ကျောက်တော်မှာရောက်နေတဲ့ ပလက်ဝဒေသခံတွေ တိုက်ပွဲကြောင့်ပိတ်မိနေ

ကျောက်တော်မှာရောက်နေတဲ့ ပလက်ဝဒေသခံတွေ တိုက်ပွဲကြောင့်ပိတ်မိနေ

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ အခြားမြို့နယ်တွေကနေလာတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ရက်ပေါင်း ၁၀ရက်ကျော်ကြာ ပိတ်မိနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး ပလက်ဝက ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ပိတ်မိနေတာဟာ ရေကြောင်းခရီးသွားလာခွင့်တွေကို ပိတ်ပင်ထားပြီး ကုန်းလမ်းကလည်း ကားတွေသွားလာဖို့ အခက်အခဲရှိနေတယ်လု့ိ သိရပါတယ်။

” ပိတ်မိနေတာကတော့ မှန်တယ်။ စက်လှေတွေကိုလည်း သွားခွင့်မပေးဘူး။ ကုန်းလမ်းကလည်း ကားတွေနဲ့သွားခွင့်မရ ဖြစ်နေတာကြောင့် ပလက်ဝက လူတွေအခက်အခဲကြုံနေကြတယ်။ ၁၀၀ ကျော်လောက်တောင်ရှိတယ်လို့ မနေ့က ကျောက်တော်ကိုသွာတော့ ကြားခဲ့ရတာ။” လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

ပလက်ဝက လူပေါင်း ၁၀၀ ကျော်ထဲက တချို့လူတွေဟာ ကျောက်တော်မြို့ပေါ်က တည်းခိုခန်းတွေမှာ တည်းခိုနေထိုင်နေရပြီး ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

” လမ်းကြောင်းသွားဖို့ အဆင်မပြေလို့ ဒီကျောက်တော်မှာနေရတာ အတော်ကြာနေပြီ။ ၁၀ ရက်လောက်တောင်ရှိနေပြီ။ အစကတော့ ကျွန်တော်တည်းခိုခန်းမှာနေတာ။ အခု ထမင်းစားဖို့လည်း ပိုက်ဆံမရှိတော့ဘူး။ လမ်းကြောင်း အခြေအနေတွေကလည်း အဲ့ဒီဖက်မှာ တိုက်ပွဲတွေရှိနေတော့ မသွားဖြစ်ဘူး။ အိမ်မှာလည်း မိသားစုတွေကျန်ခဲ့တယ်။ သူတို့အတွက်လည်း စိုးရိမ်တယ်။” လို့ ပလက်ဝက အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောက်တော်မှာရောက်ရှိနေတဲ့ ပလက်ဝက ဒေသခံအချို့ဟာ ဆွေမျိုးတွေမရှိတဲ့အတွက် စက်လှေတွေပေါ်မှာ နေထိုင်နေကြရတယ်လို့ ပလက်ဝဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #တိုက်ပွဲ #ပလက်ဝဒေသခံပိတ်မိ

Zawgyi

ေက်ာက္ေတာ္မွာေရာက္ေနတဲ့ ပလက္ဝေဒသခံေတြ တုိက္ပြဲေၾကာင့္ပိတ္မိေန

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၇- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နဲ႔ အျခားၿမိဳ႕နယ္ေတြကေနလာတဲ့ ေဒသခံျပည္သူ ၁၀၀ ေက်ာ္ေလာက္ဟာ ေဒသတြင္းတိုက္ပြဲေတြေၾကာင္႔ ရက္ေပါင္း ၁၀ရက္ေက်ာ္ၾကာ ပိတ္မိေနတယ္လုိ႔ သိရပါတယ္။

အခုလိုမ်ိဳး ပလက္ဝက ေဒသခံျပည္သူ ၁၀၀ ေက်ာ္ေလာက္ပိတ္မိေနတာဟာ ေရေၾကာင္းခရီးသြားလာခြင့္ေတြကို ပိတ္ပင္ထားၿပီး ကုန္းလမ္းကလည္း ကားေတြသြားလာဖို႔ အခက္အခဲ႐ွိေနတယ္လု႔ိ သိရပါတယ္။

” ပိတ္မိေနတာကေတာ့ မွန္တယ္။ စက္ေလွေတြကိုလည္း သြားခြင့္မေပးဘူး။ ကုန္းလမ္းကလည္း ကားေတြနဲ႔သြားခြင့္မရ ျဖစ္ေနတာေၾကာင့္ ပလက္ဝက လူေတြအခက္အခဲၾကံဳေနၾကတယ္။ ၁၀၀ ေက်ာ္ေလာက္ေတာင္႐ွိတယ္လို႔ မေန႔က ေက်ာက္ေတာ္ကိုသြာေတာ့ ၾကားခဲ႔ရတာ။” လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္လွေက်ာ္က ေျပာပါတယ္။

ပလက္ဝက လူေပါင္း ၁၀၀ ေက်ာ္ထဲက တခ်ိဳ႕လူေတြဟာ ေက်ာက္ေတာ္ၿမိဳ႕ေပၚက တည္းခိုခန္းေတြမွာ တည္းခိုေနထိုင္ေနရၿပီး ေငြေၾကးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

” လမ္းေၾကာင္းသြားဖို႔ အဆင္မေျပလို႔ ဒီေက်ာက္ေတာ္မွာေနရတာ အေတာ္ၾကာေနၿပီ။ ၁၀ ရက္ေလာက္ေတာင္႐ွိေနၿပီ။ အစကေတာ့ ကၽြန္ေတာ္တည္းခိုခန္းမွာေနတာ။ အခု ထမင္းစားဖို႔လည္း ပိုက္ဆံမ႐ွိေတာ့ဘူး။ လမ္းေၾကာင္း အေျခအေနေတြကလည္း အဲ႔ဒီဖက္မွာ တိုက္ပြဲေတြ႐ွိေနေတာ့ မသြားျဖစ္ဘူး။ အိမ္မွာလည္း မိသားစုေတြက်န္ခဲ႔တယ္။ သူတို႔အတြက္လည္း စိုးရိမ္တယ္။” လို႔ ပလက္ဝက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးကေျပာပါတယ္။

ေက်ာက္ေတာ္မွာေရာက္႐ွိေနတဲ႔ ပလက္ဝက ေဒသခံအခ်ိဳ႕ဟာ ေဆြမ်ိဳးေတြမ႐ွိတဲ့အတြက္ စက္ေလွေတြေပၚမွာ ေနထိုင္ေနၾကရတယ္လို႔ ပလက္ဝေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #တိုက္ပြဲ #ပလက္ဝေဒသခံပိတ္မိ

Related posts

Leave a Comment

VOM News

FREE
VIEW