင်း အမေရိကန်စစ်ဘက်သတင်းရင်းမြစ်တစ်ဦးကအတည်ပြုပြောဆိုလိုက်ပြီး အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်နဲ့ဆက်နွယ်နေတာတွေကို တိုက်ခိုက်မှုပြုတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့်သံတမန်အဆောက်အဦတစ်လျှောက်မှာ သတိပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ဘယ်နေရာတွေကိုထိမှန်ခဲ့ပြီး ဒုံးကျည်ဘယ်နှစ်စင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမေရိကန်နဲ့ အနောက်နိုင်ငံသံတမန်ရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမယ့် ဒီလိုတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ အသေးစားပျက်စီးမှုတွေသာဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကအတည်ပြုပြောဆိုပါတယ်။

ပေါက်ကွဲသံအများအပြားထွက်ပေါ်လာပြီးနောက် အမေရိကန်သံရုံးရှိရာ လုံခြုံရေးထူထပ်စွာချထားတဲ့ ဂရင်းဇုန်အနီး လေယာဉ်တွေကင်းလှည့်နေကြတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ အမေရိကန်သံရုံး သို့မဟုတ် အီရတ်နိုင်ငံတစ်ဝန်းရှိ ဒေသခံတပ်ဖွဲ့ဝင်တွေနဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ဝန်းကျင် တပ်စွဲထားတဲ့ အခြေစိုက်စခန်းတွေကို အောက်တိုဘာလနောက်ပိုင်း ၁၉ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

Ref : Guardian
Photo:AFP
#voiceofmyanmar #VOM #အမေရိကန်သံရုံး #ဘဂ္ဂဒက်

Zawgyi

ဘဂၢဒက္ရိွ အေမရိကန္သံရံုး ဒံုးပ်ံေတြနဲ႔ တိုက္ခိုက္ခံရျပန္

ဘဂၢဒက္၊ ေဖေဖာ္၀ါရီ-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရတ္နို္င္ငံ ျမိဳ႔ေတာ္ ဘဂၢဒက္ရွိ အေမရိကန္သံရံုးအနီးမွာ ဒံုးပ်ံေတြက်ေရာက္ေပါက္ကြဲခဲ႔ေၾကာင္း အေမရိကန္စစ္ဘက္သတင္းရင္းျမစ္တစ္ဦးကအတည္ျပဳေျပာဆိုလိုက္ျပီး အိီရတ္နိုင္ငံအတြင္းရိွ အေမရိကန္နဲ႔ဆက္ႏြယ္ေနတာေတြကို တိုက္ခို္က္မႈျပဳတဲ႔ ေနာက္ဆံုးျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။

တိုက္ခိုက္မႈေၾကာင္႔သံတမန္အေဆာက္အဦတစ္ေလွ်ာက္မွာ သတိေပးဥၾသသံေတြထြက္ေပၚခဲ႔ေပမယ္႔ ဘယ္ေနရာေတြကိုထိမွန္ခဲ႔ျပီး ဒံုးက်ည္ဘယ္နွစ္စင္းနဲ႔တိုက္ခိုက္ခံခဲ႔ရတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ အေမရိကန္နဲ႔ အေနာက္နုိင္ငံသံတမန္ရင္းျမစ္ေတြက ေျပာပါတယ္။

ဒါေပမယ္႔ ဒီလိုတိုက္ခိုက္ခံရမႈမွာ ထိခိုက္ေသဆံုးမႈမရိွေၾကာင္းနဲ႔ အေသးစားပ်က္စီးမႈေတြသာျဖစ္ေပၚခဲ႔တယ္လို႔ အေမရိကန္စစ္ဘက္ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးကအတည္ျပဳေျပာဆိုပါတယ္။

ေပါက္ကြဲသံအမ်ားအျပားထြက္ေပၚလာျပီးေနာက္ အေမရိကန္သံရံုးရိွရာ လံုျခံုေရးထူထပ္စြာခ်ထားတဲ႔ ဂရင္းဇုန္အနီး ေလယာဥ္ေတြကင္းလွည္႔ေနၾကတယ္လို႔ ေအအက္ဖ္ပီသတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒီတိုက္ခိုက္မႈမွာ အေမရိကန္သံရံုး သို႔မဟုတ္ အိီရတ္နိုင္ငံတစ္၀န္းရိွ ေဒသခံတပ္ဖြဲ႔၀င္ေတြနဲ႔အတူ အေမရိကန္တပ္ဖြဲ႔၀င္ ၅၂၀၀ ၀န္းက်င္ တပ္စြဲထားတဲ႔ အေျခစိုက္စခန္းေတြကို ေအာက္တိုဘာလေနာက္ပိုင္း ၁၉ ၾကိမ္ေျမာက္ တိုက္ခိုက္မႈလည္းျဖစ္ပါတယ္။

Ref : Guardian
Photo:AFP
#voiceofmyanmar #VOM #အေမရိကန္သံရံုး #ဘဂၢဒက္

Related posts

Leave a Comment

VOM News

FREE
VIEW