ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ်

ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ -၂၀၂၀
စွဲ့ဝတီ (VOM)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသားကျောင်းသူ ၂၁ဦးကို ဘယ်နေရာပဲ ရောက်ရောက် အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကို ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာ စာမေးပွဲဖြေနိုင်ဖို့ကို မြို့နယ်မှူးတွေကို ညွှန်ကြားပြီးဖြစ်ပါတယ်။ အခက်အခဲမရှိဖြေနိုင်အောင် မြို့နယ်ပညာရေးမှူးတွေကို ပြောထားပြီးပါပြီ”လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီးဆေးရုံတင်ထားရတဲ့ကလေး ၂၁ယောက် အတွက် ထောက်ပံ့ငွေကိုလည်း တစ်ယောက်ကို ငါးသောင်းစီနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေ အခက်အခဲနဲ့ မေးခွန်းထားမယ့်နေရာကို မလုံခြုံတဲ့အတွက် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏာန်းကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊မြေပုံ၊ အမ်း၊ကျောက်ဖြူ မြို့နယ် စသည့်၉မြို့နယ်က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာစစ်ဌာန ၂၀ခုကို လုံခြုံရေး အခြေအနေကောင်းတဲ့ နေရာကို ယာယီရွေ့ပြောင်းဖို့အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို တင်ပြထားတယ်လို့ လည်း သိရပါတယ်။

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ရက် နံနက် ၁၀ခွဲနာရီခန့်အချိန်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေကျေးရွာအုပ်စု၊ ခမွေချောင်း(ခမီး)ကျေးရွာ အခြေခံပညာ မူလတန်း(လွန်) ကျောင်းဝင်းအတွင်းကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် စာသင်ကျောင်းရှေ့ ဆော့ကစားနေတဲ့ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတော့ သူတို့အနက် ၃ဦးက အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီးတော့ စာသင်ကျောင်း အဆောက်အဦးမှာ လည်း သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက် မရနိုင်လောက်အောင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင် #လက်နက်ကြီးကျ

Zawgyi

ဘူးသီးေတာင္မွာ ထိခိုက္ဒဏ္ရာ ရခဲ့တဲ့ ေက်ာင္းသား ၂၁ဦး အခက္အခဲ မရွိဘဲ စာေမးပြဲ ေျဖဆိုႏိုင္ဖို႔စီစဥ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆ -၂၀၂၀
စြဲ႕၀တီ (VOM)

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲတာေၾကာင့္ ထိခိုက္ဒဏ္ရာ ရခဲ့တဲ့ ေက်ာင္းသားေက်ာင္းသူ ၂၁ဦးကို ဘယ္ေနရာပဲ ေရာက္ေရာက္ အခက္အခဲ မရွိဘဲ စာေမးပြဲ ေျဖဆိုႏိုင္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး႐ုံးက သိရပါတယ္။

“ထိခိုက္ဒဏ္ရာရတဲ့ ကေလးေတြကို ဘယ္ေနရာေရာက္ေရာက္ ေရာက္တဲ့ေနရာမွာ စာေမးပြဲေျဖႏိုင္ဖို႔ကို ၿမိဳ႕နယ္မႉးေတြကို ၫႊန္ၾကားၿပီးျဖစ္ပါတယ္။ အခက္အခဲမရွိေျဖႏိုင္ေအာင္ ၿမိဳ႕နယ္ပညာေရးမႉးေတြကို ေျပာထားၿပီးပါၿပီ”လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းက ေျပာပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရၿပီးေဆး႐ုံတင္ထားရတဲ့ကေလး ၂၁ေယာက္ အတြက္ ေထာက္ပံ့ေငြကိုလည္း တစ္ေယာက္ကို ငါးေသာင္းစီနဲ႔ ပညာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔ ေပးအပ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ လုံၿခဳံေရး အေျခအေန အခက္အခဲနဲ႔ ေမးခြန္းထားမယ့္ေနရာကို မလုံၿခံဳတဲ့အတြက္ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰာန္းကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ေျမပုံ၊ အမ္း၊ေက်ာက္ျဖဴ ၿမိဳ႕နယ္ စသည့္၉ၿမိဳ႕နယ္က တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုရန္ စာစစ္ဌာန ၂၀ခုကို လုံၿခဳံေရး အေျခအေနေကာင္းတဲ့ ေနရာကို ယာယီေ႐ြ႕ေျပာင္းဖို႔အတြက္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကို တင္ျပထားတယ္လို႔ လည္း သိရပါတယ္။

၂၀၂၀ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ ၁၃ရက္ နံနက္ ၁၀ခြဲနာရီခန႔္အခ်ိန္မွာ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စံညႇင္းေဝေက်း႐ြာအုပ္စု၊ ခေမြေခ်ာင္း(ခမီး)ေက်း႐ြာ အေျခခံပညာ မူလတန္း(လြန္) ေက်ာင္းဝင္းအတြင္းကို လက္နက္ႀကီး က်ည္တစ္လုံး က်ေရာက္ ေပါက္ကြဲခဲ့ပါတယ္။

အဲဒီေပါက္ကြဲမွုေၾကာင့္ စာသင္ေက်ာင္းေရွ႕ ေဆာ့ကစားေနတဲ့ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း ၂၁ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီးေတာ့ သူတို႔အနက္ ၃ဦးက အျပင္းအထန္ ဒဏ္ရာ ရရွိခဲ့ၿပီးေတာ့ စာသင္ေက်ာင္း အေဆာက္အဦးမွာ လည္း သင္ၾကား၊ သင္ယူမႈ လုပ္ငန္းစဥ္မ်ား ဆက္လက္ ေဆာင္႐ြက္ မရႏိုင္ေလာက္ေအာင္ ပ်က္စီးသြားခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဘူးသီးေတာင္ #လက္နက္ၾကီးက်

Related posts

Leave a Comment

VOM News

FREE
VIEW