Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ်

Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ်

ဒီကနေ့ကြည့်ရှုနားဆင်ရမယ့် သတင်းတွေထဲမှာ

ဖေဖေါ်ဝါရီ ၂ရက်နေ့က တရုတ်နိုင်ငံဝူဟန်မြို့ကနေပြန်ခေါ်လာတဲ့ မြန်မာကျောင်းသား ၅၉ ယောက်ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့တာဟာ ဒီကနေ့ ပြည့်ပြီမို့ သူတို့သွားလိုတဲ့ နေရပ်ရင်းတွေကို ပြန်ခွင့်ပြုလိုက်သလို တရုတ်ပြည်ထိသွားခေါ်ပြီးစောင့်ရှောက်ပေးတဲ့ ကျမ္မာရေးဝန်ထမ်း ၃ ယောက်ကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း။

၂၀၁၆ ခုနှစ် မတ်လ၂၆ ရက်က မီးလောင်သွားတဲ့ မန္တလေးက မင်္ဂလာဈေးကြီးမှာ ဈေးရောင်းကြတဲ့ ဆိုင်ခန်းရှင်တွေဟာ သူတို့ ယာယီဈေးမှာနေရတာကြာတဲ့ကိစ္စနဲ့ ဈေးပြန်ဆောက်ရင် မြေညီထပ်နဲ့ မိမိတို့ မူလနေရာတွေမှာဘဲပြန်လိုချင်ကြောင်း ၊ မန္တလေးတိုင်းအစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်းအမြန်ဆောင်ရွက်ပေးဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းနေရာထိ ဆန္ဒပြတဲ့ သတင်း။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၁၆ ရက်နေ့(ဒီနေ့) မနက် ၁၀ နာရီက ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံဆွေးနွေးတဲ့သတင်း ။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာအနီးမှာ ည ၃ နာရီအချိန်လောက်က တပ်မတော်နဲ့အေအေတို့ မိနစ်ပိုင်းကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ ကျေးရွာရှိ ကျွဲတစ်ကောင်နဲ့ နွားတစ်ကောင်ဒဏ်ရာရရှိသွားတဲ့ သတင်း။

စစ်ပွဲတွေကြောင့် အသွားအလာရော အင်တာနက်လိုင်းတွေဖြတ်ခံထားရတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ်က ပလက်ဝမြို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေရှိလာနေတဲ့ သတင်းတွေနဲ့ တင်ဆက်ထားပါတယ်။

#voiceofmyanmar #VOM #ညနေခင်းသတင်း

Zawgyi









Related posts

Leave a Comment

VOM News

FREE
VIEW